" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 26, 2019

ရိုဟင်ဂျာ အစုလိုက်ပြေးရတဲ့ ၂ နှစ်ပြည့်ဆုတောင်းပွဲ ကျင်းပ

VOA
ဗွီအိုအေ (မြန်မာဌာန)
25 သြဂုတ်၊ 2019
မဆုမွန်
 ကုတုပလော် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)
ဒီကနေ့ ကျရောက်တဲ့ ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ၂ နှစ်ပြည့် အောက်မေ့ ဘွယ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက် နောက်ဆက်တွဲ နယ်မြေရှင်းလင်းမှုတွေအတွင်း သေဆုံးခဲ့ရ သူတွေအတွက် ရိုဟင်ဂျာဒုက္ခသည်တွေ ထောင်ချီ စုဝေးခဲ့ကြပြီး မေတ္တာပို့ ဆုတောင်းခဲ့ကြသလို နေရပ်ရင်ြး ပန်နိုင်ရေးနဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် တရားမျှတမှုရရေး တောင်းဆိုလိုက်ကြပါတယ်။ ၂ နှစ်ပြည့် အောက် မေ့ဘွယ်ဆုတောင်းပွဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေကTalk to Us ဆိုတဲ့ Going Home Campaign ကနေ တ ဆင့် မိမိတို့ရဲ့နေရပ်ရင်း ဘေးကင်းလုံခြုံစိတ်ချစွာ ပြန်နိုင်ရေးနဲ့ နေရပ်ပြန်ရင် အခြေခံလူ့အခွင့်အရေး၊ နိုင်ငံ သားအခွင့်အရေးတွေ အပြည့်အဝ ရနိုင်အောင် ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေကိုလည်း တောင်းဆိုကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။



ပြီးခဲ့တဲ့နှစ် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသထဲက နယ်စပ် ရဲကင်းစခန်းတွေနဲ့ လုံခြုံရေး အခြေစိုက်စခန်း ၃၀ ကို ARSA အကြမ်းဖက်အဖွဲ့က လူအင်အား သုံးပြီး တပြိုင်နက်တည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ စစ်တပ်၊ ရဲနဲ့ နယ်ခြားစောင့်တပ်တွေ ဘက်က လုံခြုံရေး အထူးအစီအမံတွေနဲ့ တပ်အင်အားတိုးချပြီး နယ်မြေ ရှင်းလင်းရေးတွေ ဆောင်ရွက် ခဲ့ကြပါတယ်။ ဒီလိုမျိုး နယ်မြေရှင်းလင်းမှုတွေကြားထဲမှာတော့ ဒေသခံတွေ အထူးသဖြင့် မွတ်ဆလင်တွေရဲ့ လုံခြုံရေး အခြေအနေဟာ စိုးရိမ်စရာ ဖြစ်လာပြီး ဒေသတွင်း တရားဥပဒေစိုးမိုးမှု အားနည်းလာတဲ့အတွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို သိန်းချီ ထွက်ပြေးသွားကြရသလို ဒေသခံတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အောက်မေ့ဘွယ် အခမ်းအနားကိုတော့ ဘင်္ဂလားဒေ့ရှ်
နိုင်ငံက ကော့ဇ်ဘဇားအနီး ကုတုပလောင်ဒုက္ခသည်စခန်း စခန်းအမှတ် (၄) မှာ စုဝေးပြီး အစုလိုက် အပြုံ လိုက် သေဆုံးသူတွေအတွက် ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ၊ ဆုံးရှုံး နစ်နာခဲ့ရသူတွေ အပါအဝင် ကျန်ရစ်သူ မိသားစုဝင်တွေအတွက် တရားမျှတမှုရစေရေးကို ရိုဟင်ဂျာ အ သိုင်း အဝိုင်း ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ဦးဆောင်ကြိုးပမ်းနေတဲ့အဖွဲ့ ARSPH (Arakan Rohingya Society for peace & Human Rights) က ဦးဆောင်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေက စုဝေးတောင်းဆို ခဲ့ကြတာပါ။

ဒီနေ့ကျင်းပတဲ့ အောက်မေ့ဘွယ် အခမ်းအနားတွေနဲ့ တောင်းဆိုဆန္ဒပြပွဲတွေ ကျင်းပခဲ့တဲ့ အခြေအနေကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကော့ဇ်ဘဇားအနီး ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီ စလံက ဒီကနေ့ အခြေအနေကို အခုလိုပြောပြပါတယ်။

“ဒီကနေ့ သြဂုတ်လ ၂၅ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသ ရိုဟင်ဂျာဒုက္ခသည်စခန်း (၃၀) ကလူတွေ စုပြီးတော့ ကုတုပလောင်စခန်းမှာ ကျနော်တို့ လူပေါင်း လေးသိန်းကျော် ငါးသိန်းနီးပါး စုပြီးတော့ ဆုတောင်းပွဲအခမ်းအနား ကျင်းပခဲ့တယ်။ နောက် အောက်မေ့ဖွယ် အခမ်းအနားလည်း ပြုလုပ်ခဲ့တယ်။ တရားမျှတမှု ရရှိရေးအတွက် ကျင်းပတဲ့ရည်ရွယ်ချက် ဖြစ်ပါတယ်။”

ရိုဟင်ဂျာတွေ သိန်းချီ အသက်လုပြေးရတာ ရခိုင်ပြည်နယ်ထဲလိုအဖြစ်မျိုး ကမ္ဘာသူကမ္ဘာသားတွေ သူတို့လို အဖြစ်ဆိုး မကြုံရပါစေနဲ့လို့ ဆုတောင်းသလို သေဆုံးခဲ့ရသူတွေကိုလည်း မေတ္တာပို့ဆုတောင်းပါတယ်လို့ အောက်မေ့ဘွယ် ဆုတောင်းပွဲ ဦးဆောင်ကျင်းပသူ ARSPH ရဲ့ ဥက္ကဋ္ဌ ဦးမူဟိတ်ဘူလ္လာ ( U Mohib Ullah) က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သေသွားတဲ့သူတွေကို ဆုတောင်းပေးတယ်။ နောက် ကမ္ဘာမှာရှိတဲ့လူပေါင်း ကျနော်တို့ ကြုံခဲ့ရသလို ဘယ် တော့မှ မကြုံရပါစေနဲ့လို့ ကျနော်တို့ ဆုတောင်းပေးခဲ့ပါတယ်။ ကျဆုံးသွားတဲ့သူတွေ နိဗ္ဗာန်ဘုံကို ရောက်ကြ ပါစေ၊ ရောက်နိုင်ပါစေဆိုပြီး ဆုတောင်းပေးခဲ့တယ်။ ကျဆုံးသွားတဲ့လူတွေရဲ့ မိသားစုတွေကလည်း အလ္လာ အရှင်မြတ် မေတ္တာဓာတ်နဲ့ ဘေးဘယာဝဝကနေ ဝေးအောင် ကူညီပေးသနားတော်မူပါ ဆိုပြီး ကျနော်တို့ ဆုတောင်းပေးခဲ့တယ်။ ကမ္ဘာသူ ကမ္ဘာသားတွေလည်း အလားတူ အခက်အခဲတွေ မကြုံရအောင် ကျနော် တို့ အလ္လာအရှင်မြတ် မေတ္တာကနေ ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျ။”

ဒီ ၂ နှစ်ပြည့် အောက်မေ့ဘွယ်ဆုတောင်းပွဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေက Talk to Us ဆိုတဲ့ Going Home Campaign ကနေ တဆင့် မိမိတို့ရဲ့နေရပ်ရင်း ဘေးကင်းလုံခြုံစိတ်ချစွာ ပြန်နိုင်ရေးနဲ့ နေရပ်ပြန်ရင် အခြေခံ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝ ရနိုင်အောင် ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေကိုလည်း တောင်းဆိုကြတဲ့အကြောင်း ARSPH ဥက္ကဋ္ဌက ပြောပြပါတယ်။

“အဲဒီဆုတောင်းပွဲ ပြီးတဲ့နောက်ပိုင်းမှာ ကိုယ့်နေရပ် ပြန်နိုင်ရေးအစီအစဉ်ကို မြန်မာနိုင်ငံရဲ့ အာဏာပိုင် အဖွဲ့ အစည်းများနဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းသွားမယ်။ နိုင်ငံတကာကလည်း အဘက်ဘက် ကနေ ကူညီပေးပါဆိုပြီး ဝိုင်းဝန်းတောင်းဆိုကြတယ်။ ကိုယ့်လူတွေက အိမ်ပြန်ချင်နေကြပြီ။ လူတွေက တော်တော် လည်း ကိုယ့်နေရပ် ကိုယ့်အိမ်ကို လွမ်းနေကြပြီ။ အဲဒါကြောင့်မို့လို့ ကိုယ့်နေရပ်ကို ဘယ်လိုပြန်ကြမလဲ ဆိုပြီး တော့ အဲဒီ Going Home Campaign မှာ ကျနော်တို့က မြန်မာအစိုးရက ကျနော်တို့ ပြဿနာကို အရေးပေါ် ကိုင်တွယ်ပြီး မပြေမချင်း ဆက်ပြီးတော့ ဖိအားပေးပါဆိုပြီး နိုင်ငံတကာကို တောင်းဆိုထားတယ်။ မြန်မာနိုင် ငံ ကိုလည်း ကိုယ့်မိသားစုလို သဘောထားပြီးတော့ လာပြီးတော့ ဝိုင်းဝန်းပြီး ဆွေးနွေး အဖြေရှာကြရအောင် ဆိုပြီးတော့ မြန်မာအစိုးရကိုလည်း တောင်းဆိုထားတယ်ခင်ဗျ။”

ရိုဟင်ဂျာဒုကcသည်တွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို အရေး ယူဖို့ နိုင်ငံတကာက တောင်းဆိုနေသလို၊ အမေရိကန်ပြည်ထောင်စုကတော့ မြန်မာစစ်ခေါင်းဆောင်တွေကို ဒီဖြစ်ရပ်အတွက် ဒဏ်ခတ်အရေးယူတာတွေလုပ်ထားပါတယ်။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကိုလက်မခံပေမယ့် ဒုကသည်တွေနေရပန်ပြန်ရေးကို စိစစ်ဆောင်ရွက်သွားမယ်လို့ ကတိပြုထား ပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ ပြီးခဲ့တဲ့သီတင်းပတ်က ဒုတိယအကြိမ်ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ သူတို့ဆန္ဒအတိုင်းဖြစ်ရမယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံ တ ကာက သတိပေးနေပါတယ်။ ဒါ့အပြင် လက်ရှိအနေအထားမှာလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ် ပြန်ရေးဟာ လုံခြုံစိတ်ချရတဲ့အနေအထားမဖြစ်သေးဘူးလို့လည်း ထောက်ပြနေကြပါတယ်။



လင့်၊https://burmese.voanews.com/a/rohingya-marks-2nd-anniversary/5056094.html

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */