Monday, June 8, 2020

မြန်မာခေါင်းဆောင်တွေကို တရားစွဲထားတဲ့ကိစ္စ အာဂျင်တီး နားတရားရုံး လက်ခံမလား (Skype ဆက်သွယ်မေးမြန်းခန်း)

VOA
 ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
08 ဇွန်၊ 2020 

  မြန်မာစစ်ဖက်နဲ့ အရပ်ဖက် ထိပ်တန်းခေါင်းဆောင် တဒါဇင်ကျော်ကို ရာဇဝတ်ကျူးလွန်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေအရ စွဲထားတဲ့အမှုကို အာဂျင်တီးနား ပြည်ထောင်စုတရားရုံးက လက်ခံ ဖို့နီးစပ်နေပြီလို့ ဗြိတိန်အခြေ စိုက် မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင်က ဗွီအိုအေ ကိုပြောပါတယ်။
ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက ရိုဟင်ဂျာတွေ အတင်းအကျပ်မောင်းထုတ်ခံရမှုကို စုံစမ်းစစ်ဆေးမယ့် ကိစ္စ နဲ့ အခု အာဂျင်တီးနားတရားရုံးချုပ်က ကိုင်တွယ်မယ့်မြန်မာကိစ္စ တူညီမှုရှိမရှိ သေချာအောင် စုံစမ်းနေ ကြောင်း အာဂျင်တီးနားအစိုးရ ရှေ့နေတွေက အကြောင်းကြားခဲ့တယ်လို့ ဦးထွန်းခင်က ပြောပါတယ်။ ဒီလို အာဂျင်တီးနားဘက်က ရှေ့ဆက်ဆောင်ရွက်လာတာဟာ သူတို့စွဲထားတဲ့အမှုကိုလက်ခံမယ့် အခြေအနေ လို့ မြင်ကြောင်း ဦးထွန်းခင်က ဆိုပါတယ်။

ဦးထွန်းခင် ကိုယ်တိုင်လည်း အာဂျင်တီးနီးနိုင်ငံကိုသွားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စု ကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဖက်၊ အရပ်ဖက် ခေါင်းဆောင် အများအပြားကို ရိုဟင်ဂျာ မူစလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်ကျူးလွန်မှု၊ လူ သားထုအပေါ် ရာဇ ဝတ်ကျူးလွန်မှု စတဲ့ စွဲချက်သုံးချက်နဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က အခြား လူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ အာဂျင်တီးနားဗဟိုတရားရုံးမှာ “Universal Jurisdiction” နိုင်ငံတကာ ဥ ပဒေချိုးဖောက်မှု မှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် နဲ့ အမှုတင်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို အာဂျင်တီးနား တရားရုံးအမှုကို တုန့်ပြန်ချေပစရာ အကြောင်းမရှိဘူးလို့ ပြောဆိုထားပါတယ်။

ခြောက်လအတွင်း အာဂျင်တီးနားတရားရုံးချုပ်ဘက်က မြန်မာအမှုကို ရှေ့ဆက်ဆောင်ရွက်လာတဲ့ အခြေ အနေနဲ့ ပတ်သက်လို့ မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေး မြန်း ထားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */