RFA
လွတ်လပ်တဲ့အာရှအသံ
2021-08-16
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် ဖိနှိပ်ခံရချိန်က စစ်သားတွေရဲ့ လိင်ပိုင်းဆိုင် ရာ အဓမ္မပြုကျင့်ခံရမှုကနေ အသက်မသေဘဲ ကျန်ခဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံကို အာဂျင်တီးနား နိုင် ငံက တရားရုံးမှာ ဒီနေ့ သြဂုတ်လ ၁၇ ရက်မှာ ပထမဆုံးအကြိမ် ထွက်ဆိုမယ်လို့ သတင်းရရှိပါတယ်။
အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့တော်မှာရှိတဲ့ ပြစ်မှုဆိုင်ရာပြည်ထောင်စုအယူခံရုံးက ကြားနာမှာ ဖြစ်ပါ တယ်။ အဲဒီကြားနာပွဲမှာ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတဲ့သူ ငါးယောက်အပါအဝင် ရိုဟင်ဂျာတွေက သူ တို့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ထွက်ဆိုမယ့်အကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း BROUK က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုကို ဆန့်ကျင်တဲ့ ပြစ်မှုတွေမှာ မြန်မာအရပ်ဘက်နဲ့ စစ်ဘက်ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးဖို့ BROUK အဖွဲ့က ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဦး တိုက်လျှောက်ထားခဲ့ပါတယ်။
BROUK အဖွဲ့ရဲ့ရှေ့နေအဖြစ် ၂ဝဝ၈ ကနေ ၂ဝ၁၄ ထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အဖြစ် ခြောက်နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အာဂျင်တီးနားရှေ့နေ Tomas Ojea Quintana က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment