လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
7 May 2020
ဟောင်ကောင်အခြေစိုက် သတင်းအဖွဲ့တွေက ချီးမြှင့်တဲ့ ၂၀၂၀ ခုနှစ်အတွက် လူ့အခွင့်အရေး သတင်းသ မား ဆုကို မေလ ၆ရက်နေ့က ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက Frontier Myanmar သတင်းဌာနရဲ့ ဆောင်းပါး ရှင် Thomas Kean နဲ့ ဓာတ်ပုံသတင်းထောက် ခွန်လတ်တို့ ရရှိသွားပါတယ်။အခုပေးတဲ့ ဆုတွေဟာ အာရှတိုက်အတွင်းက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့သတင်းနဲ့ သတင်းဓာတ်ပုံတွေ မှတ် တမ်း၊ ဗွီဒီယိုစသဖြင့် ရေးသားသူ၊ ရိုက်ကူးသူတွေကို ချီးမြှင့်တဲ့ ဆုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွက် ပေးတဲ့ ဆုဟာ ၂၄ ကြိမ်မြောက်ဆု ဖြစ်ပါတယ်။
ဆောင်းပါးရှင် Thomas Kean က ရိုဟင်ဂျာ ကလေးငယ်တွေနဲ့ပတ်သက်တဲ့ တရားမဝင်ဘဲမွေးဖွားလာသူ သူတို့ဟာ သားကောင်သာဖြစ်ပြီး ရာဇဝတ်သားမဟုတ်ဆိုတဲ့ ဆောင်းပါးကို ရေးသားသူဖြစ်ပါတယ်။ ဓာတ်ပုံ သတင်း ထောက် ခွန်လတ်ကတော့ မြန်မာနိုင်ငံက ကျောက်စိမ်းတူးဖော်ရေးနဲ့ ပတ်သက်တဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေ ရိုက်ကူးခဲ့သူဖြစ်ပါတယ်။
ဒီဆုကို ဟောင်ကောင် နိုင်ငံခြားသတင်းထောက်များအသင်း၊ ဟောင်ကောင်သတင်းသမားအဖွဲ့နဲ့ အပြည် ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International တို့က ပူးပေါင်းပြီး နှစ်စဉ်ချီးမြှင့်တာဖြစ်ပါ တယ်။
RFA Burmese
No comments:
Post a Comment