Wednesday, July 22, 2020

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ ဖြူဖြူခိုင်
2020-07-22
ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့စဉ် Photo: AFP
 
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ငြင်းဆန်မနေဘဲ လက်တွေ့ ကျကျ ပူးပေါင်းဖြေရှင်းသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ UPR လို့ခေါ်တဲ့ လေးနှစ်တစ်ကြိမ် နိုင်ငံအားလုံးအလှည့်ကျ လူအခွင့်အရေး သုံးသပ်မှု လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စွပ် စွဲချက် တွေကို ငြင်းဆန်တဲ့နည်းနဲ့ မဖြေရှင်းဘဲ ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ အဖြေရှာသင့်တယ်လို့ လူ့အ ခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ ပြုပြင်ပြောင်း လဲဖို့ ပျက်ကွက်နေပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နိုင်ငံအားလုံးအလှည့်ကျ လူ့အခွင့်အရေး သုံးသပ်မှု လုပ် ငန်းစဉ် UPR မှာ မြန်မာနိုင်ငံဘက်က ပျက်ကွက်နေတဲ့ ကတိကဝတ်တွေ၊ ပြစ်မှုကင်းလွတ် ခွင့်ရ နေ တာတွေကို ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဇူလိုင် ၂၀ ရက်နေ့က တိုက်တွန်း ထားပါတယ်။

မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို တိုးတက်အောင်လုပ်ဖို့ စိတ်ဆန္ဒရှိ တယ်ဆိုရင် စုံစမ်းစစ်ဆေးတာ၊ ကျူးလွန်သူတွေကို အရေးယူတာ စတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ နယူး ယောက်မြို့ အခြေ စိုက် Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးသုတေသီ နစ်ကီဒိုင်းမွန်း က အကြံပြုတိုက်တွန်းပါတယ်။

“အစိုးရက ထိရောက်တဲ့ ဖြေရှင်းချက်တွေနဲ့ ဖြေရှင်းတာမျိုးကို မတွေ့ရဘဲ စစ်တပ်ရဲ့ ကျူးလွန်မှုတွေ အစိုးရ က ပါဝင်ပတ်သက်နိုင်တဲ့ လူ့အခွင့်အရေး ကျူးလွန်မှုတွေကို အကာကွယ်ပြုတဲ့ သဘောမျိုးပဲ သက်ရောက် နေ တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ ထောက်ပြပြောဆိုလာပြီဆိုရင် အစိုးရက တစ်ခုခု လုပ် ရ မယ်။ စုံစမ်းစစ်ဆေးတာမျိုးတွေ လုပ်ရမယ်။ ကျူးလွန်သူတွေကို အရေးယူဖို့အတွက် ကြိုးစားရမယ်“

ပြည်တွင်း လူ့အခွင့်အရေး လှုပ်ရှားရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က မြန်မာအစိုးရအဆက်ဆက် နိုင်ငံတကာကစွပ်စွဲပြောဆိုမှုကို ငြင်းဆိုခြင်းနဲ့ဘဲ တောက်လျှောက် ဖြေရှင်း လာခဲ့ပြီး အခုနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုပါ အားနည်းလာတယ်လို့ သုံးသပ်ပါတယ်။

“ဒါမျိုးကို ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်ဆိုရင် တကယ်ဖြစ်နေတဲ့ အချက်တွေဖြစ်လို့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်။ အစိုးရရဲ့ ပျက်ကွက်မှုတွေ ဖြစ်တယ်ဆိုတဲ့ အချက်က နောက်ထပ်ပြီးတော့ နိုင်ငံ တကာရဲ့ဖိအားကို လက်ယက်ခေါ်သလို ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာရဲ့ အာရုံစိုက်ပြီးတော့ အရေးယူမှု အပိုင်းကို ဒီလိုပုံစံနဲ့ ဘယ်လိုမှဆက်ပြီးတော့ မဟန့်တားနိုင်တဲ့အတွက် ပိုပြီးဖိအားပေးမှုတွေက နောက်ဆို ရင် နိုင်ငံတကာရဲ့ တရားစီရင်မှု ယန္တ ရားကို သွားဖို့အတွက် ရောက်ရှိနေတဲ့ အချက်မျိုး ရောက်သွားနိုင် ပါ တယ်“

မြန်မာအစိုးရဘက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ UPR လူ့အခွင့်အရေး သုံးသပ်မှု လုပ်ငန်း စဉ် မှာ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လာမယ့် ၂၀၂၁ ခုနစ် ဇန်နဝါရီလမှာ နှုတ်နဲ့တင်သွင်းသွားဖို့ ရှိ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက RFA ကို ပြောပါတယ်။

လက်ရှိ မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ HRW ရဲ့ ထောက်ပြပြောဆိုမှုတွေဟာ တစ် ဖက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ဦးချမ်းအေးက တုံ့ပြန်ပါတယ်။

“အစိုးရကလည်း ဒီအပေါ်မှာ စိုးရိမ်တာတွေ ပြောခဲ့တာတွေရှိတယ်။ ဒါတွေအပေါ်မှာ အရေးယူဖို့အတွက် လည်း ပြောဆိုနေတာတွေရှိတယ်။ လက်တွေ့လည်း လုပ်နေတာတွေရှိတယ်။ ဒါတွေကြည့်ရင် သိပါလိမ့် မယ်။ လူသားချင်းစာနာတဲ့ အကူအညီပေးဖို့ ကိစ္စတွေကိုလည်း တိုက်ပွဲတွေဖြစ်နေတဲ့ ကြားထဲကနေပြီး ဒါတွေရပ် မသွားအောင် ကြိုး စားပြီးတော့ပေးနေတယ်။ တစ်ဖက်မှာလည်း လုံခြုံရေး ကိစ္စတွေကို ထည့်သွင်း စဉ်းစား နေရတယ်။ ဒီဟာတွေကတော့ အစိုးရရဲ့ လုပ်ရပ်တွေကို ကြည့်ရင်သိပါတယ်။ ဒါပေမဲ့ အားမလို အား မရ တာတော့ သူ့ရဲ့ ရပ်တည်ချက်ပေါ် မူတည်ပြီး မတူတာတော့ ရှိမှာပေါ့“

မြန်မာအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေး အခွင့်အရေးတွေကို လေးစားလိုက်နာပါမယ်လို့ ၂ဝ၁၅ ခုနှစ်က ကတိကဝတ်ပြုထားပေမယ့် တိုးတက်မှု အနည်းအငယ်ကိုပဲ လုပ်ဆောင်နိုင်ခဲ့တယ်လို့ HRW က သုံးသပ်ထားတာပါ။

အထူးသဖြင့် ရိုဟင်ဂျာ၊ ရခိုင်၊ ကချင်၊ ရှမ်း၊ ကရင်နဲ့ အခြားတိုင်းရင်းသား မျိုးနွယ်စုတွေအပေါ် မြန်မာလုံခြုံ ရေး တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ၂၀၁၅ ခုနှစ်ကစပြီး ပိုမိုဆိုးရွားလာတယ်လို့ HRW က အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိမြန်မာပြည်အခြေအနေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပြစ်တင်ရှုတ်ချ ကန့်ကွက်ခံရတဲ့ အဆင့်မကတော့ဘဲ နိုင်ငံတကာရာဇဝတ်မှုနဲ့ အရေးယူခံရမယ့်အဆင့် ရောက်နေပြီလို့ ဦးအောင်မျိုး မင်း က သတိပေးလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုတာ အခုမှ ကုလသမဂ္ဂက စွပ်စွဲပြောဆိုတာ မဟုတ်ပါဘူး။ ၁၉၉၃ ခုနှစ်ကတည်းက လူ့အခွင့်အရေး ကော်မရှင်မှာရော အထွေထွေညီလာခံမှာရော တင် ပြထားတယ်။ ဘာဖြစ်လို့ ဆက်ပြီးတော့ အရေးယူမှုတွေရှိလဲဆိုတော့ ဆက်ပြီးတော့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ရှိနေတုန်းပါ။ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ ဘာကြောင့်ဆက်ပြီးတော့ ခန့်အပ်နေလဲ ဆို ရင်တော့ ဆုံးရှုံးသွားတဲ့ လူ့အခွင့် အရေးတွေ ရှိနေသေးတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အစိုးရရဲ့ လုပ်ဆောင် ခွင့်တွေ ဆက်ပြီးတော့ အားနည်းနေသေးတယ်ဆိုပြီး ဆက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခုကျတော့ နိုင်ငံတကာရဲ့ အယူအဆက ဘာဖြစ်လဲဆိုတော့ ဒါက လူ့အခွင့်အရေး ချိုးဖောက်တာတင် မကတော့ဘူး။ ဒါကနိုင်ငံတကာရာဇဝတ်မှုဖြစ်တဲ့ စစ်ပွဲဆိုင်ရာ ဥပဒေတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ လူသားမျိုးနွယ် တစ် ခုလုံးကို ထိခိုက်နစ်နာစေတဲ့ ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ အဆင့်ကိုဖြစ်လာတယ်။ 

ဘာကြောင့်လဲဆိုတော့ ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ဒါက သာမန်မဟုတ်တော့ဘူး။ ဒါကရာဇဝတ် မှုကို ကျူးလွန်တယ်ဆိုတာ ဖြစ်တဲ့အတွက် နိုင်ငံတကာရာဇဝတ်မှုနဲ့ အရေးယူမယ့် လမ်းကြောင်းကို သွားနေ ပါပြီ။ အရင်တုန်းကလို လူ့အခွင့်အရေး ကိစ္စတွေကို ပြစ်တင်ရှုတ်ချပါတယ်။ အစိုးရကို တောင်းဆို ပါတယ် မကတော့ဘူး။ ဒါက ရာဇဝတ်မှုဖြစ်တယ်။ ရာဇဝတ်မှု လုပ်ထုံးလုပ်နည်းအတိုင်း နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးကို တင်ဖို့အထိ ကြိုးစားနေတယ်”

မြန်မာအစိုးရဟာ တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူရှုထားတယ်လို့ HRW က စွပ်စွဲ ထားသလို တပ်မတော်ရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလအချက် အလက်ရှာဖွေ ရေးမစ်ရှင်နဲ့ ပြီးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် ယန်ဟီးလီတို့ကို မြန်မာနိုင်ငံ လာရောက်ခွင့် ပိတ်ပင်တဲ့အချက်ကိုလည်း ထောက်ပြထားပါတယ်။

မြန်မာအစိုးရက UPR ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုး သား အဆင့် ကော်မတီကို ၂၀၁၈ ခုနစ် အောက်တိုဘာ ၁၉ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

ဒုတိယသမ္မတ ၂ ဦးမြင့်ဆွေက ကော်မတီဥက္ကဋ္ဌအဖြစ်၊ ဒုတိယဥက္ကဋ္ဌတွေကတော့ ပြည်ထဲရေးဝန်ကြီး ဒုတိ ယဗိုလ် ချုပ်ကြီး စိုးထွဋ်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့က တာ ဝန် ယူထားပြီး လာမယ့် UPR လုပ်ငန်းစဉ်မှာ တင်ပြဖို့အတွက် ကော်မတီအစည်း အဝေး သုံးကြိမ်ကျင်းပထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */