" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 29, 2021

ရိုဟင်ဂျာအသုံးအနှုန်း လက်မခံ - ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်

 VOA
24 မေ၊ 2021
ဗွီအိုအေ (မြန်မာဌာန)
Rohingya refugees walk in market area inside a refugee camp in Ukhia on April 6, 2021 during the second day of weeklong government-imposed lockdown amid an increase of COVID-19 coronavirus cases. (Photo by Miraj KATEB / AFP)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံရဲ့ဥပဒေနဲ့ အညီဖြစ်မှသာ ပြန်လက် ခံမယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီ ဒုက္ခသည်တွေပြန်လက်ခံရေးမှာ မြန်မာ့ဥပဒေနဲ့ ညီညွှတ်မှုမရှိရင် ထည့်သွင်းစဉ်းစားလို့မရနိုင်ဘူလို့ တရုတ်နိင်ငံက Phoenix ရုပ်သံမေးမြန်းခန်းမှာ မြန်မာစစ်ခေါင်းဆောင်က ပြောဆိုသွားတာပါ။

၂၀၁၇ ခုနှစ်ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တပ်ရဲ့နှိမ်နှင်းမှုတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာ တသန်းနီးပါးရှိပြီး၊ ဒါဟာ လူမျိုးတုံးအောင် ရည်ရွယ်လုပ်ဆောင်မှုဖြစ်တယ်လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေက ပြောဆိုထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကလည်း ဗြိတိန်လက်အောက် မြန်မာ့လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်းကျမှ ပေါ်လာတာလို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း သန်းခေါင်စာရင်းတွေမှာ ဘင်္ဂါလီ၊ ပါကစ္စတန်နီနဲ့ စစ်တကောင်းဆိုတဲ့ နာမည်တွေပဲရှိပြီး ရိုဟင်ဂျာဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တဲ့အတွက် ဒီအသုံးအနှုန်းကို လုံးဝလက်မခံဘူးလို့လည်း ပြောကြားသွားပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကိုမြန်မာအာဏာပိုင်တွေဖက်က တရားဝင်လက်ခံသုံးနှုံးခဲ့တာမရှိပါဘူး။

ရခိုင်မြောက်ပိုင်းက နှိမ်နှင်းမှုတွေဟာ လက်နက်ကိုင်ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးသာဖြစ်ပြီး၊ ဒါ လူမျိုးတုံး တိုက်ခိုက်မှုမဟုတ်ဘူးဆိုပြီး မြန်မာစစ်တပ်နဲ့ ရာထူးကဖယ်ရှားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကို ကာကွယ်ပြောဆိုခဲ့တဲ့အတွက်ကြောင့် အခုလက်ရှိထိမ်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ဝေဖန်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးမကြာခင်မှာပဲ ရိုဟင်ဂျာတွေနေရပ်ပြန်ခေါ်ရေး ဆက်လုပ်မယ်လို့ စစ်တပ်ကပြောဆိုထားပေမယ့်၊ ပြည်တွင်းအကြပ်အတည်းတွေရင်ဆိုင်နေရတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်လို့ တိုးတက်မှုတွေ ခုချိန်ထိ မ တွေ့ရသေးပါဘူး။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */