" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 14, 2018

( 14.05.2018 ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်



မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်

မေ ၁၄၊ ၂၀၁၈

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက် က်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်လျက်ရှိကြသည်။




နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် မေလ ၁၀ ရက်နေ့ ၊ နံနက် ၁၀ နာရီ မှ နံနက် ၁၁ နာရီ မိနစ် ၂၀ အထိ နယ်ခြားမှတ်တိုင် ၃၅ မှ ၃၆ အထိလည်းကောင်း၊ နံနက် ၁၁ နာရီ မှ မွန်းလွဲ ၁ နာရီခွဲ အထိ နယ်ခြား မှတ်တိုင် ၄၄ မှ ၄၅ အထိလည်းကောင်း၊ မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် မှ မွန်းလွဲ ၁ နာရီ ၁၅ မိနစ် အထိ နယ်ခြားမှတ်တိုင် ၄၅ မှ ၄၆ အထိလည်းကောင်း၊ နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီ အထိ နယ်ခြားမှတ်တိုင် ၃၆ မှ ၃၈ အထိလည်းကောင်း မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြသည်။

ကုန်းမြေ နယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ တွင် ၁၄ ကြိမ်၊ မတ်လတွင် ၇ ကြိမ် ၊မေလတွင် ၉ ကြိမ် စုစုပေါင်း ( ၃၀ )ကြိမ် နှင့် ရေကြောင်းကင်းလှည့်ခြင်း ကို လည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း (၄ )ကြိမ် နှစ်နိုင်ငံညှိနှိုင်း၍ လှည့်ကင်းခြင်း Coordinated Patrol ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။









No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */