Thursday, November 14, 2019

ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနားမှာ တရားစွဲဆိုမှု အချုပ်အခြာထိပါးတယ်လို့ NLD ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
နေမျိုးထွန်း
2019-11-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်မှာ ၂ဝ၁၉ နိုဝင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဆွေးနွေးပွဲ တက်ရောက်စဉ် Photo: Thiha Tun/RFA 

ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ၂၀၁၇ တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာ ခုနှစ်သိန်း မောင်းထုတ်မှုနဲ့ ပတ်သက်ပြီး တရားစွဲ ဆို ချက်ကို NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က နိုင်ငံတစ်ခုရဲ့ အချုပ်အခြာကို ထိပါးနေတာဖြစ်လို့ လိုက်နာမှာမ ဟုတ်ဘူးလို့ RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

တပ်ချုပ် မင်းအောင်လှိုင် အပါအဝင်၊ တပ်မတော် ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ သမ္မတ ဟောင်း ဦးသိန်းစိန်နဲ့ အနားယူသွားတဲ့ သမ္မတဟောင်း ဦးထင်ကျော်နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့် တို့ကို လည်း တရားစွဲဆိုတဲ့ စာရင်းထဲမှာ ထည့်ထားပါတယ်။

ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုကို ငြင်းပယ်ချက်တွေ၊ ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းထဲရောက်အောင် တွန်းပို့ တာတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် အထက်ပါ ပုဂ္ဂိုလ်တွေမှာ တာဝန်ရှိတဲ့အတွက် တရားစွဲဆိုရ တာဖြစ် တယ်လို့ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့က ပြောဆိုထားပါတယ်။

NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ ဒီတရားစွဲဆိုမှုဟာ သက်သေအထောက်အထား ခိုင်လုံမှု မရှိဘူးလို့မြင်ကြောင်း တုံ့ပြန်ပါတယ်။ ဒါ့အပြင် သူက ဆက်လက်ပြီး လက်ရှိအစိုးရအနေနဲ့ ရခိုင်ပြည် နယ် မြောက်ပိုင်း အရေးအတွက် လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အရေးယူမှုတွေ လုပ်နေတယ် ဆို တာကို သိသာမြင်သာ ထုတ်ပြန်ပေးလျှက်ရှိကြောင်း ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */