VOA
ဗွီအိုအေ (မြန်မာဌာန)
26 မေ၊ 2020
အင်ကြင်းနိုင်
26 မေ၊ 2020
အင်ကြင်းနိုင်
သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည်များ (၂၀၁၆ စက်တင်ဘာ ၇ ရက်နေ့)
ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကနေ အကာအကွယ်ပေးရေး ကြားဖြတ်အရေးပေါ်စီမံချက် လေး ရပ်ကို မြန်မာအစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ ကုလသမဂ္ဂတရားရုံးုဖြစ်တဲ့ ICJ ကနေ ဇန်နဝါရီလက အ မိန့်ချမှတ်ခဲ့ပါတယ်။ လေးလပြည့် ပထမဆုံး အစီရင်ခံစာကို မြန်မာအစိုးရက မေလ ၂၃ ရက်နေ့က ICJ ကို တင်သွင်းခဲ့ပေမယ့် အများပြည်သူအောင် သိအောင် ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။
ICJ မြန်မာအစီရင်ခံစာအပေါ် ဂမ်ဘီယာတရားရေးဝန်ကြီးအမြင်
မြန်မာရဲ့ အစီရင်ခံစာမှာ ဘာတွေပါသလဲဆိုတာ အတိအကျ မသိရသေးပေမဲ့ လက်တွေ့မြေပြင်က အခြေ အနေကိုကြည့်ရင် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေ ဘာမှ ပြောင်းလဲမှု မရှိသေးဘူးလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ နိုင်ငံတကာ တရားမျှတမှုအစီစဉ် တွဲဖက် ညွန်ကြားရေးမှူး Param-Preet Singh က ဗွီအိုအေကို ပြောပါတယ်။
"ကျမတို့ HRW အဖွဲ့ကြီးအနေနဲ့ မြေပြင်က အခြေအနေကို ကြည့်ပြီးပြောရရင် အခြေအနေတွေ ဘာမှ မ ပြောင်းလဲသေးပါဘူး။ COVID-19 ကပ်ရောဂါ အခြေအနေကို အကြောင်းပြပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် မှုတွေ နောက် ထပ်လုပ်ဖို့ အခွင့်အလမ်း ဖန်တီးလိုက်သလိုမျိုးလည်း ဖြစ်နေပါတယ်။"
မေး။။ ဒါပေမယ့် မြန်မာအစိုးရဘက်က ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း အစီရင်ခံစာ တင်သွင်း တာ ကိုကြည့်ရင် တရားရဲ့အမိန့်ကို လိုက်နာအကောင်အထည်ဖေါ်နေတဲ့သဘောမျိုး၊ ပူးပေါင်းဆောင်ရွက်နေ တာမျိုး၊အပြောင်း အလဲ လုပ်တယ် ဆိုတဲ့ အကောင်းမြင်စရာ အကြောင်းရော မရှိဘူးလား။
Param-Preet Singh ။ ။ ဒီအပိုင်းမှာတော့ အကောင်းမြင်စရာ အကြောင်းမရှိဘူးလို့ပဲ ကျမအနေနဲ့ ဖြေရမှာပါ။ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါတယ်ဆိုပြီး ဟန်ပြသက်သက်ကြိုးစားတဲ့ ကိစ္စတခုတည်းမ ဟုတ်ပါဘူး။မြန်မာနိုင်ငံမှာ သမ္မတရဲ့ တိုက်ရိုက်အမိန့်လမ်းညွန်ချက် တော်တော်များများ ထုတ်ပြန်ခဲ့ပါ တယ်။ တခုက လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးရည်ရွယ်တာ၊ နောက်တခုက သက်သေအထောက် အထားတွေကို ထိန်းသိမ်းဖို့နဲ့ နောက်ဆုံးတခုကတော့ အမုန်းစကားပွားများမှုကို မလုပ်ဖို့ တားမြစ်တာ စတာ တွေဖြစ်ပါတယ်။ အခုလို သမ္မတရဲ့ ညွန်ကြားချက်တွေဟာ ဇန်နဝါရီလက ICJ တရားရုံးက ချမှတ်ထားတဲ့ အမိန့်တွေအတိုင်းပါပဲ။ အရေးကြီးဆုံးမေးခွန်းက ဒီလို ညွန်ကြားချက်တွေဟာ စာရွက်စာတမ်းတွေပဲလား။ တကယ့်လက်တွေ့မှာဘာလုပ်သလဲ ဆိုတာပါ။ ဒီအဆင့်မှာတော့ တကယ်လုပ်ဆောင် နေတယ်ဆိုတာကို ပြောဖို့ ခက်ခဲပါတယ်။ ဟန်ပြသက်သက်လုပ်နေတယ်လို့ပဲ ပြောရမှာပါ။
ရိုဟင်ဂျာတွေအပေါ် ဆန့်ကျင်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုတဲ့နေရာမှာ ၂၀၁၇၊ ၂၀၁၆ ဒါမှမဟုတ် ၂၀၁၂ မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်ဖိနှိပ်မှုသက်သက်ကို ဆိုလိုတာမဟုတ်ပဲ၊ ဆယ်စုနှစ် လေးစုအတွင်း တိုင်းပြည်မှာ ရိုဟင်ဂျာအသိုင်းအဝိုင်းကို ဖျက်စီးခဲ့တဲ့ အကြောင်းအရင်းတွေကို ဆိုလိုတာဖြစ်တယ်လို့ Param-Preet Singh က ပြောပါတယ်။ အခုချိန်ထိ ပြည်တွင်း ဒုက္ခသည်စခန်းတွေမှာ မွတ်စလင်ဒုက္ခသည်ပေါင်း တသိန်း ကျော် ဆက်ပြီးရှိနေဆဲဖြစ်သလို၊ စခန်းတွေကနေ အပြင်ထွက်ခွင့်ကိုလည်း ကန့်သတ်ထိန်းချုပ်ထားတာ ကြောင့် အကျဉ်းစခန်းသဘောမျိုးဖြစ်နေတယ်လို့ သူက ဝေဖန်ထောက်ပြခဲ့ပါတယ်။
မြန်မာဘက်ကကြားဖြတ် စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ICJ ကို တင်သွင်းထားတဲ့ အစီရင်ခံစာကို အများပြည်သူသိအောင် ထုတ်ပြန်ခြင်းမရှိတဲ့အတွက် သူတို့ အရေးကိစ္စဖြစ်တာကြောင့် သိပိုင်ခွင့်ရှိတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင် က ဗွီအိုအေကို ပြောပါတယ်။
"ကျနော်တို့ တရားစီရင်ရေးနဲ့ ပတ်သက်လို့မြန်မာအစိုးရနဲ့ ဂမ်ဘီယာတို့ ဘာတွေလုပ်နေလဲ ဆိုတာ ကျနော် တို့ သိဖို့ လိုအပ်တယ်။ အဲဒါကတော့ ကျနော်တို့ သိပိုင်ခွင့်ရှိတဲ့အလျောက် အစီရင်ခံစာကို အများသိအောင် ထုတ်ပြန်ဖို့ ကျနော်တို့က တိုက်တွန်းနေတာပါ။"
လက်ရှိ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာလည်းအသက်မွေးဝမ်းကျောင်းခွင့် မရတဲ့ အပြင် ကျန်းမာရေးလိုအပ်ချက်တွေအတွက် ဆေးဝါး ကုသခွင့်မရသလို၊ ပညာသင်ကြားခွင့်ကိုလည်း ကန့် သတ်ထားဆဲဖြစ်တယ်လို့ ဦးထွန်းခင်က ပြောပါတယ်။
" အထူးသဖြင့် ပြည်တွင်းထဲမှာရှိနေတဲ့ IDP အတင်းအဓမ္မ အိုးအိမ်ရွှေ့ပြောင်းခံရသူတွေရဲ့ စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ အခုချိန်ထိ မူလ သူတို့ နေရာဒေသ နေအိမ်တွေကို ပြန်ခွင့်မရသေးဘူး။ အထူး သဖြင့် စစ်တွေမှာဆိုရင် ဈေးကြီးကိုလည်း သွားလို့ မရဘူး။ ဆေးရုံကြီး ကိုလည်း သွားလို့မရဘူး။ ကျောင်း သားတွေလည်း ကျောင်းတက်လို့ မရဘူး။ ရခိုင်ပြည် မြောက်ပိုင်းမှာဆိုရင်လည်း ဒီနေ့ထက်ထိ ရိုဟင်ဂျာ တွေဟာ တရွာကနေ တရွာသွားဖို့ ဆိုရင် အကန့်အသတ်နဲ့ လုပ်ထားတယ်။ သူတို့လယ်ယာမြေတွေမှာ လယ်ယာထွန်လို့ မရဘူး။ မြေပြင်အခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာအစိုးရရော၊ စစ်တပ်ပါ ဘာတခုမှ ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်လို့ အကောင်အထည်ဖေါ်ခဲ့တာ မရှိဘူး။"
ဒီအတောအတွင်း နိုင်ငံတကာ ဥပဒေပညာရှင် အဖွဲ့ဖြစ်တဲ့ the International Commission of Jurists (ICJ) အဖွဲ့ကြီးကလည်း မြန်မာအနေနဲ့ ICJ နိုင်ငံတကာတရားရုံးက ချမှတ်ထားတဲ့ကြားဖြတ်အရေးယူစီမံ ချက် တွေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ဆိုရင် ပြည်တွင်းမှာ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သင့်ပြီး နိုင်ငံ တကာ တာဝန်ခံမှု လုပ်ငန်းစဉ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ICJ ရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ကြားဖြတ် အရေး ယူစီမံချက် ၄ ချက်ကို အကောင်အထည်ဖေါ်နေကြောင်း လေးလပြည့် ပထမဆုံး အစီရင်ခံစာကို မေ လ ၂၃ ရက် စနေနေ့က တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို အများပြည်သူသိအောင် ထုတ်ပြန်ခြင်း မရှိပေမယ့် ICJ တရားရုံးဘက်က ထုတ်ပြန်ချက်တွေကိုသာ စောင့်ကြည့်ဖို့ မြန်မာအစိုးရတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

Link: Here
No comments:
Post a Comment