2019-12-05
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာစခန်းတွေမှာ ဒုက္ခသည်တွေ မတန်တဆများပြား ကြပ်သိပ်နေပြီး လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတယ်လို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စခန်းတွေမှာ နေထိုင်လျှက်ရှိတဲ့ အမျိုးသမီးတွေကို ဗြိတိန်နိုင်ငံ အခြေစိုက် Oxfam ကယ်ဆယ်ရေး အသင်းချုပ်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ၂၅% ရာခိုင်နှုန်းက သူတို့ဘဝတွေ လုံခြုံမှုမရှိတဲ့အတွက် စိုးရိမ်ပူပန်နေရကြောင်း ထုတ် ဖော်ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ကုလအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေက ဒုက္ခသည်စခန်းတွေမှာ လိင်ပိုင်းဆိုင်ရာ စော် ကားမှုနဲ့ မိသားစုအတွင်း အကြမ်းဖက်ခိုက်ရန်ဖြစ်မှုတွေ အများအပြား ကြားသိနေရတယ်လို့ ထုတ်ဖော်ပြော ကြပါတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ ဓလေ့စရိုက် အဟန့်အတားတွေကြောင့် အဲဒီလို ထိပါးစော်ကားမှုတွေကို အာဏာပိုင်တွေထံ တိုင်တန်းတင်ပြလေ့ သိပ်မရှိကြဘူးလို့ UNHCR ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။
FB:

No comments:
Post a Comment