" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Thursday, June 3, 2021

အောင်ဒင် - အမျိုးသားညီညွတ်ရေးအစိုးရနှင့် ရိုဟင်ဂျာ ဆိုင်ရာ မူဝါဒ (အပိုင်း ၁)

Moe Ma Ka
အောင်ဒင်
(မိုးမခ) ဇွန် ၂၊ ၂၀၂၁

မျှော်လင့်ချက်များ

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒတစ်ရပ်ကို မကြာခင် ထုတ်ပြန်ကြေညာတော့မယ် လို့ ကြားသိရပါတယ်။ ၂၀၂၁ ခုနှစ်၊ မြန်မာ့နွေဦးတော်လှန်ရေးကြီးရဲ့ ဦးဆောင်မှုတာဝန်ယူထားတဲ့ပြည်ထောင် စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ရဲရဲရင့်ရင့် ဖျက်သိမ်းခဲ့ပြီး စစ်အာဏာရှင်စနစ်ကြီးကို အမြစ်ပြတ်ချေမှုန်းရေး ဦးတည်ဆောင် ရွက်နေတာမို့ ဒီခေါင်းဆောင်များက ပြဋ္ဌာန်းမယ့် "ရိုဟင်ဂျာ ဆိုင်ရာမူဝါဒ" ဟာ အရင်အစိုးရများထက် ရှင်း လင်းပြတ်သားပြီး အများလက်ခံနိုင်လိမ့်မယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိလိမ့်မယ်၊ ရိုဟင်ဂျာများ မြန်မာနိုင်ငံအတွင်းကို ယုံယုံကြည်ကြည် ပြန်လာရဲလောက်အောင် စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အောင်ဒင် - အမျိုးသားညီညွတ်ရေးအစိုးရနှင့် ရိုဟင်ဂျာ ဆိုင်ရာမူဝါဒ - ၂

Moe Ma Ka
အောင်ဒင်
(မိုးမခ) ဇွန် ၃၊ ၂၀၂၁

(၂) နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေး ခံစားခွင့်များကို အာမခံခြင်း။

ရခိုင်တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်အချို့၊ အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်အချို့နဲ့ စကားပြော ကြည့် ဖူးပါတယ်။ အဲဒီ ခေါင်းဆောင်များကိုယ်တိုင်က ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လူမျိုးများနဲ့ အစ္စလမ် ဘာသာကိုးကွယ်သူများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထောက်ခံကြပြီး ဘူးသီးတောင်၊ မောင်တော မှာ နေထိုင်ကြတဲ့ အစ္စလမ်ဘာသာကိုးကွယ်သူအများစုဟာ နိုင်ငံသားဖြစ်ခွင့်ရှိတယ်လို့ လက်ခံထားကြတာ တွေ့ရပါတယ်။ သူတို့ စိတ်ပူတာကတော့ ရခိုင်ပြည်နယ်တစ်ခုအတွင်းမှာပဲ အစ္စလမ်ဘာသာဝင်တွေ သန်းနဲ့ ချီပြီး စုဝေးရောက်ရှိနေတာ။ မတူညီတဲ့ ဘာသာရေး ယုံကြည်မှုတွေကို အခြေပြုပြီး အသိုင်းအ ဝိုင်းနှစ်ခု အ ကြား ပဋိပက္ခတွေ အချိန်မရွေး ဖြစ်ပွားခဲ့၊ ဖြစ်ပွားနေတာတွေကိုပါ။ ဒါကြောင့်မို့ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ် မှု ဥပဒေကို နိုင်ငံတကာစံနှုံးများနဲ့အညီ ပြင်ဆင်ရေးဆွဲ (သို့မဟုတ်) အသစ်ရေးဆွဲပြီး ရိုဟင်ဂျာများထဲက နိုင်ငံ သားဖြစ်သင့်သူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့၊ အခုချက်ချင်း နိုင်ငံသားမဖြစ်ထိုက်သေး သူတွေကို လည်း ကာလအကန့်အသတ်တစ်ခုမှာ သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ ကိုက်ညီရင် နိုင်ငံသားဖြစ် ခွင့် ရှိမယ်ဆိုတဲ့ အာမခံချက်တွေ ပေးနိုင်ဖို့ လိုအပ်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအရေးနဲ့ ပတ်သက်လို့ NUG သဘောထားထုတ်ပြန် ကြေညာ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-06-03
၂ဝ၁၈ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒုက္ခသည်စခန်းမှာတွေ့ရတဲ့ ရိုဟင်ဂျာကလေးငယ်နှစ်ဦး။
File Photo/Reuters

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ ရိုဟင်ဂျာမူဆလင်တွေအနေနဲ့ နိုင်ငံသားတွေနည်းတူ တန်းတူ အခွင့် အရေး ရရှိရေးအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်နိုင်ဖို့ရေး ရိုဟင်ဂျာမူဝါဒ ဆိုင်ရာ သဘောထားကြေညာချက်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဇွန် ၃ ရက်နေ့ မှာ ထုတ်ပြန် လိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံတကာကူညီဖို့ UNHCR တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
03 ဇွန်၊ 2021
ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး နိုင်ငံတကာ အသိုင်းအ၀န်းက ဆက်လက် ပံ့ပိုးကူညီပေးကြဖို့ ဒီသီတင်း ပတ် ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၄ ရက်ကြာ ခရီးထွက်ခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးက ပြောဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ရေး၊ အဆင်ပြေပြေ နေထိုင်နိုင်ရေး အပြင်၊ ဘ၀ရှေ့ရေး ရေရှည်အတွက် အဖြေရှာနိုင်ဖို့ ဦးစားပေး ဆောင်ရွက်ကြဖို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီးတွေ ဖြစ်ကြတဲ့ Gillian Triggs နဲ့ Raouf Mazou တို့က ဗုဒ္ဓဟူးနေ့ ခရီးစဉ် အဆုံးသတ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားတာပါ။

ရိုဟင်ဂျာဆိုင်ရာမူဝါဒ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
03 ဇွန်၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသက Kutupalong ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်များ။ (ဧပြီ ၀၁၊ ၂၀၂၁)

NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒသစ် ကြေညာရာမှာ သူတို့အတွက် နိုင်ငံသားဖြစ်ရေး ခက်ခဲစေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းပြင်ဆင်ဖို့ရှိကြောင်း ထည့်ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ အဓိကပါတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ဖွဲ့ပေးခဲ့တဲ့ NUG အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေရေးပြီး အခုလိုလုပ်မှသာ ရိုဟင်ဂျာအရေး အထောက်အကူပြုဖို့ ယုံကြည်တယ်လို့ ဒီနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက် ရိုဟင်ဂျာအဖွဲ့ကြိုဆို

 B B C

ဘီဘီစီမြန်မာပိုင်း
03 ဇွန်လ2021

 

 အမျိုးသားညီညွတ်ရေးအစိုးရ က ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒ သဘောထားကို ထုတ်ပြန်လိုက်ပါတယ် ပြည်ထောင်စုတွေနေထိုင်ကြသူတွေဟာ လူ့အခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရှိစေရမယ် ဆိုတာအပါ အ ဝင် လူမျိုးအလိုက်ခံစားခွင့် နိုင်ငံသားအခွင့်အရေးခံစားခွင့်စတာတွေပေါ်မှာ ဒီမူဝါဒကို အခြေခံထားတယ်လို့ အန်ယူဂျီက ပထမဆုံးအကြိမ်ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ မူဝါဒ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေပြင်ဆင်တာ၊ ဒါမှမဟုတ် အသစ်ပြန်လုပ်တာ ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ပြီး တဲ့နောက်ပိုင်းမှာ လုပ်ဆောင်သွားမယ်လို့ ဆိုသလို ၂၀၁၇ ကိုဖီအာနန်အကြံပြုချက် ၈၈ ချက်ကလည်း ရိုဟင်ဂျာ အရေးဖြေရှင်းရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်သွားမယ်လို့ လည်း ဆိုပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရိုဟင်ဂျာပြည်သူတွေအပေါ် မူဝါဒနဲ့ ပတ်သက်လို့ ရိုဟင်ဂျာ လူမျိုးစု အသိုင်း အဝိုင်းကကော ဘယ်လို သဘောထားကြပါလဲ။ မြန်မာရိုဟင်ဂျာ အသင်း (UK)ရဲ့ ဥက္ကဌ ဉီးထွန်းခင်ကို ကိုရင် မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ 

Link : Here

ရိုဟင်ဂျာအရေး - အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒ အ ပေါ် ရိုဟင်ဂျာတွေ ဘယ်လိုမြင်လဲ

 B B C

ဘီဘီစီမြန်မာပိုင်း
03 June 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်အချို့

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇွန်လ ၃ ရက်နေ့မှာ "ရိုဟင်ဂျာ ပြည်သူများ ဆိုင်ရာ မူဝါဒ သဘော ထား"ကို ထုတ်ပြန်လိုက်ပြီးတဲ့နောက် ဒီမူဝါဒတွေထဲမှာ လိုလား အားတက်စရာ ကောင်းမွန်တဲ့အချက်တွေ ပါ တဲ့အတွက် ကြိုဆိုတယ်၊ တချို့အပိုင်း တွေမှာတော့ ဖြည့်စွက်စဉ်းစားစေလိုတယ်လို့ ရိုဟင်ဂျာ အသိုင်းအဝိုင်း က ပြောပါတယ်။

"ရိုဟင်ဂျာအပါအဝင် လူနည်းစုတွေနဲ့ (NUG က) ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာကို တွေ့ရတဲ့အတွက် ဒါက အတော်ကြိုဆိုစရာ ဖြစ်တယ်၊ အကြမ်းဖက်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာနာလာတာ၊ တရားမျှ တမှု အတွက် ကျူးလွန်သူတွေကို အပြစ်ပေးနိုင်အောင်လုပ်မယ်၊ နောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းစွာ ပြန်လာနိုင်အောင် လုပ်ဆောင်မယ် စတဲ့ အချက်တွေဟာလည်း သိပ်ကောင်းပါ တယ်"လို့ မြန်မာရိုဟင်ဂျာ အသင်း (ယူကေ) ရဲ့ ဥက္ကဌ ဦးထွန်းခင်က ဘီဘီစီကို ပြောပါတယ်။

Tuesday, June 1, 2021

ကုလအရာရှိကြီး ၂ ဦး Bhasan Char ကျွန်းကိုသွားရောက် ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
01 ဇွန်၊ 2021
Bhasan Char စခန်းမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံတဲ့UNHCR အရာရှိကြီး ၂ ဦး Photo: Muaazzem Hossain Shakil/VOA

ကုလမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အကြီးတန်းအရာရှိကြီး ၂ ဦးဟာ တနင်္လာနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည် တချို့ကို ပြောင်းရွှေ့နေရာချထားပေးနေတဲ့ Bhasan Char ကျွန်းကို သွားရောက်ခဲ့ပါတယ်။

ဒုက္ခသည်များအရေးဆောင်ရွက်မှုဆိုင်ရာ လက်ထောက်ကော်မရှင်နာမင်းကြီး Raouf Mazou နဲ့ ဒုက္ခသည် အကာကွယ်ပေးရေးဆိုင်ရာ လက်ထောက်ကော်မရှင်နာမင်းကြီး Gillian Triggs တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ဒုက္ခသည်စခန်းတွေကို မသွားခင် Bhasan Char ကျွန်းကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Monday, May 31, 2021

ယေန့ သတင်း( အမြန်ရှာရန် )မေလ၊၂၀၂၁

ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။

31.05.2021

မြင်းခြံတွင် အုပ်ချုပ်ရေးမှူးများ ဆက်တိုက်သတ်ဖြတ်ခံနေရ- Myanmar Now

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့မှာ ဗုံးကွဲ- RFA

အပစ်ရပ်ကာလ စစ်ကောင်စီ တစ်လ သက်တမ်းထပ်တို:- RFA

နမ့်ဖတ်ကာ စစ်ကောင်စီစခန်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဝင်တိုက်- RFA

AA နဲ့ ဆက်စပ်တရားစွဲထားတဲ့ ကလေး ၂၆ ယောက်အမှု စစ်ကောင်စီရုပ်သိမ်:- RFA

ကလေးမြို့ သာစည်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က သုံးဦးကျဆုံး- RFA

NUG အပေါ် မြန်မာမွတ်စလင်တို့ မျှော်လင့်ချက်ထား- VOA

မြန်မာ့အရေး အင်ဒိုဦးဆောင်ကြိုးပမ်းမှု အသိအမှတ်ပြု - ကန်ဒုနိုင်ငံခြားရေးဝန်ကြီး- VOA

စစ်ကောင်စီကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ICJ နဲ့ ပူးပေါင်းဆောင်ရွက်မည် (NUG)- VOA

မြန်မာ့စီးပွားရေး အကျပ်အတည်းနဲ့ စားနပ်ရိက္ခာရှားပါးမှု- VOA

ဒီးမော့ဆို-ဖရူဆိုလမ်း တံတားနှစ်စင်း မိုင်းခွဲ ဖျက်ဆီးခံရ- VOA

နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းအချို့ကို ရှမ်းမြောက်ညီနောင်မဟာမိတ်အဖွဲ့ တိုက်ခိုက်- VOA

၂ ဖက် အကျအဆုံးရှိတဲ့ ဗန်းမော်-ကသာ ကားလမ်းပေါ်က တိုက်ပွဲ- VOA

ရန်ကုန်လမ်းမတွေပေါ် စာဖြန့်ကြဲဆန္ဒပြ- VOA

30.05.2021

ကန်ပက်လက်တိုက်ပွဲမှာ စစ်ကောင်စီ ခြောက်ယောက်သေဆုံး- RFA

စစ်တပ်စခန်းတွေနဲ့ လက်အောက်ခံ ပြည်သူ့စစ်စခန်းတွေကို KIA တိုက်ခိုက် RFA

စစ်ကောင်စီက ကားလမ်းတွေပိတ်ထားလို့ ကယားဒုက္ခသည်တွေ စားနပ်ရိက္ခာခက်ခဲနေ- RFA

ကသာမှာ စစ်ကောင်စီကို PDF နဲ့ KIA ပေါင်းတိုက်၊ စစ်သား ၁၀ ယောက်သေဆုံး- RFA

ကချင်ပြည်နယ်က လေးမြို့နယ်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲပြင်းထန်- RFA

ကယားပြည်နယ်တွင်း ပစ်ခတ်ဖမ်းဆီးမှုတွေ ဆက်ဖြစ်နေ- VOA

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပုဂံမြို့သစ်မှာ လူငယ်တဦး သေဆုံး-VOA

အာဆီယံပဋိညာဉ်ပါ လူ့အခွင့်အရေး ဖော်ဆောင်ဖို့ AI တိုက်တွန်- VOA

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်- VOA

NUG ပြည်သူ့ကာကွယ်ရေးတပ် ပထမအသုတ် သင်တန်းဆင်-VOA

29.05.2021

မကွေးမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်၊ စစ်တပ်သား ငါးဦး ဒေသခံ သုံးဦး သေဆုံ:- RFA

ထားဝယ်မှာ သပိတ်ခေါင်းဆောင်တွေ အပါအဝင် ကျောင်းသား ၁၄ ဦး ဖမ်းဆီးခံရ- RFA

ကန်ပက်လက်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲပြင်းထန်နေ- RFA

စစ်ကိုင်းတိုင်း ခင်ဦးမှာ သတင်းပေးနဲ့ ရွာတာဝန်ခံတို့ အသတ်ခံရ- RFA

ပူတာအိုမှာ စစ်ကောင်စီယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်- RFA

ဒီးမော့ဆိုရဲစခန်း ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်- VOA

မြန်မာ့အရေး ကူညီကြိုးပမ်းပေးဖို့ ဗီယက်နမ်ကို ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်-VOA

ဖမ်းဝရမ်းထုတ်ခံထားရသူရဲ့ မိခင်ဖြစ်သူ ထောင် ၃ နှစ် ချမှတ်ခံရ- VOA

28.05.2021

ဒီးမော့ဆိုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကြောင့် အရပ်သားတစ်ဦး သေဆုံ:- RFA

ဒီးမော့ဆိုမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြား တိုက်ပွဲဖြစ်နေဆဲ- VOA

ဂန့်ဂေါဒေသဘက်မှာ နှစ်ဘက်ပစ်ခတ်မှုဖြစ်၊ ရွာသားသုံးဦးသေဆုံ:- VOA

"မြန်မာပေါ်ဒဏ်ခတ်အရေးယူမှု လိုက်နာမယ်" - Total ကုမ္ပဏီ CEO- VOA

27.05.2021

မြန်မာသမိုင်းတလျှောက် အမှောင်မိုက်ဆုံးအချိန်ကို ရင်ဆိုင်နေရဟု ဒေါက်တာဆာဆာပြော- DVB

NUG ရဲ့အခန်းကဏ္ဍ ကန်ရီပတ်ဘလစ်ကန်ခေါင်းဆောင် အလေးထား- VOA

WHO ညီလာခံကို စစ်ကောင်စီတက်ရောက်ခွင့် ဆိုင်းငံ့ခံရမှု NUG ကြိုဆို- VOA

စစ်တပ်ရဲ့အကြမ်းဖက်မှု ပြည်တွင်းစစ်မီးကို တောက်လောင်စေတယ်လို့ PPST ပြော- RFA

26.05.2021

ချက်နိုင်ငံက အသိအမှတ်ပြုလိုက်တဲ့ NUG ကိုယ်စားလှယ်နဲ့ ဘီဘီစီ- BBC

နိုင်ငံတကာ ဒဏ်ခတ်မှုတွေကြောင့် အရပ်သားအုပ်ချုပ်မှု ပြန်လည်ဖြစ်ထွန်းရေး အထောက်အကူဖြစ် (ကုလအထူးကိုယ်စားလှယ် Tom Andrew)- VOA

ကုလအထွေေညီလာခံဥက္ကဋ္ဌ နဲ့ ဝန်ကြီးချုပ် Sheikh Hasina ရိုဟင်ဂျာဒုက္ခသည် အရေးဆွေးနွေး- VOA

ကုလဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို အစားထိုးဖို့ စစ်ကောင်စီကြိုးပမ်း -RFA 

မြန်မာ့အရေး အမေရိကန်ကူညီမှု ဆွေးနွေးပွဲ NUG ခေါင်းဆောင်တွေ တက်ရောက်- RFA

25.05.2021

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီအကာအကွယ်ပေးနေထိုင်ခွင့် လျှောက်ထားနိုင်ပြီ- VOA

စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီးရဲ့ ညီဖြစ်သူ စစ်ကြောရေးမှာ သေဆုံး- RFA

24.05.2021

ဝါရှင်တန်ဒီစီ NUG အစိုးရ ထောက်ခံပွဲ- VOA

ရိုဟင်ဂျာအသုံးအနှုန်း လက်မခံ - ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် -VOA

ရိုဟင်ဂျာဆိုင်ရာမူဝါဒ NUG ရှင်းလင်းချက် - VOA

ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးထုတ်- RFA

တိုင်းရင်းသားတွေနဲ့ ထိရောက်စွာ တိုင်ပင်လုပ်ဆောင်ဖို့ NUG ကို SNLD ခေါင်းဆောင်တိုက်တွန်:- RFA

23.05.2021

မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေ တိုက်တွန်း- VOA

NLD ပါတီ ဖျက်သိမ်းနိုင်ကြောင်း ကော်မရှင်ပြောဆိုမှု EU သတိပေး- VOA

အမေရိကန်အနေနဲ့ NUG ကိုအပြည့်အဝထောက်ခံဖို့ ၀ါရှင်တန်ဒီစီမှာ ချီတက်ဆန္ဒပြ -VOA

NUG ကို အသိအမှတ်ပြုဖို့ အမေရိကန်ရောက် မြန်မာတွေ တောင်းဆို- RFA

22.05.2021

စိတ်ချရတဲ့ အခြေအနေမှာ ရွေးကောက်ပွဲလုပ်ပေးမည် - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်-VOA

မြန်မာ နဲ့ R2P- RFA

21.05.2021

ကိုဗစ်ကူးစက်မှု အခြေအနေ ကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ သွားလာမှု ထိန်းချုပ်-VOA

ရခိုင်မြောက်ပိုင်းက စစ်ရေးပဋိပက္ခ မပြေလည်နိုင်သေး -RFA

20.05.2021

19.05.2021

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ဆဲ-VOA

ရိုဟင်ဂျာ ဒုက္ခသည်အရေး အလျှူရှင်ညီလာခံ- VOA

ရိုဟင်ဂျာပဋိပက္ခ ရေရှည်ခိုင်မာတဲ့အဖြေရှာဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း- VOA

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် အကူအညီ တိုးပေးမည်- VOA

18.05.2021

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာသန်း ၃၄၀ အကူအညီကတိကဝတ် ရရှိ- VOA

17.0.2021

မြန်မာအပေါ် အမေရိကန်အရေးယူဒဏ်ခတ်စာရင်းတိုး -VOA

စစ်ကောင်စီရဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းကို ဗြိတိန် ပိတ်ဆို့အရေးယူ- RFA

16.05.2021

စစ်သုံးလက်နက်တွေနဲ့ နှိမ်နင်းမှုတွေ မလုပ်ဖို့ မြန်မာအာဏာပိုင်တွေကို အမေရိကန် တောင်းဆို- VOA

မြန်မာနိုင်ငံ စားနပ်ရိက္ခာ အခက်အခဲအတွက် ဂျပန်နိုင်ငံ ဒေါ်လာ ၄ သန်းထောက်ပံ့- VOA




 

13.05.2021

မြန်မာစစ်ခေါင်းဆောင်တွေ ဘာသာခြားနဲ့ လူနည်းစုနှိပ်ကွပ်မှုအတွက် တာဝန်ရှိ (ကန်ဝန်ကြီး Blinken)- VOA

12.05.2021

မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ဘယ်လောက် ဆိုးရွားနေလဲ- BBC

စစ်ဘေးဒုက္ခသည် ကူညီပေးရေး ပိုခက်ခဲလာ (PRAD အဖွဲ့ဥက္ကဋ္ဌ Steve Guamer)- VOA

ရခိုင် မောင်တောမှာ နယ်ခြားစောင့်ရဲနဲ့ ARSA တိုက်ပွဲဖြစ်- VOA

မြန်မာစစ်တပ်ကို ဖိအားပေးဖို့ စီးပွားရေးလုပ်ငန်းတွေကို ကုလလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်- VOA

တရုတ်နဲ့လုပ်မယ့် ကုန်သွယ်ရေးသဘောတူညီချက် EU ဆိုင်းငံ့- VOA

နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ KNU ဥက္ကဌ ရဲ့ ကြေညာချက် တပ်မဟာ တချို့ကို ကိုယ်စားမပြု- VOA

11.05.2021

မြန်မာနိုင်ငံက အခြေအနေတွေကို တုန်လှုပ်မိကြောင်း ကုလပြောကြာ- RFA

စစ်ကောင်စီ ထိန်းချုပ်မရခဲ့တဲ့ အာဏာသိမ်း ရက် ၁ဝဝ- RFA

KNU ဥက္ကဋ္ဌရဲ့ တွေ့ဆုံဆွေးနွေးရေးဆက်လုပ်မယ့်သဘောထားအပေါ် တုံ့ပြန်ချက်များ- BBC

မြန်မာ သတင်းထောက် ၃ ဦးဖမ်းခံရပြီး ထိုင်းကိုထွက်ပြေးလာသူတွေ စိုးရိမ်နေ- BBC

10.05.2021

KNU ဥက္ကဋ္ဌ စစ်ကောင်စီနဲ့ဆွေးနွေးလိုမှုအပေါ် တုံ့ပြန်ချက်များ- RFA

09.05.2021

08.05.2021

G7 နိုင်ငံခြားရေးဝန်ကြီးတွေ စစ်ကောင်စီကို သတိပေး “မေ ဒုသီတင်းပတ် သတင်းစုစည်းမှု”- VOA

နိုင်ငံတကာအရေး ထိရောက်အောင်ဖြေရှင်းဖို့ ကုလလုံခြုံရေးကောင်စီကို အမေရိကန်တိုက်တွန်- VOA

မြန်မာ့အရေး အမေရိကန်အထူးကိုယ်စားလှယ်ခန့်ဖို့ အမေရိကန်၊ အာဆီယံစီးပွားရေးကောင်စီ တောင်းဆို- VOA

မိုးမောက် တာဝါတိုင်စခန်း တပ်မတော် ပြန်လည်သိမ်းယူ- VOA

မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုသတင်းဖော်ပြတဲ့ ပြင်သစ်သတင်းစာမှာ Total ကုမ္ပဏီ ကြော်ငြာရပ်- VOA

စစ်ကောင်စီက ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခြင်း ရှိ၊မရှိ KIA စုံစမ်း- RFA

စစ်ကောင်စီတပ်စခန်း တစ်ခု ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF သိမ်းပိုက်- RFA

မြန်မာ့အရေး ဖြေရှင်းဖို့ အမေရိကန် အထူးသံတမန် ခန့်အပ်ပေးဖို့ တောင်းဆို- RFA

07.05.2021

KIA နဲ့ဖြစ်နေတဲ့ မိုးမောက်တိုက်ပွဲမှာ စစ်တပ်က လေကြောင်းက တိုက်ခိုက်နေ- VOA

ထိုင်းရောက်မြန်မာတွေ NUG အစိုးရကို ဘတ်ငွေ နှစ်သန်း လှူဒါန်း- VOA

လွတ်မြောက်နယ်မြေ စစ်သင်တန်းသစ်တခု စတင်- RFA

06.05.2021

စစ်ကောင်စီလုပ်ရပ်တွေ ပြန်မပြင်ရင် G7 နောက်ထပ်အရေးယူရန် အသင့်- VOA

မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ လုံခြုံရေးကောင်စီကို နိုင်ငံတကာအဖွဲ့အစည်း ၂၀၀ ကျော် တိုက်တွန်-VOA
 


အာဏာရှင်တိုက်ပွဲက အရေးကြီးတဲ့ ပြောက်ကျားစစ်- RFA

05.05.2021

ကန်အောက်လွှတ်တော်ကြားနာပွဲ မြန်မာသံအမတ်ကြီးတင်ပြချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြိုဆို 05 မေ၊ 2021 အင်ကြင်းနိုင်- VOA

NUG က ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း ကြေညာ- VOA

ကန်အောက်လွှတ်တော်ကြားနာပွဲ မြန်မာသံအမတ်ကြီးတင်ပြချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြိုဆို- VOA



စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်တန့်ဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ်- RFA

04.05.2021

စစ်ကောင်စီတပ်နဲ့ KIA တပ် မန်စီတိုက်ပွဲမှာ ရဲမှူးသေဆုံးပြီး စခန်းမှူးဒဏ်ရာရ- RFA

စစ်ကောင်စီ ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချက်ချင်းလွှတ်ဖို့ ကုလ တောင်းဆို- VOA

မြန်မာ့ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်တည့်မတ်ရေး ကန် နဲ့ ဗြိတိန် ၀န်ကြီး ၂ ဦး ပူးတွဲရှင်းလင်- VOA

03.04.2021

ပြည်မြို့မှာ ပါဆယ်ဗုံးပေါက်ကွဲ၊ လွှတ်တော်အမတ်တစ်ဦး အပါအဝင် ငါးဦးသေဆုံ:-RFA

02.05.2021

မြန်မာ့ဒီမိုကရေစီရေး အီးယူနဲ့ ပူးပေါင်းဆောင်ရွက်နေ - ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီ- VOA

အရေးပေါ် အခြေအနေမှာ သုံးစွဲနိုင်တဲ့ ESS နဲ့ မြန်မာ- RFA

01.05.2021 

၂၀၂၁ မြန်မာစစ်အာဏာသိမ်း- ဖမ်းဆီးတရားစွဲခံရသူတွေရမယ့် ဥပဒေအကူအညီတွေကို စစ်ကောင်စီ လျှော့ချဖြတ်တောက် -BBC

အာဆီယံဆုံးဖြတ်ချက်နောက်ကို မလိုက်ဖို့ လုံခြုံရေးကောင်စီကို သတိပေး- RFA

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ လေသံလျှော့ခဲ့ရ- VOA

KNU နယ်မြေမှာ စစ်ကောင်စီက တစ်ရက်တည်းလေးကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KNU ထုတ်ပြန်- RFA

စစ်ကောင်စီက အမျိုးသမီးတွေကို နှိပ်စက်မှုအပေါ် အရေးယူနိုင်ရေး- RFA

မှတ်ပုံတင် ၄ သန်းနီးပါး ထုတ်ပေးမယ်လို့ စစ်ကောင်စီကြေညာ- BBC

စစ်ကောင်စီကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ICJ နဲ့ ပူးပေါင်းဆောင်ရွက်မည် (NUG)

VOA
ဗွီအိုအေ (မြန်မာပိုင်း)
31 မေ၊ 2021
ICJ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး NUG ထုတ်ပြန်ချက်။ (မေ ၃၀၊ ၂၀၂၁)


အရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်း စစ်ကောင်စီရဲ့ အရပ်သား ပြည်သူတွေအပေါ် ကျူးလွန်တဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေ၊ ရာဇဝတ်ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစီရင်မှု ခံယူနိုင်ဖို့ အလေးအနက် စဉ်းစားလုပ်ဆောင်နေတယ်လို့ မေလ ၃၀ တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) ၊မလေ၊ ၂၀၂၁

 အသံဖိုင်များကို " သတင်းနားဆင်ရန်လင့် " တွင်ကလစ်လုပ်၍ နားဆင် နိုင်ပါသည်။ 


အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်။

ရက်စွဲ့
သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဉ်
31.05.2021
VOA
VOA
VOA
31.05.2021
BBC
BBC
BBC
31.05.2021
RFA
RFA
RFA

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း+ မြဝတီ )မေလ ၊၂၀၂၁

မြန်မာ့အလင်း သတင်းစာ

31.05.2021

Saturday, May 29, 2021

လက်နက်ကိုင်တိုက်သူတွေ လူ့အခွင့်အရေးပေါ် ဘယ်လို သဘောထားသင့်လဲ (ဦးအောင်မျိုးမင်းနှင့် ဆက်သွယ် မေး မြန်းချက်)

VOA
ဗွီအိုအေမြန်မာပိုင်း
တိုက်ရိုက်လေလှိုင်း
ကျော်ကျော်သိန်း
25 မေ၊ 2021 


စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ထဲက လက်နက်ကိုင်ပြီး ခုခံတိုက်ခိုက်တဲ့နည်းလမ်းကို ရွေးချယ်ကြ တာမှာ စစ်ကိုမုန်းလို့ စစ်ကိုတိုက်ပါတယ်လို့ ပြောသည့်တိုင်အောင် လုပ်ရပ်တွေ မှားယွင်းသွားရင် လက်နက် ကိုင်တိုက်ပွဲကနေ အကြမ်းဖက်လုပ်ရပ်အဆင့် ရောက်သွားနိုင်တာမို့ သတိပြုထိန်းသိမ်းလုပ်ဆောင်ဖို့ ကြား ကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာအသုံးအနှုန်း လက်မခံ - ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်

 VOA
24 မေ၊ 2021
ဗွီအိုအေ (မြန်မာဌာန)
Rohingya refugees walk in market area inside a refugee camp in Ukhia on April 6, 2021 during the second day of weeklong government-imposed lockdown amid an increase of COVID-19 coronavirus cases. (Photo by Miraj KATEB / AFP)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ အညီဖြစ်မှသာ ပြန်လက်ခံမယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီ ဒုက္ခသည်တွေပြန်လက်ခံရေးမှာ မြန်မာ့ဥပဒေနဲ့ ညီညွှတ်မှုမရှိရင် ထည့်သွင်းစဉ်းစားလို့မရနိုင်ဘူလို့ တရုတ်နိင်ငံက Phoenix ရုပ်သံမေးမြန်းခန်းမှာ မြန်မာစစ်ခေါင်းဆောင်က ပြောဆိုသွားတာပါ။

၂၀၁၇ ခုနှစ်ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တပ်ရဲ့ နှိမ်နှင်းမှုတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာ တသန်းနီးပါးရှိပြီး၊ ဒါဟာ လူမျိုးတုံးအောင် ရည်ရွယ်လုပ်ဆောင်မှုဖြစ်တယ်လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေက ပြောဆိုထားပါတယ်။

ဂျာမနီကကိုလိုနီခေတ်တွင်နမီးဘီးယားတွင်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟုပြောကြား

VOA
AFP
‌မေလ 28 ရက်, 2021

နမီးဘီးယာ:
ဘာလင် -ဂျာမနီသည်ကိုလိုနီကိုလိုနီခေတ်တွင်နမီးဘီးယား၌လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့  ကြောင်းပထမ ဆုံးအကြိမ်သောကြာနေ့ကအသိအမှတ်ပြုခဲ့သည်။ ဘာလင်က အာဖရိကနိုင်ငံများမှ စီမံကိန်းများကို ကူညီရန် ယူရိုတစ်ဘီလီယံကျော်တန်ဖိုးရှိဘဏ္ဍာရေးအထောက်အပံ့ပေး မည်ဟု ကတိပေးခဲ့သည်။

၂၀ ရာစုကိုလိုနီနယ်မြေအတွင်းအာဖရိကအနောက်တောင်ပိုင်းတွင်မျိုးဖြုတ်သုတ်သင်မှုကျူးလွန် ကြောင်းဂျာ မနီအသိအမှတ်ပြုကြောင်းနမီးဘီးယားနိုင်ငံကသောကြာနေ့တွင်ကြိုဆိုလိုက်သည်။


Wednesday, May 26, 2021

အကြမ်းဖက်နှိမ်နင်းမှုကြောင့် ပြည်တွင်းစစ်ကို ဦးတည်နိုင် (Christine Schraner Burgener)

အင်ကြင်းနိုင်
25 မေ၊ 2021

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်းစစ် ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်း စစ်ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံကို လာဖို့ အချိန်မတန်သေးဘူးလို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သူနဲ့ လူချင်းတွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့လည်း Burgener က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကွန်ဖရင့်ကနေ ပြောခဲ့ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်အပေါ်လေ့လာ စုံစမ်း

Radio Free Asia ( RFA )
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-05-25
ဗြိတိန်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းဖို့ အစည်းအဝေး တစ်ရပ်ကို မနေ့က ကျင်းပခဲ့ရာမှာ NUG အစိုးရရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာ ဆာက NUG အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို တင်ပြခဲ့ပါတယ်။ အလားတူ တက်ရောက်လာတဲ့ တိုင်းရင်း သား နဲ့ အရပ်ဘက်ခေါင်းဆောင်တွေကတော့ ဗြိတိန်အစိုးရဟာ မြန်မာ့အရေး လုပ်ဆောင်ရာမှာ တိုင်းရင်း သားလူနည်းစုတွေရဲ့အသံကို နားထောင်ပြီး လုပ်ဆောင်မှု အားနည်းနေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

မောင်တော၌ လုပ်ငန်းရှင် မွတ်စလင်သားအဖကို လက်နက် ကိုင်အဖွဲ့က ဖမ်းသွား

ဧရာဝတီ
26 May 2021
ရခိုင်ပြည်နယ် မောင်တောမြို့

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ် ကညှင်တန်းရပ်ကွက်ရှိ ပရိဘောဂဆိုင်ပိုင်ရှင် မွတ်စလင် သားအဖ ၂ ဦးကို မေလ ၂၃ ရက် ညပိုင်းက မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တဖွဲ့က နေအိမ်သို့ လာရောက် ဖမ်းဆီးသွားသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ဦးရှော်ဖီးလ် (၅၀)နှစ်နှင့် သားဖြစ်သူ မာမောက်အာယာစ် ( ၂၇) နှစ်တို့ဖြစ်ကြောင်း မြို့ ခံများ က ပြောသည်။

မောင်တောမြို့ခံတဦးက “အဖမ်းခံရတာ ဟုတ်တယ်။ သေနတ်အတို ကိုင်ထားတဲ့ မွတ်စလင် ၄ ဦးက သူတို့ နေအိမ်ခြံ စည်းရိုးကို ကျော်ဝင်ပြီး ဖမ်းခေါ်သွားတာလို့ ပြောတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိ ကြဘူး” ဟု ဧရာဝတီ ကို ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */