" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 2, 2018

( 02.05.2018 ) ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်မေ ၁ ရက်ထိ ကျပ် သိန်းပေါင်း ၁,၈၃၀,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရခိုင်ပြည်နယ် အတွင်း ဖမ်းဆီးရမိ




၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်မေ ၁ ရက်ထိ ကျပ်သိန်းပေါင်း ၁,၈၃၀,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ
ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိ

မေ ၂၊ ၂၀၁၈
ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်နေ့အထိ စိတ်ကြွ ဆေးပြား၊ စိတ်ကြွအကြေ မှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ် ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ်ထိုးဆေး၊ မော်ဖင်းထိုး ဆေး၊ Lutigesic၊ Zoliuncarpa zolarn၊ ကတ်တမင်း၊ Fantanyl နှင့် အက်ဖီဒရင်း စသည့် မူးယစ်ဆေး ဝါးမျိုးစုံ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၈၃၆၉၂၅ ဒသမ ၉၃၄ သိန်းဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



ဖမ်းဆီးရမိမှုမှာ စိတ်ကြွဆေးပြား (၆၁၀၇၀၇၉၉.၅) ပြား၊ စိတ်ကြွအကြေမှုန့် (၂.၅၈၆၈) ကီလို၊ ဆေးခြောက် (၁၉၃.၂၉၅၁၅) ကီလို၊ ဗျူပရီနော်ဖင်း (၄၉၇၃) ပုလင်း၊ အယ်ပရာဇိုလမ် ဆေးပြား (၄၃၂၀) ပြား၊ ဒိုင်ရာဇီပမ် (၃၁၄၉၄) ပြား၊ ဒိုင်ရာဇီပမ်ထိုးဆေး (၁၂၂၂၄၀) ပုလင်း၊ မော်ဖင်းထိုးဆေး (၂၂၃၁) ပုလင်း၊ Lutigesic (၃၈၀) ပုလင်း၊ Zoliuncarpa zolarn (၂၇၀) ပြား၊ ကတ်တမင်း (၀.၁၄) ကီလို၊ Fantanyl (၇၀၀) ပုလင်း နှင့် အက်ဖီ ဒရင်း (၀.၅၁၅) ကီလို တို့ကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ အမှုပေါင်း (၆၃၁) မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ (၁၀၁၁) ဦးအား ဖမ်းဆီးရမိခဲ့သည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */