" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, June 1, 2021

ကုလအရာရှိကြီး ၂ ဦး Bhasan Char ကျွန်းကိုသွားရောက် ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
01 ဇွန်၊ 2021
Bhasan Char စခန်းမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံတဲ့UNHCR အရာရှိကြီး ၂ ဦး Photo: Muaazzem Hossain Shakil/VOA

ကုလမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အကြီးတန်းအရာရှိကြီး ၂ ဦးဟာ တနင်္လာနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည် တချို့ကို ပြောင်းရွှေ့နေရာချထားပေးနေတဲ့ Bhasan Char ကျွန်းကို သွားရောက်ခဲ့ပါတယ်။

ဒုက္ခသည်များအရေးဆောင်ရွက်မှုဆိုင်ရာ လက်ထောက်ကော်မရှင်နာမင်းကြီး Raouf Mazou နဲ့ ဒုက္ခသည်အကာ ကွယ်ပေးရေးဆိုင်ရာ လက်ထောက်ကော်မရှင်နာမင်းကြီး Gillian Triggs တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ဒုက္ခသည်စခန်းတွေကို မသွားခင် Bhasan Char ကျွန်းကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Bhasan Char ကျွန်းက ဒုက္ခသည် စခန်းကို ရောက်စဉ်မှာ ဒုက္ခသည်တွေက သူတို့ ဒီကျွန်းကို မလာချင်ကြောင်း ထုတ်ဖေါ်ဆန္ဒပြရာက ရုန်းရင်းဆန်ခတ်ဖြစ်ပွါးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

UNHCR တာဝန်ရှိသူတွေ လာရောက်ချိန်မှာ ဒုက္ခသည်တွေထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဒဏ် ရာရသူတွေ ရှိကြောင်း သိရတဲ့ အတွက် အထူးစိုးရိမ်ကြောင်းလည်း UNHCR ဆက်ဆံရေးအရာရှိ Louise Donovan က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပြီး အခုလို ဒဏ်ရာရခဲ့သူတွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ပေးဖို့လည်း UNHCR အရာရှိတွေက ပန်ကြားခဲ့ပါတယ်။

ကုလသမဂ္ဂအရာရှိကြီး ၂ ဦးဟာ ဒီကျွန်းပေါ်မှာ နေရာချထားပေးထားတဲ့ ဒုက္ခသည်တွေရဲ့ ပြောကြားချက်တွေကို လက်ခံ နားထောင်ခဲ့တာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်းပြောပါတယ်။

ကုလအဖွဲ့ဟာ အင်္ဂါနေ့မှာ Cox’s Bazar က ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့ရှိသလို ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမှာ ဖြစ်ကြောင်း ပြောထား ပေမယ့် အခုထိတော့ မလုပ်ဆောင် နိုင်သေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */