VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 နိုဝင်ဘာ၊ 2019
14 နိုဝင်ဘာ၊ 2019
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် အပါအဝင် ထိပ်တန်း ခေါင်းဆောင် အများအပြားကို ရိုဟင်ဂျာ မူစလင်တွေအပေါ် လူမျိုးတုန်းသတ် ဖြတ် မှုနဲ့ စွပ်စွဲပြီး ရိုဟင်ဂျာတွေနဲ့ လက်တင်အမေရိက လူ့အခွင့်ရေး အဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ အာဂျင်တီး နား တရားရုံးမှာ တင်သွင်းခဲ့ပါတယ်။
ဒါဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ပထမဆုံး အကြိမ်အဖြစ် တရားရေးအရ ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားနိုင်ငံနဲ့ အခြားနိုင်ငံ အများအပြားရဲ့ ဥပဒေအရ လက်ခံထားတဲ့ နိုင်ငံတကာ စီရင်ပိုင်ခွင့် (universal jurisdiction) မူ အရ အာဂျင်တီးနားမှာ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်မှုတွေ အပါအဝင် ဆိုးဝါးတဲ့ လုပ်ရပ်တွေအတွက် ဘယ်နေရာမှာ မဆို ဒီစီရင်ပိုင်ခွင့် ဥပဒေအရ တရားစွဲဆို နိုင်တာ ဖြစ်ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူတွေ၊ အကူညီပေးသူတွေနဲ့ ဖုံးကွယ်ဖို့ လုပ်ဆောင်သူတွေကို ရာဇဝတ် ပြစ်မှုနဲ့ တရားစွဲဆိုနိုင်ဖို့ အခုလို လုပ်ဆောင်ရတာ ဖြစ်ပြီး၊ မြန်မာခေါင်းဆောင်တွေကို တခြားဘယ်နေရာ မှာမှ ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲဆိုဖို့ မဖြစ်နိုင်တဲ့ အတွက် အခုလို အာဂျင်တီးနားနိုင်ငံကနေ တဆင့် တရားစွဲ ဆိုရတာဖြစ်ကြောင်း တရားလိုရှေ့နေ Tomas Ojea က AFP သတင်းဌာနကို ပြောပါတယ်။
မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒါပေမယ့် အခွင့်အရေး ချိုး ဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ်၊ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံရမယ့် တာဝန်ကိုလည်း ရှောင် လွှဲမှာ မဟုတ်ဘူးလို့ ပြောထားတာပါ။
အာဂျင်တီးနား တရားရုံးက လုပ်ဆောင်နေတဲ့ တခြား နိုင်ငံတကာ စီရင်ပိုင်ခွင့် ဆိုင်ရာအမှုတွေထဲမှာ တ ရုတ်နိုင်ငံက Falun Gong လှုပ်ရှားမှု ဆိုင်ရာ အမှုအပြင် ကွယ်လွန်သူ စပိန်နိုင်ငံက အာဏာရှင်ဟောင်း Francisco Franco နဲ့ ဆက်နွယ်နေတဲ့ အမှုလည်း ပါဝင်ပါတယ်။

Link : Here
No comments:
Post a Comment