ပင်လယ်ကမ်းစပ်၌ လူ ၁၀၄ ဦးနှင့် စက်လှေတစ်စီးအား တွေ့ရှိ
နေပြည်တော် ဇွန် ၁၁ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ အငူမော်ကျေးရွာနှင့် ဒုံး ပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်တွင် စက်လှေတစ်စီးနှင့် လူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၁၁ နာရီ မိနစ်၂၀ ခန့်တွင် သာစည် ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ စက်လှေ အလျား ပေ ၄၀၊ အနံ ပေ ၂၀၊ ဇောက် အနက် ၆ ပေရှိ ၀မ်းဗိုက်ထက်ခြမ်းကွဲ ပျက်စီးနေသော စက်လှေ တစ်စီးနှင့် အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၁၀၄ ဦးတို့အား စိစစ်တွေ့ရှိရသည်။
အဆိုပါ အစ္စလာမ်ဘာသာဝင် ၁၀၄ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော် ယာဉ် ၄ စီးဖြင့် ငါးခူရပြန် လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေး ခဲ့ရာ ညနေ ၅ နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့ပြီး လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများက စိစစ်မှုများ ပြုလုပ် လျက်ရှိသည်။
၂၀၁၅ ခုနှစ် မေ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သင်္ဘောကွေ့ ကျေးရွာအနီး ပင်လယ်ပြင်တွင် လှေစီးဒုက္ခသည် ၂၂၈ ဦး တွေ့ရှိခဲ့သဖြင့် စိစစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၈ ဦး ပါဝင်နေကြောင်း တွေ့ရှိရသဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ် ကာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၁၅ ခုနှစ် မေ ၂၉ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အရှေ့တောင်ဘက် ပင် လယ်ပြင်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီး ဒုက္ခသည် ၇၃၄ ဦး တွေ့ရှိခဲ့ရသဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment