" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 25, 2018

( 25.05.2018 ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်း များဆောင်ရွက်



မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်

မေ ၂၅၊ ၂၀၁၈

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက် က်ညှိနှိုင်း ၍ မြေပြင်လှည့်ကင်းဆောင်ရွက်လျက်ရှိကြသည်။



နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီ ၁၀ မိနစ် အထိ နယ်ခြားမှတ်တိုင် ၄၀ မှ ၄၁ အထိ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြသည်။

နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ကုန်းမြေနယ်နိမိတ်၌ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၄ ကြိမ် ၊ မတ်လတွင် ၇ ကြိမ် ၊မေလတွင် ၁၆ ကြိမ် စုစုပေါင်း ( ၃၇ )ကြိမ် နှင့် ရေကြောင်း ကင်းလှည့် ခြင်းကို လည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း (၄ )ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */