ဗွီအိုအေ (မြန်မာဌာန)
06 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
မြန်မာစစ်ဖက်နဲ့ အရပ်ဖက် ခေါင်းဆောင်တွေက ခုခံချေပဖို့ မရှိဘူးဆိုရင်လည်း အာဂျင်တီးနာတရား ရုံးက သူတို့တိုင်ကြားချက်ကို လက်ခံမယ်ဆိုရင် အမှုကိုဆက်လက်စီရင်သွားနိုင်ကြောင်း လူ့အခွင့် အရေးရှေ့နေ Tomas Ojea Quintana က ဗွီအိုအေကို ပြောပါတယ်။
ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရာဇဝတ်ကျူးလွန်မှုဆိုတဲ့ စွဲချက်နဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို သာ မက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ သမ္မတဟောင်းတွေ ဖြစ်တဲ့ ဦးသိန်းစိန် နဲ့ ဦးထင်ကျော်တို့ ကိုပါ universal jurisdiction နိုင်ငံတကာဥပဒေချိုးဖောက်မှုမှန်သမျှ ကမ္ဘာ့နေ ရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဆိုတဲ့မူနဲ့ အာဂျင်တီးနား တရားရုံးမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က အမှုဖွင့်တိုင် ကြား ထားတာဖြစ်ပါတယ်။ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့နဲ့ အာဂျင်တီးနား လူ့အခွင့်အရေးအဖွဲ့ တချို့ပူးပေါင်းပြီး အမှုဖွင့်ထားတာပါ။
အဲဒီထဲက အာဂျင်တီးနားလူ့အခွင့်အရေး ရှေ့နေ Tomas Ojea Quintana က အကျိုးဆောင်ဥပဒေပ ညာရှင် အဖြစ် လိုက်ပါဆောင်ရွက်နေတာပါ။ သူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ် စား လှယ်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိ တောင်ကိုရီးယားဆိုင်ရာ ကုလသမဂလူ့အခွင့် အရေး အထူးကိုယ်စားလှယ်ဖြစ်ပါတယ်။ သူ့ကို Skype ကနေ တဆင့် မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
အင်ကြင်းနိုင် ။ ။ အာဂျင်တီးနားတရားရုံးမှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အရပ်သားခေါင်း ဆောင်တွေကို အမှုဖွင့်လျှောက်ထားတဲ့ နောက်ဆုံးအခြေအနေ ဘယ်ရောက်နေပြီလဲရှင့်။
Mr. Quintana ။ ။ အခုလက်ရှိ အစိုးရှေ့နေတွေရဲ့ လက်ထဲမှာ အမှုလျောက်ထားချက်ရောက်နေပြီး သူတို့ အမှုစွဲချက်တွေကို လေ့လာသုံးသပ်နပါတယ်။ လာမယ့်သတင်းပတ်တွေမှာ သူတို့ဘက်က အမှုကို လက်ခံဖို့ရှိမရှိ ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ အစိုးရရှေ့နေရဲ့ ဆုံးဖြတ်ချက်ကို ကျနော် တို့ စောင့်နေတာပါ။ တကယ်လို့ အမှုကို သူတို့ လက်ခံမယ်ဆိုရင်တော့ ကျနော်တို့ စုစည်းတင်ပြထားတဲ့ သက်သေအထောက်အထားတွေနဲ့ အမှုကို ဆက်လက်စစ်ဆေး စီရင်သွားဖို့ရှိပါတယ်။
အင်ကြင်းနိုင်။ ။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုပြီး တရားစွဲတဲ့နေရာမှာ နိုင်ငံ တော်အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရင်သမ္မတဟောင်းဖြစ်တဲ့ ဦးထင်ကျော်နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့် စတဲ့ အရပ်သားခေါင်းဆောင်တွေရဲ့ နာမည်တွေကို ဘာကြောင့် ထည့်သွင်းခဲ့ရသလဲရှင့်။
Mr. Quintana ။ ။ ရောမစာချုပ်အရ လူမျိုးတုန်းသတ်ဖြတ်မှု အဓိပ္ပါယ်မှာ- လူအုပ်စုနေထိုင်တဲ့ တစိတ် တ ပိုင်း ကို ဖျက်စီးမယ်ဆိုပြီး တွက်ချက်ပြီးတော့ လူတွေရဲ့ အသက်ရှင် နေထိုင်မှု အခြေအနေကို တမင်သက် သက် ပျက်စီးဆုံးရှုံးအောင်လုပ်တဲ့ အပြုအမှုဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါက ICC နိုင်ငံတကာရာ ဇ ဝတ် ခုံရုံးကို ဖြစ်ပေါ်စေခဲ့တဲ့ ရောမစာချုပ်မှာ ဖွင့်ဆိုထားတဲ့ လူမျိုးတုန်းသတ် ဖြတ်မှု အဓိပ္ပါယ်ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တာဝန်ယူတဲ့ အစိုးရကာလမှာရော အခြားနှစ်တွေ တလျောက်လုံးမှာပါ မတူ တဲ့ မူဝါဒတွေ အကောင်အထည်ဖေါ်ခဲ့တယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့လည်း လူအုပ်စု နေထိုင်တဲ့ အခြေအနေကို ဖျက်စီးမယ်ဆိုပြီး တွက်ချက်ပြီးတော့ တမင်သက်သက်ပျက်စီးအောင် အစီအစဉ်တကျ လုပ် ခဲ့တာတွေ ရှိနေခဲ့တာပါ။
ဒါကြောင့် ကျနော်တို့ တရားရုံးနဲ့ အစိုးရရှေ့နေ ကို လျောက်ထားမေးမြန်းထားတာက လူမျိုးတုန်းသတ်ဖြတ် မှုမှာ တာဝန်ရှိသူတွေ အားလုံးရဲ့နာမည်ကို သူတို့ရဲ့ စုံစမ်းစစ်ဆေးမယ့် စာရင်းထဲ ထည့်သွင်းဖို့ ဖြစ်ပါတယ်။ ဒါကလည်း စုံစမ်းစစ်ဆေးမှု ကြိုတင်ပမာဏအဆင့်တွေမှာပဲ ရှိပါသေးတယ်။ ၂၀၁၇ခုနှစ် နဲ့ အဲဒီမတိုင်ခင်က ရခိုင်ပြည်နယ်မှာ စစ်တပ်ကျူးလွန်တဲ့ ရက်စက်မှုတွေမှာ အစိုးရပါ အတူတကွပါဝင်နေတယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ဥပမာ- လွတ်လပ်စွာသွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းနဲ့ ကလေးမွေးဖွားနှုန်း အပါအဝင် အစိုးရအကောင်အထည်ဖေါ်တဲ့ အခြားမူဝါဒပိုင်း တော်တော်များများဟာ ရိုဟင်ဂျာတွေအပေါ် ကန့်သတ်ဖိနှိပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီနားတရားရုံးအနေနဲ့ စတင်စုံစမ်းဖို့နဲ့ ဒီပြစ်မှုကျူး လွန် မှုတွေအတွက် တာဝန်ရှိသူအားလုံးကို စုံစမ်းစစ်ဆေးဖို့ ကျနော်တို့ တောင်းဆို ထားတာဖြစ်ပါတယ်။
အင်ကြင်းနိုင် ။ ။ ဒီလို universal jurisdiction အရ အာဂျင်တီးနားကနေ အခြားနိုင်ငံတနိုင်ငံရဲ့ ခေါင်း ဆောင် တွေကို နိုင်ငံတကာ ဥပဒေချိုးဖောက်မှုနဲ့ ပတ်သက်လို့ စစ်ဆေးစီရင်တာမျိုး နိုင်ငံတ ကာမှာ ဖြစ်တောင့် ဖြစ် ခဲ ကိစ္စဖြစ်ပြီး ရှုပ်ထွေးတဲ့အပိုင်းတွေရှိနေတော့ တကယ့်လက်တွေ့မှာ ပြရုပ်သက်သက်ပဲ ဖြစ်သွားမလား။
Mr. Quintana ။ ။ တကယ့်လက်တွေမှာဆိုရင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်း FFM က ထုတ်ပြန်တဲ့ အစီရင်ခံစာ အလွန်အရေးကြီးပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုကို ရည်ရွယ်ပြီး ကျူး လွန်တဲ့ လ က္ခဏာရပ်တွေ အဲဒီမှာရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အဲဒီအစီရင်ခံစာထဲမှာ ရှိနေတာပါ။ ဒါ အ ပြင် FFM ရဲ့အစီရင်ခံစာမှာ နိုင်ငံတကာအနေနဲ့ universal jurisdiction ကို အသုံးပြုကြဖို့ တိုက်တွန်းထား ပါ တယ်။ ဒီအချက်ဟာ အစီရင်ခံစာမှာ အတိအကျ အကြံပြုထားတဲ့အချက်ဖြစ်ပါတယ်။ အဲတော့ ဒီစီရင် ပိုင်ခွင့် မှာ အငြင်းပွားစရာ အချက်တချို့ရှိနေတယ်ဆိုပြီး ကမ္ဘာ့နိုင်ငံ အတော်များများက လိုက်နာကျင့်သုံးတာမျိုး မရှိတဲ့အနေအထားမှာ ဆိုရင်တော့ မေးခွန်းမေးသလိုမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ်လို့ universal jurisdiction ဆိုတာ နိုင်ငံတကာမူဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းပါဝင်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့တဲ့ အထဲမှာ အာဂျင်တီးနား၊ ဂျာမနီနဲ့ အခြားနိုင်ငံတချို့မှာ ဒီလို အမှုစီရင်တဲ့ အတွေ့အကြုံတွေ ရှိထားပါတယ်။ ဒါကြောင့် ပြရုပ်သက်သက်ပဲဆိုတာမျိုး မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။
အင်ကြင်းနိုင်။ ။ ဒါဆိုရင် အခုလို အမှုဖွင့်တိုင်ကြားချက်ရဲ့ ရလာဒ်က ဘာဖြစ်မလဲရှင့်။
Mr. Quintana ။ ။ ရလာဒ်မတိုင်ခင် စိန်ခေါ်မှုအများအပြားကို ကျနော်တို့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကမ္ဘာရဲ့ တဖက်ခြမ်းမှာရှိနေတဲ့ အာဂျင်တီးနား တရားရုံးအနေနဲ့ သက်သေအထောက်အထားတွေကို စစ်ဆေးတဲ့အ ခါမှာ အခက်အခဲ အမြောက်အများရင်ဆိုင်ရဖို့ ရှိနေတာပါ။ ညှင်းပမ်းနှိပ်စက်ခံရသူတွေ တရားရုံးထွက်ဆို မယ့်ကိစ္စ၊ တရားရုံးမှာ ထွက်ဆိုချက်တွေကို ကြားနာမယ့်ကိစ္စ စတာတွေဟာ တကယ့်စိန်ခေါ်မှုတွေပါ။ ဒါ တောင် ဒီလိုပထမအဆင့်မှာတင် စိန်ခေါ်မှုအကြီးအကျယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီနောက် တရားရုံး အနေနဲ့ ဒီ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ဘယ်လိုဆုံးဖြတ်ချက် ချမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ဖို့ လိုပါတယ်။
အင်ကြင်းနိုင်။ ။ အာဂျင်တီးနားတရားရုံးမှာ အခုလို အမှုဖွင့်တိုင်ကြားချက်ကို ဘာမှတုန့်ပြန်ဖို့မရှိဘူးလို့ မြန် မာအစိုးရက တုန့်ပြန်ထားပါတယ်။ ဒီအပေါ်မှာ Mr. Quintana ဘယ်လိုမြင်ပါလဲ။
Mr. Quintana ။ ။ အာဂျင်တီးနားမှာ တိုင်ကြားထားတဲ့အမှုက အလွန်ကို အရေးကြီးပြီး ရှင်းလင်းပြတ်သား ပါတယ်။ ပုဂ္ဂိုလ်တဦးချင်းစီကို အမှုဖွင့် တိုင်ကြားထားတာဖြစ်ပါတယ်။ အစိုးရကို တရားစွဲတာမဟုတ်သလို၊ မြန်မာနိုင်ငံကို တရားစွဲတာလည်း မဟုတ်ပါဘူး။ အာဂျင်တီးနား ဖွဲ့စည်းပုံအခြေခံဥပဒေအရရော လူ့အခွင့် အရေး ကြေညာစာတမ်းအရပါ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူအနေနဲ့ တရားရုံးမှာ ကိုယ့်ကိုကိုယ် ခုခံခြေ ပခွင့်ရှိသလို၊ ဥပဒေပိုင်းအရ တိုင်ပင်ဆွေးနွေးခွင့်ရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ သူတို့မှာ သူတို့အခွင့်အရေးရှိပါတယ်။ တကယ်လို့တရား ရုံးက အမှုကို လက်ခံပြီး ဆက်လက်စီရင်ဖို့ ဆုံး ဖြတ် ချက်ချခဲ့ရင် တရားရုံးမှာ ရင်ဆိုင်ဖို့ သူတို့တွေဘက်က ရှေ့နေရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ်လို့ သူ တို့ဘယ်လိုပဲ သဘောထားထား အမှုအတွက် အရေးမကြီးပါဘူး။ ရှေ့နေမပါပဲလည်း တရားရုံးကနေ အမှုကို ဆက်ပြီးစီရင်သွားနိုင်ပါတယ်။ ဒါပေမယ်လို့ အခုအမှုဖွင့်တိုင်ကြားတဲ့အထဲမှာ ပါနေသူအားလုံးကတော့ ရှေ့နေရှိဖို့ အခွင့်အရေးရှိနေပါတယ်။
Link : Her
 

No comments:
Post a Comment