" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 21, 2018

( 21.05.2018 ) အခြေအနေ တည်ငြိမ်အေး ချမ်းလာ ရင် ရွာမှာရှိတဲ့ လယ် ယာလုပ်ငန်း နဲ့ ပုစွန်မွေးမြူရေး လုပ် ငန်းတွေ လုပ်ကိုင်( အင်္ဂလိပ် - မြန်မာ )



အခြေအနေတည်ငြိမ်အေးချမ်းလာရင် ရွာမှာရှိတဲ့ လယ်ယာလုပ်ငန်းနဲ့ ပုစွန်မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်စားသောက်မှာဖြစ်ပါတယ်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းမှ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ခြံစည်းရိုးအကြား (နယ်စပ် မှတ်တိုင် - ၃၄ အနီး)တွင် နေထိုင်ခဲ့သော မောင်တောမြို့နယ် တောင်ပြိုလက်ယာ ကျေးရွာနေ အဲဖ်တာ အာလွမ် အပါအဝင် မိသားစုဝင် ငါးဦးသည် စားဝတ်နေရေး အခက်အခဲရှိပြီး ကျန်းမာရေးဆိုးရွားစွာဖြင့် ဒုက္ခမျိုးစုံ ခံစားနေရသဖြင့် နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ခွင့်ပြုပါရန် တင်ပြခဲ့သည်။



အဆိုပါတင်ပြချက်အပေါ် အဆင့်ဆင့်တင်ပြခဲ့ရာ တရားဝင် လက်ခံရေးစခန်းမှတစ်ဆင့် ဝင်ရောက်ခွင့် ရရှိခဲ့ပြီး ၁၃-၄-၂၀၁၈ ရက်တွင် တောင်ပြိုလက်ဝဲဝင်ထွက်ဂိတ်(နှစ်နိုင်ငံချစ်ကြည် ရေးတံတားအနီး)မှ တောင်ပြိုလက်ဝဲ စိစစ်ရေးစခန်းသို့ အဲဖ်တာအာလွမ်နှင့် မိသားစုများ ရောက်ရှိခဲ့ကြသည်။

၎င်းတို့မိသားစုအား ၁၅-၄-၂၀၁၈ ရက်တွင် မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

မေး။ ၂၅-၈-၂၀၁၇ ရက်နေ့ဖြစ်စဉ်မှာ ခင်ဗျားအနေနဲ့ ဒါမှမဟုတ် ခင်ဗျားရဲ့ မိသားစုဝင်တစ်ဦးဦး ပါဝင် ပတ် သက်ခဲ့တာ ရှိခဲ့သလား။
ဖြေ။ ကျွန်တော်နဲ့မိသားစုဝင်တစ်ဦးတစ်ယောက်မှ အဲဒီ ဖြစ်စဉ်မှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

မေး။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ်မျဉ်း မြန်မာနိုင်င်ငံဘက်ခြမ်း နယ်စပ်ခြံစည်းရိုးအကြား (နယ် စပ် မှတ်တိုင်-၃၄ အနီး)ကို ဘယ်နေ့က ဘာအတွက်ကြောင့် ထွက်ခွာသွားခဲ့တာလဲ။

ဖြေ။ ဖြစ်စဉ်ဖြစ်ပွားပြီး ၁၂ ရက်အကြာ ၆-၉-၂၀၁၇ ရက် နေ့မှာ ထွက်သွားခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော် ရွာက ထွက်ခွာလာစဉ်က ရွာမှာ ရွာသူ ရွာသားတစ်ဦးမှ မရှိတော့ပါဘူး။ ရွာမှာရှိနေတဲ့ ARSA အဖွဲ့က ဖွဲ့ စည်း ပေးထားတဲ့ ငါးဦးကော်မတီ(ရွာကိုအုပ်ချုပ်နေသူများ)ဖြစ်တဲ့ မော်လဝီအာဖတ်၊ မော်လဝီဟာမိတ်၊ မော်လဝီဇာဟိတ်ဟူဆောင်း၊ မော်လဝီ အာယုပ်၊ မော်လဝီဟာဗတ်ဂျော်ဂျီမူလာတို့အနက် မော်လဝီ အာဖတ် က ဦးဆောင်ပါတယ်။ ကျွန်တော် အုပ်ချုပ်ရေးမှူးအနေနဲ့ လုပ်ပိုင်ခွင့်မရှိပါဘူး။ သူတို့ငါးဦးက အုပ်ချုပ် လွှမ်း မိုးထား ပါတယ်။

ညပြဿနာဖြစ်ပြီး နောက်တစ်နေ့ နံနက်မှာ ရွာသူရွာသားတွေ နယ်စပ်ခြံစည်းရိုးအပြင်ဘက်ကို ရောက် သွားပါတယ်။ ကျေးရွာ မှာ ကျန်ရှိသူအချို့နဲ့ ARSA အဖွဲ့တွေ ပူးပေါင်းကာ မိုင်းထောင်ပြီး တောင်ပြိုယာ စခန်းကို ဩဂုတ်လ ၂၆ ရက်နဲ့ ၂၇ ရက်မှာ မိုင်းခွဲတိုက်ခိုက်ဖို့ စီစဉ်ဆောင်ရွက် ခဲ့ပါတယ်။ အင်အား ၃၀ လောက်ရှိပါတယ်။ ရွာသားတွေ တဖြည်းဖြည်းပြောင်းရွှေ့ခဲ့ကြပါတယ်။ သူတို့ပိုင် ပစ္စည်းတွေနဲ့ ကျွဲ၊ နွားတွေ ကို ရွှေ့ပြောင်း ကြတယ်။

မိုင်တိုင်အမှတ် ၃၅၊ ၃၆ ဝန်းကျင်မှာ နေထိုင်ပြီး ဘင်္ဂလားကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။ စက်တင်ဘာ ၁၇ ရက်မှာ ရွာမှာ လူမရှိတော့ဘဲ တစ်ဖက်နိုင်ငံကို အားလုံးရောက်ရှိ သွားခဲ့ပါတယ်။ BGB က တစ်ဖက်နိုင်ငံကို ကူးခွင့်မပေးပါဘူး။ ရက် ၂၀ လောက်အကြာမှာ ICRC နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ လာရောက်ပြီး ICRC က ဆန်၊ ဆီ၊ ဆား၊ သကြား၊ ဂျုံတို့ကို ထောက်ပံ့ပေးခဲ့ ပါတယ်။ အဲဒီနေရာက ဒုက္ခသည်တွေနေဖို့ နေရာမဟုတ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းပိုင်းကို ဝင်ရောက်ဖို့ အချို့သူတွေက စဉ်းစားခဲ့ကြပါတယ်။ အချို့က လက်ရှိနေရာမှာ ဆက်နေထိုင် လိုကြပါတယ်။ တစ်ဖက်နိုင်ငံ BGB ကလည်း ဒုက္ခသည်စခန်းကို မသွားဘဲ Boundary Line အတွင်းမှာပဲ နေထိုင်ဖို့ ပြောကြားခဲ့ပါတယ်။

မေး။ BGB တာဝန်ရှိသူ ဘယ်အဆင့်က ပြောဆိုတားမြစ်တာလဲ။
ဖြေ။ စခန်းမှူးအဆင့်ရှိသူက တားမြစ်ခြင်းဖြစ်ပါတယ်။

မေး။ ဘာအတွက် တားမြစ်တာလို့ ထင်ပါသလဲ။
ဖြေ။ သူ့ရည်ရွယ်ချက်ကို သိရသလောက်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေ လက်ခံရေးမှာ မိမိ နိုင်ငံ ပိုင်နက်အတွင်းရှိနေသူတွေကို လက်မခံဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကဒုက္ခသည်တွေကိုသာ တောင်းခံနေ တယ် လို့ နိုင်ငံတကာက မြင်စေဖို့ ဆောင်ရွက်ခြင်းဖြစ်နိုင်ပါတယ်။

မေး။ နေထိုင်တဲ့ Boundary Line နေရာမှာ မြန်မာနိုင်ငံ ပိုင်နက်အတွင်း ကျရောက်နေတယ်ဆိုတာကို အဲဒီ နေရာမှာ နေထိုင်သူတွေ သိရှိကြသလား။

ဖြေ။ အစကမသိပေမယ့် ပြဿနာတက်လာချိန်မှာ သိရှိလာပါတယ်။

မေး။ မိမိတို့အကြီးအကဲတွေ လာရောက်စဉ်က ပြောဆိုခဲ့တာတွေကို Boundary Lineမှာ နေထိုင်တဲ့သူတွေ ကို စကားပြန်က အပြည့်အစုံပြန်လည်ပြောဆိုခဲ့မှုရှိပါ သလား။

ဖြေ။ အကြီးအကဲတွေလာရောက်စဉ်က ပြောဆိုခဲ့မှုတွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ ဒါပေမယ့် ရှင်းရှင်း လင်း လင်းပြောဆိုမှုမရှိပါဘူး။ တချို့နားလည်သူတွေသာ သွားရောက်နားထောင်ပါတယ်။

မေး။ ပြည်ထဲရေး ဒုတိယဝန်ကြီးလာရောက်စဉ်က ရှင်းလင်းပြောဆိုမှုနောက်ပိုင်း ဘာအတွက် တစ်ဖက်နိုင် ငံ ကို ထွက်ခွာသွားတာတွေ ဖြစ်ပေါ်တာလဲ။

ဖြေ။ နှစ်နိုင်ငံ ၂၀-၂-၂၀၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အလံတင်အခမ်းအနားပြီးတော့ BGB (၃၄) တပ်ရင်း မှူးက ကျွန်တော်တို့အဖွဲ့ကို ခေါ်ယူတွေ့ဆုံပြီး မြန်မာနိုင်ငံကို ပြန်ဖို့နဲ့မြန်မာနိုင်ငံ ဥပဒေနဲ့အညီ နေထိုင်ကြဖို့ ပြောဆိုခဲ့မှုအပေါ် မြန်မာနိုင်ငံကို အတင်းအဓမ္မပြန်လည်ပို့ဆောင်မယ်လို့ ထင်မြင်လို့ ထွက်ပြေးကြတာ ဖြစ်ပါတယ်။

မေး။ ကျွန်တော်တို့ လာခဲ့တုန်းက INGOs က ထောက်ပံ့ပစ္စည်းတွေ သယ်နေကြတာ မြင်တွေ့ခဲ့ရတယ်။ INGOs က လာရောက်ထောက်ပံ့တာကို တစ်ဖက်နိုင်ငံက ခွင့်ပြုထားသလား၊ ဘာပစ္စည်းတွေ ထောက်ပံ့ ပေးခဲ့သလဲ။

ဖြေ။ INGOs က ထောက်ပံ့တာကို BGB ကို သတင်းပို့ ပြီးမှ ထောက်ပံ့တာဖြစ်ပါတယ်။ ထောက်ပံ့ရာမှာ အဖွဲ့ ဖွဲ့စည်းထားပြီး အဲဒီမှာ နူရ်ဟောက်(တောင်ပြိုလက်ယာ)၊ နေလင်းအောင် (တောင်ပြိုလက်ယာ)၊ မဲဒီရွာက တစ်ဦးနဲ့ အခြား ရွာသားတစ်ဦးတို့ပါဝင်ပါတယ်။ အဲဒီအဖွဲ့က ထောက်ပံ့ပစ္စည်းတွေကို လက်ခံ ယူပြီး ခေါင်းဆောင် မာဇီးက ၂၅ ဦးခန့်ကို ခွဲဝေ ပေးပါတယ်။ ခေါင်းဆောင်တွေက မိမိတို့အဖွဲ့မှာရှိတဲ့ အိမ်ထောင် စုတွေကို ဖြန့်ဝေပေးပါတယ်။ ICRC က ၁၅ ရက်စာ တစ်ကြိမ် ပုံမှန်ထောက်ပံ့မှုရှိပြီး တစ်ကြိမ် ကို ဆန် ၂၅ ကီလို၊ ဆီလေး လီတာ၊ ပဲလေးကီလိုဂရမ် ထောက်ပံ့ပါတယ်။ မိသားစုတစ်စုကိုမိသားစုဝင် ၁၀ ဦး၊ ၁၅ ဦးလောက်ရှိပေမယ့် အဲဒီနေရာမှာ မိသားစုသုံးဦး၊ လေးဦး၊ ငါးဦး စသဖြင့် ခွဲထားတဲ့အတွက် ရိက္ခာ လောက်ငမှုရှိပါတယ်။ တစ်ခါတစ်ရံ ဆော်ဒီ၊ တူရကီနိုင်ငံတို့က ထောက်ပံ့ပေးမှုတွေ ရှိပါတယ်။ BGB အနေ နဲ့ INGOs တွေဆီက ရယူထားတဲ့ ရိက္ခာတွေ ပေးကမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လာရောက်ထောက်ပံ့ ကြခြင်း ဖြစ်ပါတယ်။

မေး။ ကျန်းမာရေးစောင့်ရှောက်မှုတွေရော ရှိသလား။

ဖြေ။ ICRC က တစ်ပတ် တစ်ကြိမ် လာရောက်ပြီး BGB အစီအစဉ်နဲ့ နှစ်ရက်ခြား တစ်ကြိမ် လာရောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးပါတယ်။

မေး ။ Boundary Lineမှာ နေထိုင်တဲ့ သူတွေအနေနဲ့ တစ်ဖက်နိုင်ငံမှာရှိတဲ့ ကူတူပါလောင်၊ ဘာလူခါလီ၊ ထန်းခါလီ စတဲ့ဒုက္ခသည်စခန်းတွေကို စာရွက်စာတမ်းအထောက် အထားပြစရာမလိုဘဲ သွားလာခွင့်ရှိတယ် ဆိုတာ ဟုတ်သလား။

ဖြေ။ လူတစ်ယောက်အနေနဲ့ လွယ်လွယ်ကူကူ သွားလာလို့ ရပါတယ်။ အိုခီးယားရဲ့ တောင်ဘက်ပိုင်းကို Boundary Lin မှာ နေထိုင်သူတွေ သွားလာလို့ ရပါတယ်။ အခုနောက်ပိုင်းမှာ တော့ ခွင့်ပြုချက်ရယူဖို့ လိုအပ်ပါတယ်။ အိုခီးယားမြို့ရဲ့ တစ်ဖက်ကိုတော့ သွားလာလို့ မရပါဘူး။ ရဲ၊ တပ်၊ CIA ၊ အဖွဲ့ပေါင်းစုံချထား ပါတယ်။

မေး။ Boundary Line မှာ နေထိုင်သူတွေ ရောက်ချိန်ကနေ ဒီနေ့အထိ ကာလအတွင်း ကျန်းမာရေးအရသော် လည်းကောင်း၊ အချင်းချင်းကြောင့်သော်လည်းကောင်း သေဆုံးမှု တစ်စုံတစ်ရာ ရှိသလား။

ဖြေ။ ကလေးနဲ့ သက်ကြီးရွယ်အို သေဆုံးမှု ရှိပါတယ်။ ခြောက်ဦးလောက် ရှိမယ်ထင်ပါတယ်။ သေဆုံး သူတွေကို လက်ရှိနေထိုင်တဲ့နေရာရဲ့ မြောက်ဘက်မှာရှိတဲ့ ဒိုင်းနက်ရွာအနီးက တောင်ကုန်းပေါ်မှာ မြေမြှုပ် သင်္ဂြိုဟ်ပါတယ်။ အရေးပေါ် လူနာတွေကို ICRC က အထောက်အထားစာရွက်စာတမ်း ထုတ်ပေးပြီး ဆေးရုံ ကို အရေးပေါ်လူနာတင်ကားနဲ့ ပို့ဆောင်ပေး ပါတယ်။ ငွေကြေးကုန်ကျမှု မရှိပါဘူး။

မေး။ တာဝန်ရှိအကြီးအကဲတွေ လာရောက်တဲ့ ခရီးစဉ်တိုင်းမှာ ဒီလ်မာမောက်၊ နေလင်းအောင်တို့ကသာ တာဝန်ခံတွေ့ဆုံပြောဆိုတင်ပြမှုတွေ ရှိတာကို တွေ့တယ်။ အဲဒါနဲ့ပတ်သက်ပြီး သိသလောက် ပြောပြပေး ပါ။

ဖြေ။ နေလင်းအောင်နဲ့ ဒီလ်မာမောက်တို့က နှစ်နိုင်ငံတွေ့ဆုံမှု အစည်းအဝေးတွေမှာ ဘာသာပြန်အဖြစ် ဆောင် ရွက်နေသူတွေဖြစ်ပါတယ်။ ပြဿနာဖြစ်ပွားပြီးနောက် BGB တို့ လာရောက်တွေ့ဆုံတဲ့အခါ မှာ လည်း ဘာသာ စကား ပြောတတ်သူတွေဆိုတော့ သူတို့ကတစ်ဆင့် ပြောဆိုမှုတွေရှိတဲ့အတွက် ဒုက္ခ သည်တွေအပေါ် ဩဇာလွှမ်းမိုးလာပြီး အလိုလို ခေါင်းဆောင် ဖြစ်လာတာကြောင့် အခုလို တာဝန် ခံတွေ့ ဆုံတာ ဖြစ်ပါတယ်။BGB ကလည်း ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ်ခဲ့ပါတယ်။ အဲဒီနေရာမှာ တောင်ပြို ဝဲ/ယာ၊ မီးတိုက်၊ မဲဒီ၊ ကွမ်းသီးပင်၊ ဇီးပင်ချောင်း၊ သင်္ဘောလှရွာသားတွေဖြစ်လို့ လက်ခံမှုရှိပါ တယ်။

မေး။ တောင်ပြိုလက်ယာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်သူတစ်ဦးအနေနဲ့ အဲဒီနေရာမှာ ခြိမ်း ခြောက်ခံရတာတွေ ရှိသလား။

ဖြေ။ ရွာသားတွေ ပြောင်းရွှေ့သွားပြီး ၁၀ ရက်၊ ၁၁ ရက်ကြာ မှအဲဒီနေရာကို ရောက်ပါတယ်။ ခေါင်းဆောင် ဖြစ် သူ မော်လဝီဟာရှိမ်းတို့ရဲ့ ခြိမ်းခြောက်မှုကို ခံရပါတယ်။ တစ်လ လောက်ကြာတဲ့ အချိန်မှာ ကျွန်တော့် အနေနဲ့ ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါးလုပ်ဆောင်နေသူ ဖြစ်တယ်ဆိုပြီး တိုင်ကြားမှုရှိလို့ ခေါ်ယူမေးမြန်း ခံခဲ့ရပါတယ်။

မေး။ Boundary Lineလက်ရှိနေထိုင်တဲ့နေရာမှာ ARSA အဖွဲ့ဝင်တွေ ရှိသလား။
ဖြေ။ တရိန်းဖြစ်စဉ် မဖြစ်ပွားမီ မော်လဝီဟာရှိမ်းတို့ ဦးဆောင်ပြီး ၅၀ ကျော်ရှိပါတယ်။ လက်ရှိ ၂၀ လောက် ရှိပါတယ်။ စံပ္ပာယ်ကုန်း၊ မောင်တောတောင်ပိုင်းက ကျေးရွာသားတွေ ပါဝင်ပါတယ်။ လုပ်သေနတ်တွေ ရှိတယ်လို့ ကြားရပါ တယ်။ အဓိကအားဖြင့် မိုင်းခွဲတဲ့လုပ်ငန်းက အဓိကဖြစ်ပါတယ်။

မေး။ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုတွေ ရှိသလား။
ဖြေ။ ဓားပြတိုက် အကြမ်းဖက်ခြင်းမျိုး မတွေ့ရှိရပါဘူး။ အမျိုးသမီးတွေကို ပွဲစားတွေက စည်းရုံး ခေါ်ယူပြီး တည်းခိုခန်းတွေမှာ ရောင်းစားမှု (ပြည့်တန်ဆာ)မှု ရှိတယ်လို့ ကြားရတယ်။ကူတူပါလောင် ဒုက္ခသည် စခန်း မှာ အသက် (၅/၆) နှစ်အရွယ် ကလေးတွေကို ကိုယ်အဂ ̄အစိတ်အပိုင်းတွေ ရောင်းချဖို့အတွက် ခိုးယူမှုတွေ ရှိတယ်။ အမျိုးသမီးတွေကို ဘင်္ဂလားနိုင်ငံသားတွေက လက်ထပ်ပြီး ခေါ်ဆောင်သွားမှု တွေ ရှိတယ်။ နောက်ပိုင်းတော့ အလားတူသတင်းတွေ မကြားရတော့ဘူး။

မေး။ ခင်ဗျားအနေနဲ့ Boundary Line မှာ နေထိုင်စဉ် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရခဲ့ပါသလဲ။

ဖြေ။ ကျွန်တော့်အနေနဲ့ မိမိနိုင်ငံကို ပြန်လည်ဝင်ရောက် လိုတယ်။ INGOs အဖွဲ့အစည်းတွေ ထောက်ပံ့ပေး တဲ့ ပဲ၊ ဆီ၊ ထမင်းကိုသာ စားသောက်နေရပြီး သား ၊ ငါးတွေ ဝယ်ယူစားသောက် နိုင်မှုမရှိဘူး။ သွားလာရေး အခက်အခဲ၊ ဘာသာစကားပြောဆိုရာမှာ တချို့တဝက်ကိုသာ နားလည်ပါတယ်။ မြန်မာနိုင်ငံကနေ ထွက် ပြေးလာသူတွေအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေက အမုန်းပွားနေမှုတွေ ရှိတာကိုတွေ့ရတယ်။ ဒီလိုအ ခက်အခဲတွေနဲ့ ကြုံတွေ့ရပါတယ်။

မေး။ INGOs တွေက ဒုက္ခသည်စခန်းကို သွားရောက်ခြင်း မပြုစေဘဲ Boundary Lineမှာ နေထိုင်ခိုင်းတာမျိုး ရှိသလား။

ဖြေ။ မရှိပါဘူး။ UNHCR က Boundary Lineဟာ ဒုက္ခသည်တွေ နေထိုင်တဲ့ နေရာမဟုတ်လို့ အိမ် ဆောက် ပေးမယ်ဆိုပြီး လာခေါ်ပါတယ်။
မေး။ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ Register ပြုလုပ် ထားပြီးBoundary Line မှာ လာရောက်နေထိုင်သူ ရှိသလား။

ဖြေ။ အခုနေထိုင်တဲ့ အိမ်ထောင်စု ၁၀၅၀ မှာ အိမ်ထောင်စု ထက်ဝက်ကျော်လောက်ဟာ ဒုက္ခသည်စခန်းမှာ စာရင်းသွင်းထားပါတယ်။ ရိက္ခာထုတ်တဲ့အချိန်မှာ ဟိုကလည်း ထုတ်၊ ဒီကလည်း ထုတ်နဲ့မို့ ခွဲတမ်းပိုရပါ တယ်။
မေး။ Boundary Line မှာ နေတုန်းက ဝင်ငွေမရှိဘဲ ဘယ်လိုစားသောက်နေသလဲ။
ဖြေ။ ကျွန်တော့်သားဖြစ်သူက တစ်ဖက်နိုင်ငံရှိ ICRC ရုံးမှာ တစ်လကို တာကာ ၃၅၀၀၀ (မြန်မာငွေ ငါးသိန်း ကျော်ခန့်)ရရှိလို့ သားရဲ့ထောက်ပံ့မှုနဲ့ စားသောက်နေလို့ အဆင်ပြေပေမယ့် အခြားသူတွေ အခက်အခဲဖြစ် နေကြ ပါတယ်။

မေး။ အခုပြန်ဝင်ရောက်လာတဲ့အခါ မိသားစုရပ်တည်ဖို့ ဘယ်လိုလုပ်ကိုင်စားသောက်ဖို့ စဉ်းစားထားသလဲ။
ဖြေ။ လောလောဆယ်တော့ သားရဲ့ဝင်ငွေနဲ့ပဲ နေထိုင်စားသောက်ဖို့ စဉ်းစားထားပါတယ်။ အခြေအနေ တည်ငြိမ်အေးချမ်းလာရင်တော့ ရွာမှာရှိတဲ့ လယ်ယာလုပ်ငန်းနဲ့ ပုစွန်မွေးမြူရေး လုပ်ငန်းတွေကို လုပ်ကိုင်ပြီး စားသောက်မှာ ဖြစ်ပါတယ်။

မေး။ အခုရော ခင်ဗျားရဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး ဘာပြောစရာရှိပါသလဲ။

ဖြေ။ အခု သူများအိမ်မှာနေရတာမို့ နေစရာအိမ်တစ်လုံးငှားရမ်းနေထိုင်ဖို့ လိုအပ်ပါတယ်။ သူများအိမ်မှာ ရေရှည်နေထိုင်ဖို့ အခက်အခဲရှိပါတယ်။

မေး။ အခြားရွာမှာရော မိသားစုရှိသလား၊ ခင်ဗျားတို့ မိသားစု လုံခြုံစိတ်ချရမယ့်နေရာ ဘယ်နေရာရှိသလဲ။
ဖြေ။ မြို့ပေါ်မှာသာ လုံခြုံစိတ်ချရပါမယ်။

မေး။ အခုပြန်လာတဲ့အပေါ် Boundary Line မှာ နေထိုင်နေသူတွေက ဘယ်လို သဘောထားမလဲ၊ ခြိမ်း ခြောက်ခံရမှုရောရှိသလား

ဖြေ။ သူတို့က သဘောတူမှုမရှိပါဘူး။ လူမှုမီဒီယာ (Face- book) မှာ လည်း မကျေနပ်ဘူးဆိုပြီး ရေးသား ထား တာတွေ ဖတ်မိပါတယ်။ ကျွန်တော်နဲ့ ရင်းနှီးသူ Boundary Line မှာ ကျန်ရစ်သူအချို့နဲ့ ဘာလူခါလီ ဒုက္ခသည်စခန်းက ရင်းနှီးသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သားဖြစ်သူ (တစ်ဖက်နိုင်ငံ ICRC ရုံးတွင် လုပ်ကိုင်နေသူ) ကို ဖုန်းဆက်ပြီး ခြိမ်းခြောက်မှု ရှိပါတယ်။

မေး။ လောလောဆယ်မိသားစုအတွက် ဘာလုပ်ပေးချင်သလဲ။

ဖြေ။ အဓိကအားဖြင့် မိသားစုလုံခြုံမှုနဲ့ စားဝတ်နေရေး အဆင်ပြေဖို့ဆောင်ရွက်ပေးစေလိုပါတယ်။

-----------------------------------------------------------------------------------------------------------------------------

Family returns after living precariously between border and fence
----------------------------------------------------------------------------------

AFTA Alom and his family of five from Taungpyo Letya Village were living precariously on the Myanmar side of the Myanmar-Bangladesh border, between the border line and border fence (near border post 34). As they were facing health and food problems, they requested permission to return to their village in Myanmar.

After the authorities permitted them to return through the official reception centre, they arrived at the Taungpyo Letwe Reception Centre via the Taungpyo Letwe entry and exit gate near the friendship bridge on 13 April 2018.

Afta Alom and his family were interviewed by the Maungtaw District administrator and officials on 15 April 2018.

Q. Were you or any of your family members involved in the incident of 25 August 2017?
A. None of our family members were involved in that incident.

Q. When and why did you go to the area between the border line and the fence near border post 34?
A. We went there twelve days after the incident on 6 September 2017. When we left our village, there was almost no one remaining in the village. A five member committee was formed by ARSA to administer the village, which included Mawlawi Afat, Mawlawi Hait, Mawlawi Zaid Hussan, Mawlawi Ayut and Mawlawi Havat Georgie Mulla. It was led by Mawlawi Afat. I am the village administrator, but was not permitted to sit on the committee. Most of the villagers went to this area between the border and the fence on the night after the incident. About 30 villagers who remained in the village were planning to attack Taung Pyo Letya post with mines (IEDs) on August 26 and 27. Villagers gradually moved their belongings near to border post 35 and 36 and then entered Bangladesh. By 17 September no one was left in the village. (By then) BGB prevented people from entering Bangladesh. After about 20 days, ICRC and international organizations came and provided rice, cooking oil, sugar, salt and flour. As the area we are staying in is not in Bangladesh, some thought of entering into Bangladesh. Some just wanted to stay where they were. BGB told us not to go to the refugee camp (in Bangladesh) and told us to remain where we were, between the border line and the fence.

Q. What rank is the BGB official who told you to remain where you are?
A. He was the commander of a BGB post.

Q. What do you think was the reason behind this?
A. I think they wanted to show the world that Myanmar is not accepting back the people from the Myanmar side of the border.

Q. Did the people who stayed in that area know that they were inside Myanmar?
A. At first they did not know, but now they do.

Q. When top officials from this side came and talked with representatives, was everything explained to the rest?
A. There were some explanations, but it was not clear.

Q. After the Union Minister for Home Affairs came, why did many peoplego to Bangladesh?
A. After the flag meeting, held on 20 February 2018, the BGB 34 battalion commander told people to return to Myanmar and live according to the law there. Some thought that they might be forced back into Myanmar, so they went to Bangladesh.

Q. When we were there, we saw some INGO’s preparing to send foodstuffs. Is the other country permitting them to do this?
What was provided?

A. INGO provides supplies after reporting to BGB. A group was formed for distribution. The group included Nur Hak (Taungpyo Letya), Nay Lin Aung (Taung Pyo Letya) and someone from Mede village and another village. The group distributes to about 25 leaders, who then distributed to households in their group. Once every 15 days ICRC regularly provided 24 kg of rice, cooking oil, flour, 4 kg. of beans and salt. A family has about 10 to 15 members, but these families are sub-divided into 3, 4 and 5 families, so the provisions were adequately provided. Sometimes, there were aids from Saudi and Turkey. But everything was provided only after the Bangladesh government permitted it.

Q. Is there any health care service?
A. ICRC came once a week. BGB came once every two days.

Q. Were those staying between the border and fence told they could go to refugee camps without showing any documents?
A. A person can go without being required to show any documents. However, nowadays permission is required. But even then, we were not allowed to go to any town. There are police and military in the towns.

Q. Were there any deaths for any reasons in the area?
A. About six elderly people and a youngster died. Their remains were buried on a hill near a Daingnet village north of the area. If there were any health emergencies, patients were sent to a hospital after receiving a document from the ICRC.

Q. Whenever the authorities came, Dil Mahmat and Nay Lin Aung met as representatives. What do you know about them?
A. Dil Mahmat and Nay Lin Aung do interpretation when there is a meeting between the two countries. As BGB came and talked through them, and they gradually become leaders. BGB also appointed them as leaders, and the people accepted them.

Q. As a former administrator of Taungpyo Letya Village, did you suffer any intimidation?
A. I reached the village only after many villagers had arrived there. Mawlawi Zaid Hussan threatened me. A month later, I was reported to be a drug dealer and interrogated.

Q. Are there members of ARSA in the area?
A. Earlier, there were more than 50 (ARSA terrorists). Now there are only about 20 left. They are from villages in southern Maungtaw. I heard that they have some homemade guns. But they mostly use mines (IEDs).

Q. Is there any violence against women?
A. No. But some human traffickers are luring women into brothels. Some youngsters were said to have been abducted for their organs, but this is no longer occurring.

Q. What are the difficulties you face when you stay in the place?
A. We can eat only things provided by INGOs. We could not have meat and fish. Language was also a problem. We only understand a few officials. People from Bangladesh are also spreading fear about us.

Q. Did the INGO prevent people from going to refugee camps?
A. No. UNHCR said people should not stay in the place and said they”ll construct living areas in refugee camps.

Q. Were there people who lived in the refugee camp and then came back tostay in the village?
A. Of the 1,050 households staying in the place, half had registered in the refugee camps. When it was time to receive rations from the refugee camp, they went to take it. As they were receiving aid from both places, they collected more.

Q. How do you survive in the area without any income?
A. My son worked in the ICRC office on the other side and earned about 35,000 Taka (more than Ks 500,000) a month, and we survive on this. But others are facing difficulties.

Q. Now that you came back, how do you plan to live?
A. I will depend on my son’sincome for now. Once the situation becomes stable, I will work on a farm near the village.

Q. What do you want to say about people living in the place?
A. They don’t agree with one another. On social media sites, like Facebook, I read about their complaints. Some were threatening my son for working in the ICRC office there.

Q. What do you want to ask for your family?
A. I want to be safe and have something to do to earn our livelihood.























No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */