အင်ကြင်းနိုင်
25 မေ၊ 2021
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်းစစ် ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။
ျမန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်း စစ်ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။
ဒါအပြင် မြန်မာနိုင်ငံကို လာဖို့ အချိန်မတန်သေးဘူးလို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သူနဲ့ လူချင်းတွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့လည်း Burgener က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကွန်ဖရင့်ကနေ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Chrisrine Schraner Burgener ရဲ့ ဗွီဒီယိုကွန်ဖရင့်နဲ့ သတင်းစာရှင်းလင်းပွဲကို မနေ့က နယူးယော့ခ်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တာပါ။ သူ့ရဲ့ နှစ်လ နီးပါး ဒေသတွင်းရောက်ရှိနေတဲ့ အခြေအနေနဲ့ ပတ်သက် လို့ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေမှာဆိုရင် ဆန္ဒပြသူတွေဟာ အရင်က လမ်းပေါ်ထွက် ဆန္ဒထုတ်ဖေါ်နေရာကနေ အင်အားသုံးဖြိုခွဲမှုတွေကြောင့် အခုဆိုရင် ကိုယ့်ကိုကိုယ် ခုခံကာ ကွယ်တဲ့အနေနဲ့ စစ်တပ်ကို လက်နက်နဲ့ ပြန်ပြီးတုန့်ပြန်တဲ့ အဆင့်ကို ရောက်ရှိနေပြီး ဒါဟာ ပြည်တွင်း စစ်ဖြစ် နိုင်တဲ့ အခြေ အနေကို ဦးတည်နေကြောင်း သတင်းထောက်တွေကို Chrisrine Schraner Burgener ကပြော ကြားခဲ့ပါတယ်။
“ကျမတို့ မဖြစ်မနေ နားလည်ရမှာက မြန်မာပြည်သူတွေဟာ တကယ်ကို စိတ်ပင်ပန်းနေကြပြီး တိုက်ခိုက်ခံ ရ မှာ ကိုလည်း ကြောက်နေကြတာပါ။ သူတို့အနေနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ လိုအပ်နေတယ်ဆိုတာ ကျမကို ပြောပြကြတယ်။ တကယ်လို့ အဲဒီလိုသာဖြစ်မယ်ဆိုရင် ပြည်တွင်းစစ်ဖြစ်နိုင်ဖို့ ဦးတည်နေတယ် ဆို တယ် ပြောရမှာပါ။ ဒါဟာ ပြည်တွင်းစစ်ဖြစ်ဖို့ အကြောင်းရင်းပါ။ ကျမအနေနဲ့တော့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုပဲ ထောက်ခံချင်ပါတယ်။”
ဒီလို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားဖို့ ဆိုတာ လွယ်ကူမှာမဟုတ်ပေမယ့် မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ အားလုံးပါဝင်တဲ့ ညှိုနှိုင်းဆွေးနွေးမှုဟာ မရှိမဖြစ်လိုအပ်တယ်လို့ Burgener ကပြောပါတယ်။ ဒါ အပြင် ထိုင်းနဲ့ အခြား မြန်မာနိုင်ငံနယ်စပ်တွေမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီမှာ မြို့အ သီးသီးမှာ ဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေဟာ စစ်သင်တန်းတွေတက်ရောက်နေတာတွေ့ရတယ်လို့လည်း သူက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ဒေသခံပြည်သူတွေကိုယ့် ဘာသာကိုယ်ဖွဲ့စည်းလာကြ သလို၊ NUG အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း လက်နက်ကိုင်တပ်အနေနဲ့ ဖွဲ့စည်းထားတယ်လု့ိ လည်း သူကပြောပါတယ်။ မြန်မာနိုင်ငံ အနှံ့ပေါက်ကွဲမှုတွေ နေ့စဉ်ကြားနေရသလို ပြည်သူတွေဟာ အိမ်တွင်း လုပ်လက်နက်တွေနဲ့ လုံခြုံရေးတပ်တွေကို ပြန်ပြီး ခုခံတိုက်ခိုက်နေတယ်လို့လည်း Burgener ကဆိုပါတယ်။
ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးကို တက်ရောက် လာတဲ့ မြန်မာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တနာရီကြာ တွေ့ဆုံခဲ့ပေမယ့် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အများသိအောင် ပြောမပြဖို့ မြန်မာစစ်ခေါင်းဆောင်က မေတ္တာရပ်ခံထားတဲ့အတွက် ဘာတွေဆွေး နွေးခဲ့သလဲဆိုတာ သူ့အနေနဲ့ ပြောပြလို့ မရဘူးလို့ Burgener ကပြောပါတယ်။ မြန်မာနိုင်ငံကို သူကိုယ်တိုင် သွားရောက်ရေးကိစ္စမှာတော့ အချိန်မတန်သေးဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တုန့် ပြန်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံအထူးအစည်းအဝေးက ချမှတ်ထားတဲ့ မြန်မာ့အရေး မူ ငါးချက်ဟာ အားလုံးသဘောတူညီချက် ဆို ပေမယ့် တကယ်တမ်းမှာ မြန်မာစစ်ခေါင်းဆောင်က သဘောတူအကောင်အထည်ဖေါ်မယ့်ပုံမရှိဘူးလို့ Chrisrine Schraner Burgener က ပြောပါတယ်။
“အာဆီယံက ချမှတ်ထားတဲ့ မူ ငါးချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အကောင်အထည်ဖေါ်နိုင်မယ်လို့ သူ့ အေ နနဲ့ မမြင်မိဘူးလို့ ပြောထားပါတယ်။ ဒါကြောင့် ဒီအပေါ် ဘယ်လို တုန့်ပြန်မလဲဆိုတာ အာဆီယံ အေ ပါ်မှာပဲ မူတည်နေပါတယ်။”
ကုလသမဂ္ဂအထွေထွေညီလာခံလာမှာလည်း မြန်မာ့အရေး ဆုံးဖြတ်ချက်အတွက်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဆွေး နွေးပွဲမကြာခင်မှာ ပြုလုပ်နိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ လက်ရှိ အနောက်နိုင်ငံတွေရဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေဟာ ထိရောက်မှုတွေရှိနိုင်တယ်လို့ မြင်ကြောင်း Burgener က သတင်းထောက် တွေ ရဲ့ အမေးကို တုန့်ပြန်ပြောကြားခဲ့ပါတယ်။
“ကျမ လေ့လာခဲ့သလောက်ဆိုရင် မတူကွဲပြားတဲ့နိုင်ငံတွေက မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေး ယူမှုတွေဟာ အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။ တပ်မတော်အနေနဲ့ မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့၊ ပြည်သူလက်ထဲ အာဏာပြန်ပေးဖို့ စဉ်းစားလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။”
ရခိုင်ပြည်နယ်က အကြပ်အတည်းကိစ္စမှာတော့ ရွေးကောက်ပွဲပြီး၊ အာဏာသိမ်းပြီးနောက် ရခိုင်လက်နက်ကိုင်တပ် အေအေနဲ့ စစ်တပ်အကြားအရင်လို တိုက်ပွဲတွေ မရှိတော့တာ ထူးဆန်းကြောင်း သူက ပြောပါတယ်။ သူ့အနေနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေ၊ ရခိုင်အဖွဲ့အစည်းတွေနဲ့ အမြဲပဲ အဆက်အသွယ်ရှိပြီး အခြေအနေေ တွကို မပြတ်စောင့်ကြည့်နေတယ်လို့ အခုလို ပြောသွားပါတယ်။
“ ရခိုင်လက်နက်ကိုင်တပ် အေအေနဲ့ တပ်မတော်ကြားမှာ တိုက်ပွဲတွေ ထပ်ပြီး ဖြစ်တာမျိုး မရှိတော့ပါဘူး။ ဗုဒ္ဓဘာသာနောက်ခံရှိတဲ့ အေအေ အဖွဲ့ကို ရခိုင်ပြည်နယ်မှာ အလွန် ကြိုဆိုထောက်ခံကြပါတယ်။ အေအေ အဖွဲ့နဲ့လည်း ကျမ အဆက်အသွယ်ရှိသလို၊ သူတို့ကလည်း ရိုဟင်ဂျာတွေကို လက်ခံကြိုဆိုထားပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေလောက်နဲ့ မလုံလောက်ပါဘူး။ ရိုဟင်ဂျာတွေကက ကျမကို ပြောပြတာက သူ တို့ကို ညှင်းပမ်းနှိပ်စက်ထားတဲ့ တပ်မတော်ဟာ အခုဆိုရင် အာဏာအပြည်အ့ဝချုပ်ကိုင်ထားတဲ့အတွက် ဘာကြောင့်သူတို့ ပြန်သွားရမလဲ။ သူတို့အနေနဲ့ ပိုပြီး အနှိပ်စက်ခံရမှာကို ကြောက်နေကြတယ်လို့ ပြောပြ ကြပါတယ်။”
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တရုတ်သတင်းဌာနတခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို လက်မခံကြောင်း ပြောကြားထားပါတယ်။
Chrisrine Schraner Burgener က သူ့အနေနဲ့ မြန်မာနိုင်ငံတွင်း သွားရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ ဆုံရေးအတွက် နောက်ဆုတ်မှာမဟုတ်ပဲ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Link : Here
Link : Here
No comments:
Post a Comment