Saturday, March 23, 2019

သတင်းပေးလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ရိုဟင်ဂျာတချို့ ကို အာဆာ ဖမ်းဆီးခဲ့။

B  B  C 

ဘီဘီစီ မြန်မာပိုင်း
2019 မတ် 23 ရက်

ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အာဆာဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခ သည် တွေ ခိုလှုံရာ ဘင်္ဂလားဒေ့ရှ်နယ်စပ် စခန်းတွေထဲက ဒုက္ခသည်တွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ေ ဆာင် တာ တွေ၊ ထိန်းသိမ်းတာတွေ၊ နှိပ်စက်ညှင်းပန်း သတ်ဖြတ်တာမျိုးတွေ လုပ်နေတယ်လို့ Fortify Rights လူ့အ ခွင့်အရေး ဆိုင်ရာအဖွဲ့ရဲ့ မကြာခင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါ တယ်။ 

ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ဖို့၊ ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်ပြီး အမျိုးသမီးတွေရဲ့ အခွင့် အေ  ရးတွေနဲ့ လွတ်လပ်စွာ ပြောဆိုဆိုခွင့်တွေကို ကာကွယ်ပေးဖို့ စတာတွေလည်း အာဆာကို Fortify Rights အဖွဲ့က တောင်းဆိုထားပါတယ်။

Fortify Rights ရဲ့ အမှုဆောင်ဒါရိုက်တာ မက်သရူးစမစ်ကို ဘီဘီစီမြန်မာပိုင်းက ဆက်သွယ်မေးကြည့် ထားပါတယ်။

ဘီဘီစီ။ ဒုက္ခသည်စခန်းတွေထဲ အာဆာ အဖွဲ့ ဘယ်လိုဘယ်ပုံ လှုပ်ရှားနေတယ်လို့ သိထားရလဲ။

မက်သရူးစမစ်။ ကျွန်တော်တို့ သိရသလောက် အာဆာအဖွဲ့ နဲ့ ဆက်နွယ်နေသူတွေ အတော်များများဟာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ရှိနေတဲ့ ဒုက္ခသည်စခန်းတွေထဲ လှုပ်ရှားနေကြပါတယ်။

 အာဆာအပေါ် ဝေဖန်ပြောဆိုသူတွေ ကို အဓိက ပစ်မှတ်ထားပြီး အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားတာတွေ ၊ ထိန်းသိမ်းတာတွေ လုပ်ပါတယ်။ ဒါ့အပြင် နှိပ်စက်ညှင်းပန်းတာမျိုး၊ ခြိမ်းချောက်တာမျိုးတွေလည်း လုပ်နေ တာကြောင့် ကျွန်တော်တို့က စိုးရိမ်ပါတယ်။

အာဆာအဖွဲ့ဟာ စခန်းထဲက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးရမယ့် အစား ချိုးဖေါက်နေ တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖေါက်နေပါတယ်။ အခုဆိုရင် စခန်းထဲက ဒုက္ခသည်တွေဟာ ရန်ပြုခံရမှာစိုးလို့ မပြောရဲ မဆိုရဲ ဖြစ်နေကြပါတယ်။ ဒါကြောင့် ဒီလို ပြုမူနေ တာတွေကို ရပ်ဖို့ ကျွန်တော်တို့ တောင်းဆိုတာပါ။

ဘီဘီစီ။ အာဆာအဖွဲ့က အဲဒီလို ကျူးလွန်တယ်ဆိုတာ ခင်ဗျားတို့မှာ ဘယ်လိုအထောက်အထားရှိသလဲ။

မက်သရူးစမစ်။ ရိုဟင်ဂျာဒုက္ခသည်တွေထဲ အာဆာရဲ့ ကိုယ်တိုင် ဖမ်းဆီး ခေါ်ဆောင်တာ ခံခဲ့ရဖူး သူတွေ အပါအဝင် မိသားစုဝင် အတော်များများနဲ့ စကားပြောခဲ့ရပါတယ်။ နောက်ပြီး မျက်မြင်သက်သေတွေလည်း ရှိပါတယ်။

အာဆာအဖွဲ့က ပစ်မှတ်ထား ခြိမ်းခြောက်တာ ခံရသူတွေထဲ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေက အကူ အညီပေး ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ ကူညီရေးတွေ မလုပ်ဖို့ အာဆာ အဖွဲ့ ဝင်တွေက သူတို့ကို ခြိမ်းခြောက်ကြတယ်ဆိုပြီး အဲဒီ အမျိုးသမီးတွေက ပြောပါတယ်။ ဒီအမျိုးသမီးတွေ ကို အိမ်ထဲမှာပဲ နေကြဖို့၊ အပြင်မှာ အလုပ်မလုပ်ဖို့ အဲဒီ စစ်သွေးကြွတွေက ခြိမ်းချောက် တားမြစ်တယ်လို့ ပြောကြပါတယ်။

ဘီဘီစီ။ အာဆာက ဒီလိုတွေ ပြုမူနေတာ ဘာ့ကြောင့်လို့ ယူဆထားလဲ။

မက်သရူးစမစ်။ အခုနက ပြောခဲ့သလိုပဲ သူတို့အပေါ် ဝေဖန်သူတွေ၊ နောက် အိမ်ပြင်ထွက် ကူညီ ကယ် ဆယ်ရေးတွေ လုပ်တဲ့ ရိုဟင်ဂျာအမျိုးသမီးတွေကို ပစ်မှတ်ထားတာတွေရပါတယ်။

အမျိုးသားတွေကိုကျတော့ မြန်မာအစိုးရကို သတင်းပေးသူ၊ ဘင်္ဂ္လားဒေ့ရှ် အစိုးရကို သတင်းပေးသူတွေ အဖြစ် စွပ်စွဲပြီး ဖမ်းဆီးတာတွေ လုပ်ပါတယ်။ဒါမျိုးဖြစ်ရပ်တွေကို ၂ဝ၁၈ နှောင်းပိုင်းမှာ တွေ့ခဲ့ရသလို၊ လောလောဆယ်မှာလည်း အဖြစ်အပျက် ၃ ၊ ၄ ကြိမ်လောက် ရှိနေပါတယ်။

ဘီဘီစီ။ အာဆာ အဖွဲ့ရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရတို့၊ ကုလသမဂ္ဂတို့ကိုရော Fortify Rights အနေနဲ့ အကြောင်းကြားသလား။ သူတို့က ဘာပြောလဲ။ ဘယ်လိုအရေးယူ သလဲ။

မက်သရူးစမစ်။ တချို့ အချက်အလက်တွေကို လူ့အခွင့်အရေးချိုးဖေါက်မှုကို မှတ်တမ်းတင်နေတဲ့ ကုလသမဂ္ဂ အရာရှိတချို့နဲ့ ဘင်္ဂ္လားဒေ့ရှ် အစိုးရ အရာရှိတွေထံ ပေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရ ဆီကတော့ ဘာ မှ အရေးယူ တုံ့ပြန် ဆောင်ရွက်တာမျိုး မကြားရသေးပါဘူး။ သူတို့အနေနဲ့ ဒါတွေကို အရေးယူ ဆောင် ရွက် ဖို့ သင့်ပါတယ်။ သင့်တော်တဲ့ အရေးယူမှုတွေ လုပ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို အကာအကွယ် ပေးလာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */