" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 3, 2021

ရိုဟင်ဂျာဆိုင်ရာမူဝါဒ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
03 ဇွန်၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသက Kutupalong ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်များ။ (ဧပြီ ၀၁၊ ၂၀၂၁)

NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒသစ် ကြေညာရာမှာ သူတို့အတွက် နိုင်ငံသားဖြစ်ရေး ခက်ခဲစေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းပြင်ဆင်ဖို့ရှိကြောင်း ထည့်ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ အဓိကပါတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ဖွဲ့ပေးခဲ့တဲ့ NUG အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေရေးပြီး အခုလိုလုပ်မှသာ ရိုဟင်ဂျာအရေး အထောက်အကူပြုဖို့ ယုံကြည်တယ်လို့ ဒီနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အခုလို ဖြစ်ပေါ်လာမဲ့ နိုင်ငံသားဖြစ်ရေး ဥပဒေသစ်အောက်မှာ မြန်မာနိုင်ငံသားမိဘတွေက မွေးသူဖြစ်ရင် မြန်မာ နိုင်ငံထဲ မွေးတာ၊ မမွေးတာအပေါ် မူမတည်ဘဲ နိုင်ငံသားဖြစ်ခွင့်ရှိနိုင်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံတကာကူညီဖို့ UNHCR တောင်းဆို
ဒီ ကြေညာချက်ထဲမှာ “ဥပဒေသစ်အရ မြန်မာနိုင်ငံသားဖြစ်မှုသည် မြန်မာနိုင်ငံတွင်းမွေးဖွားခြင်း သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသူဖြစ်ခြင်းကို အခြေခံစေရမည်။” လို့ အတိအကျ ရေးသားထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာအပြင် အခြားလူမျိုးတွေအပေါ်မှာပါ လူ့အခွင့်အရေး ချိုးဖောက်စေနိုင်တဲ့၊ နိုင်ငံသားစိစစ်‌ရေး ကဒ် ပြဌာန်းလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပယ်ဖျက်သွားမယ်လို့ ဆက်ဖော်ပြထားပါတယ်။

အရင် ရွေးကောက်ခံ မြန်မာအစိုးရကရော၊ ဒီအစိုးရလက်ထဲကနေ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီကပါ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံမထားပါဘူး။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */