Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Tuesday, September 13, 2022

IIMM သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂသို့ တင်ပြ ခဲ့

VOA
ဗွီအိုအေ (မြန်မာဌာန)
စက်တင်ဘာ ၁၂၊ ၂၀၂၂
IIMM Myanmar အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အကြီးအကဲ Nicholas Koumjian

IMM သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂသို့ တင်ပြခဲ့သည်။

IMM Myanmar ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အကြီးအကဲ Nicholas Koumjian က မြန် မာနိုင်ငံတွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ဆက်လက် ကျူးလွန်နေခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်နေကြကြောင်း ယနေ့ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပြောကြားခဲ့သည်။ ဥပဒေတစ်ခုခု။

ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကြောင့် တည်ငြိမ်မှု ထိခိုက်မည်ကို ဘင်္ဂလားဒေ့ရှ် က စိုးရိမ်နေသည်။

VOA
VOA မြန်မာပိုင်း
13 စက်တင်ဘာ 2022
ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုမြင်ကွင်း (ဓာတ်ပုံ - ဦးအေးလွင် - ဇန်နဝါရီ ၁၄၊ ၂၀၂၁)

လူပြည့်ကျပ်နေတဲ့ စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ရဲ့ ရေရှည်နေထိုင်မှုဟာ လုံခြုံရေးနဲ့ တည် ငြိမ်ရေး အတွက် စိုးရိမ်စရာ ဖြစ်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောပါတယ်။ ၎င်းတို့ ကြုံတွေ့နေရသော ပြဿနာများအပြင် အချိန်အကြာကြီး နေထိုင်နေရခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ စီးပွားရေးနှင့် သ ဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က နိုင်ငံပေါင်း ၂၄ နိုင်ငံမှ အကြီးတန်း စစ်ဘက်အရာရှိများ၏ ၃ ရက်ကြာ အစည်းအဝေး အဖွင့်တွင် ပြောကြားခဲ့သည်။ အင်ဒို-ပစိဖိတ်ဒေသရဲ့ လုံခြုံ ရေးနဲ့ ပြည်သူ့နိုင်ငံရေးတည်ငြိမ်မှုအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိနေပါတယ်။

မြန်မာစစ်တပ်ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အထောက်အ ထားများကို ဖေ့စ်ဘွတ်က ကုလစုံစမ်းစစ်ဆေးသူထံ ပေးအပ်

DVB 
13 September, 2022
မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီပြီး ဖေ့စ်ဘွတ်ခ်က ပေးအပ်ခဲ့တယ်လို့ ကုလသမ ဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးသူများအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

၂၀၁၈ ခုနှစ်က စတင်ကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ဟာ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ မြန်မာစစ်တပ်ကို တရားစွဲဆိုနိုင်ရေး အချက်အလက်အမှုတွဲတွေ ပြင်ဆင်တည်ဆောက်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ် ပြေးဒုက္ခသည် တသန်းခွဲနီးပါး ရှိလာ ( ISP)

မြန်မာ - တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံထားရစဉ်သေဆုံး မှု

Human Rights Watch
September 13, 2022 

အမှုခြောက်ခုမှာ ညှဉ်းပန်းနှိပ်စက်မှုနှင့် စုံစမ်းစစ်ဆေးရန် ပျက်ကွက်မှုကို မီးမောင်းထိုးပြနေသည်

People attend the funeral of Khin Maung Latt, a National League for Democracy ward chairman in Yangon, Myanmar, who died in custody, March 7, 2021. © 2021 REUTERS/Stringer

(ဆစ်ဒနီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၂) - ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသော လူအများအပြား သေဆုံးမှုများအတွက် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့က တာဝန်ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ယနေ့ ပြောကြားခဲ့သည်။

မြင်သာသော နှိပ်စက်ညှဉ်းပန်းခံထားရခြင်း သို့မဟုတ် လုံလောက်သော ဆေးဝါးကုသမှု မရရှိခြင်းကြောင့် တက်ကြွလှုပ်ရှားသူ ခြောက်ဦး ဖမ်းဆီးခံထားရစဉ် သေဆုံးမှုကို HRW မှ မှတ်တမ်းတင်နိုင်ခဲ့သည်။ စစ်အစိုးရအာဏာ ပိုင်များသည် အဆိုပါ သေဆုံးမှုများကို အလေးအနက် စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တာဝန်ရှိသူများကို အရေး ယူခြင်း မရှိသေးပေ။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်း စစ်ဆေးမှုယန္တရားအကြီးအကဲ Mr. Nicholas Koumjian ၏ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့်စာတမ်း

United Nation
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်

လေးစားရသည့် ဥက္ကဋ္ဌကြီးနှင့်

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား…

မြန်မာနိုင်ငံ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား၏ စတုတ္ထနှစ်ပတ်လည် အစီရင်ခံစာကို တင်ပြရခြင်းအ တွက် ဂုဏ်ယူမိပါသည်။ ဤကောင်စီက ကျွန်ုပ်တို့အဖွဲကို မြန်မာနိုင်ငံတွင်း အကြီးလေးဆုံးသော နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းထိန်းသိမ်းရန် ဖွဲ့စည်းခဲ့သည်။ ဝမ်းနည်းစရာက ကျွန်တော် ၏ နောက်ဆုံး အစီရင်ခံမှု နောက်ပိုင်းမှာ ရာဇ၀တ်မှုများ ပိုမိုပြင်းထန်လာမှုကို အစီရင်ခံရမှာ ဖြစ်ပါသည်။ ဥပဒေလိုက်နာရန် အယုံ အကြည်မရှိသူများ၏ တာဝန်ခံမှုကင်းမဲ့စွာ လုပ်ဆောင်မှုများကြောင့် မြန်မာပြည်သူများ ဆက်လက် ဒုက္ခခံစားနေကြရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းစစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာအ များစု နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်မှာ ယခုအခါ ငါးနှစ်ကျော်ကြာ သွားပြီ ဖြစ်သည်။ ဤထွက်ပြေးသူအားလုံးနီးပါးသည် အိမ်နီးချင်းနိုင်ငံများတွင် ဆက်ရှိနေပြီး၊ ဘေးကင်း၍ ဂုဏ်သိက္ခာရှိစွာ အိမ်ပြန်နိုင်ရန် အခြေအနေပေးမည့် နေ့ကို စောင့်မျှော်နေသည်။ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများ၏ အရေးယူခံရမှုကင်းလွတ်နေခြင်းများ အဆုံးသတ်မှသာလျှင်၊ ရိုဟင်ဂျာများ စောင့်မျှော်သည့် ဤအခြေအနေကို ဖန်တီးနိုင်ပါမည်။

ရိုဟင်ဂျာ ဒုက္ခသည်အရေးကြောင့် တည်ငြိမ်မှုထိခိုက်မှာ ဘင်္ဂလားဒေ့ရှ်စိုးရိမ်

VOA
ဗွီအိုအေမြန်မာပိုင်း
၁၃ စက်တင်ဘာ၊ ၂၀၂၂ 

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း မီးလောင်နေတဲ့ မြင်ကွင်း (ဓာတ်ပုံ - U Aye Lwin - ဇန်နဝါရီ ၁၄၊ ၂၀၂၁)


ဘင်္ဂလားဒေရှ့် နိုင်ငံက လူထူထပ်လှတဲ့ စခန်းတွေမှာရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်ကြာရှည် နေထိုင်နေကြ တာဟာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုင်ရာ အလေးအနက် စိုးရိမ်စရာတခု ဖြစ်လာနေပြီလို့ ဘင်္ဂလားဒေရှ့် ဝန်ကြီး ချုပ်က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။ သူတို့ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အပြင် အခုလိုကြာရှည် နေထိုင် နေကြရတာကြောင့် ဘင်္ဂလားဒေရှ့်ရဲ့ စီးပွားရေး၊ သဘာ၀ ပတ်ဝန်းကျင်၊ လုံခြုံရေးနဲ့ လူထု နိုင်ငံရေး တည်ငြိမ်မှု အပေါ်မှာ ဆိုးဆိုးရွားရွား သက်ရောက်စေတယ်လို့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina က အင်ဒိုပစိဖိတ် ဒေသတွင်း ၂၄ နိုင်ငံက စစ်ဘက် အရာရှိကြီးတွေရဲ့ ၃ ရက်ကြာ ဆွေးနွေးပွဲ ဖွင့်ပွဲမှာ ပြောဆိုခဲ့တာပါ။

ရိုဟင်ဂျာပြဿနာ ကြာရှည်လာရင် နိုင်ငံတည်ငြိမ်မှုထိခိုက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.13

ရိုဟင်ဂျာပြဿနာ ကြာရှည်လာရင် နိုင်ငံတည်ငြိမ်မှုထိခိုက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က နေရပ်ပြန်ခွင့်ရရေးအတွက် ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆိုဆန္ဒပြနေစဉ်။ Photo: AFP


နိုင်ငံအတွင်း ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ကာလကြာရှည် ဆက်ရှိနေမယ်ဆိုရင် နိုင်ငံ့လုံခြုံရေးနဲ့ တည် ငြိမ် ရေးထိခိုက်လာမှာကို အလေးအနက်စိုးရိမ်နေရကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တန င်္လာနေ့က ပြောဆိုလိုက်တယ်လို့ AP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

Thursday, September 8, 2022

ဝါးခယ်မမြို့နယ်မှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၅၆ ဦး ထောင် နှစ်နှစ် ချမှတ်ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.08

ဝါးခယ်မမြို့နယ်မှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၅၆ ဦး ထောင် နှစ်နှစ် ချမှတ်ခံရ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် တရားရုံးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ် Photo: RFA

ဩဂုတ်လ ၂၁ ရက်နေ့က ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကလေးငယ် သုံးဦး အပါအဝင် ရို ဟင်ဂျာ ၅၆ ဦးကို ဝါးခယ်မမြို့နယ် တရားရုံးက စက်တင်ဘာ ၆ ရက်နေ့ မှာ မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ - ၆ (၃) နဲ့ ထောင် နှစ်နှစ်စီ ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Wednesday, September 7, 2022

ပင်လယ်ထဲမျောပါနေသည့် ရိုဟင်ဂျာ ၁၀ဦးနှင့် ကျွန်းပေါ်က ၄၁ဦးတို့ကို ထိုင်းကယ်တင်



ထိုင်းနိုင်ငံ စတုန်ခရိုင်ရှိ ပင်လယ်ထဲတွင် အကာအကွယ်မရှိဘဲ မျောပါဒုက္ခရောက်နေသော ရိုဟင်ဂျာ ဒုက္ခသည် ၁၀ ဦးကို စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၄၁ ဦးကို ကျွန်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စတုန်ခရိုင် လန်ဂူးဒေသ ဘူလိုးကျွန်းအနီး ပင်လယ်ပြင်တွင် မျောပါနေသည်ကို ထိုင်းငါးဖမ်းသမားများက မြင်တွေ့သဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းပင်လယ်ထဲ တွန်းချခံရသည့် ရိုဟင်ဂျာ ၁၀ ဦးနှင့် ကျွန်းပေါ်သောင်တင်နေသူ ၄၁ ဦးကို ကယ်တင်

DVB
2022.09.07

ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ ပင်လယ်ထဲတွန်းချခံရတဲ့ ရိုဟင်ဂျာအမျိုးသား ၁၀ ဦးနဲ့ ကျွန်းပေါ်သောင် တင် နေတဲ့ ၄၁ ဦးတို့ကို ထိုင်းအာဏာပိုင်တွေ ကူညီကယ်ဆယ်ထားတယ်လို့ The Nation ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက် ၆ နာရီလောက်က ထိုင်းပင်လယ်ပြင် ပူးလွန်း ကျွန်းစုအနီးမှာ လူတစုရေထဲ ကူးခတ်ပြီး အကူအညီလှမ်းတောင်းနေတာကို တံငါသည် ရွာသားတွေက တွေ့ရှိတာကြောင့် ကနဦးကယ်တင်ပြီး လငူးမြို့နယ် အုပ်ချုပ်ရေးရုံးနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ လငူးနယ်မြေရဲစခန်း တာဝန်ကျစခန်းမှူး က ပြောပါတယ်။

လှေစီးပြေး ရိုဟင်ဂျာ ၅ဝ ကျော် ထိုင်းရေလုပ်သားတွေ ကယ်တင်

VOA
ဗွီအိုအေမြန်မာပိုင်း
၀၇ စက်တင်ဘာလ၂၀၂၂ 

Koh Bulone ပင်လယ်ပြင်ထဲမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ဆယ်ဦးကို ထိုင်းငါးဖမ်းလှေ လုပ်သားတွေက တွေရှိ တာကြောင့် ကယ်ဆယ်ခဲ့ပြီး နောက်ထပ် အဲဒီပင်လယ်ပြင်နဲ့ နီးတဲ့ကျွန်းတကျွန်းပေါ်မှာ ရိုဟင်ဂျာ ၄၁ဦးကို ထပ် တွေ့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်းတောင်ပိုင်း Satun ပြည်နယ်ထဲက ပင်လယ်ပြင်မှာ ဖော့တုံးတွေကို ဖောင်လုပ်ပြီး ရေထဲမျောနေတဲ့ ရိုဟင် ဂျာ ၁၀ ဦးကို ထိုင်းငါးဖမ်းလှေ က ကယ်ဆယ်ခဲ့တာပါ။ သူတိုတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေတဆင့် ဘင်္ဂလားဒေရှ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး အဲဒီကတဆင့် အင်ဒိုနီးရှားနိုင်ငံ ဘက်ကိုသွားဖို့အတွက် လာကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။

ရခိုင်ဒေသကိုစွန့်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၈၀၀ ခန့် အဖမ်းခံထားရ

RFA
Radio Free Asia
2022.09.06

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့ ဂေါ့ကမ်းခြေအနီးမှာ ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ အယောက် ၅ဝ ခန့်အား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ် Photo: Aung Kyaw Moe
 
ရခိုင်ပြည်နယ် စစ်တွေ၊ ဂွ၊ အမ်း၊ သံတွဲ၊ မောင်တော စတဲ့မြို့နယ်တွေနဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တွေမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစလို့ ဒီနေ့အထိ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၈၀၀ လောက်ရှိပါတယ်

ရခိုင်ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ချက်တွေနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဒီရိုဟင်ဂျာတွေ ဦးရေကို သိရတာပါ။

Tuesday, September 6, 2022

လက်ပံတန်းမြို့မှာ ရိုဟင်ဂျာ ၂၈ ဦးအဖမ်းခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.06 

ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့ကို Google Earth မှတွေ့ရစဉ်  Photo: Google Earth


ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ရိုဟင်ဂျာ ၂၈ ဦး ဖမ်းဆီးခံ ခဲ့ရတယ်လို့ လက်ပံတန်းမြို့ခံတွေက RFA ကိုပြောပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ မနက် ၅ နာရီကျော် လောက်က ရန်ကုန်-ပြည် ကားလမ်းမှာ ပြောင်းဖူးတင်တဲ့ ကား နှစ်စီးနဲ့ လိုက်ပါလာကြချိန် မိုင်တိုင် ၈၉/၆ အရောက်မှာ အဖမ်းခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

Sunday, September 4, 2022

စစ်တွေမှာ ရိုဟင်ဂျာ လူငယ်တစ်ဦး ပစ်သတ်ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.04

စစ်တွေမှာ ရိုဟင်ဂျာ လူငယ်တစ်ဦး ပစ်သတ်ခံရစစ်တွေမြို့တွင် စစ်ကောင်စီ အရာရှိ တစ်ဦးနဲ့ တပ်သားတစ်ဦး ဖမ်းဆီးခံရသည့်အတွက် စစ်ဆေးခံနေရသည်အား ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: RFA


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘုမေရပ်ကွက်၊ စစ်တွေတက္ကသိုလ်အနီးမှာ စက်တင်ဘာ ၄ ရက် ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က ရိုဟင်ဂျာလူငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံ တွေက RFAကို ပြောပါတယ်။

ဒါးပိုင်ကျေးရွာမှာ နေထိုင်တဲ့ ဇမီရ်ဟူစိန်ဟာ စစ်တွေတက္ကသိုလ် အနီးက ရဲတပ်ရင်း ၃၆ စစ်ဆေးရေးဂိတ်ကို ဖြတ် သွားတဲ့အချိန်မှာ ရဲကင်းစခန်းထဲကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ အမည်မဖော်လိုတဲ့ မျက် မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

"ဆိုင်ကယ်နဲ့ စာရွက်စာတမ်း ပြနေတုန်းမှာပဲ ပစ်ခတ်ခံလိုက်ရတာပါ၊ ပစ်ခံရတဲ့သူက အနောက်မှာ ထိုင်တာ၊ အ ရှေ့မှာ ဆိုင်ကယ်မောင်းတဲ့ သူရှိတယ်၊ ရဲကင်း စခန်းထဲကနေ ပစ်လိုက်တာ၊ တစ်ချက်ပဲ ပစ်တယ်၊နေရာမှာတင် ဆုံးသွားပါတယ်"

ရိုဟင်ဂျာ ဒုက္ခသည်အရေး တိုင်းပြည် ‘ဝန်ထုပ်ဝန်ပိုး’ ဖြစ်နေ (ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်)

VOA
ဗွီအိုအေမြန်မာပိုင်း
၀၅ စက်တင်္ဘာ၂၀၂၂
Reuters


 ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဖြေရှင်းကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တိုက်တွန်းလိုက်ပါတယ်။


“ရိုဟင်ဂျာပြဿနာဟာ ဘင်္ဂလားဒေ့ရှ်အတွက်ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးတခုဖြစ်နေပါတယ်။နိုင်ငံကြီးတခုဖြစ်တဲ့ အိန္ဒိယက လက်ခံထားလို့ ရပေမဲ့ သိပ်များများစားစား မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာတော့ ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းကျော်ရှိနေပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် အစီအစဉ်တွေ လုပ်ကြဖို့ နိုင်ငံတကာအ သိုင်း အဝိုင်းနဲ့ရော၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ တိုင်ပင်ဆွေးနွေး နေရတယ်။” လို့ ANI သတင်းဌာနနဲ့တွေ့ဆုံ မေး မြန်းစဉ် ဝန်ကြီးချုပ် Sheikh Hasina ကပြောဆိုသွားတာပါ။

ရိုဟင်ဂျာအရေးဦးဆောင် လှုပ်ရှားနေသူတစ်ဦး ဖြစ်သည့် ဦးအောင်ကျော်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

The Arakan Express News
2022 September 4 

မြန်မာ့နိုင်ငံရေး၊ ရိုဟင်ဂျာအရေး၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးနှင့် ဒေသတွင်း ရှေ့အလားအလာ အခြေအနေ များကို AEN သတင်းဌာနမှ မြန်မာဘာသာဖြစ် တိုက်ရိုက်မေးမြန်းထုတ်လွှင့်မည့် အစီအစဉ်အတွင်း လူ့အခွင့်အ ရေး နှင့် ရိုဟင်ဂျာအရေးဦးဆောင် လှုပ်ရှားနေသူတစ်ဦး ဖြစ်သည့် ဦးအောင်ကျော်မိုးကို "မေးချင်တာ လာမေးပါ။ မေးစရာရှိတာ မေးပါ။ မေးဖို့လိုတာတွေကို မေးပါ" မည်သူမဆို အောက်ဖော်ပြပါ လင့်ကနေတဆင့် မေးမြန်းလို သည့် မေးခွန်းအကြောင်းအရာများကို ပေးပို့ကာ တိုက်ရိုက်မေးမြန်းထုတ်လွှင့်မည့် အစီအစဉ်အတွင်း ကိုယ်တိုင် ကိုယ်ကျ ပါဝင်နိုင်ရန် စီစဉ်ထားပါသည်။

Link : Here

Khit Thit Media (ရန်ကုန် ခေတ်သစ်မီဒီယာ ) ရန်ကုန်၊ စက်တင်ဘာ ၄ ရက်နေ. ၂၄ နာရီအတွင်း ဘာတွေ ဖြစ်ပျက် ခဲ့သလဲ?

( 04.09.2022 )
ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး၊ စစ်ကိုင်း မြို့ နယ်၊ တောင်ကြားကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိ  

မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းသဖြင့် ပြည်သူ ၃ ထောင်ကျော် ညအချိန်ထွက်ပြေး နေရပြီး ၁၃ ဦး ဖမ်းဆီးခံရ (ရုပ်/သံ)  

မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းသဖြင့် ပြည်သူ ၃ ထောင်ကျော် ညအချိန်ထွက်ပြေး နေရပြီး ၁၃ ဦး ဖမ်းဆီးခံရ  ( သတင်း )

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင်၂၄ ဦးသေဆုံး  

ရွှေဘိုတွင် စစ်တပ်ထောက်ပို့ စစ်ယာဉ်တန်းများကို PDF မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေ ဆုံ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃ ခုတွင် ဗုံးပေါက်ကွဲသံများ ထွက်ပေါ်၊ စစ်တပ်ပိုင်မြန်မာဘီယာ စက်ရုံတွင် လည်း ဗုံးပေါက်၊ အိမ်မဲမြို့နယ် EPC ရုံးတွင်ပေါက် ကွဲမှု ဖြစ်ပွာ:  

အားမာန်သစ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ (ရုပ်/သံ)  

နတ်မောက်၊ ကျောက်အိုးကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး သတင်း ပေါက် ကြားလျှင် ရွာကို ထပ်မံ လာရောက်မည်ဟု ခြိမ်းခြောက် (ရုပ်/သံ)  

ရွှေရေကြည် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ  

အဓမ္မ နိုင်ငံမှ ဓမ္မ နိုင်ငံတော်ဆီသို့ - အပိုင်း(၁၉) ခေါင်းစဥ်ဖြင့်  

အားမာန်သစ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ  

ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိ  

လက်ပံတောင်းတောင် ပင်မသပိတ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ  

မြောက်ဦးတွင် အပြစ်မဲ့ပြည်သူများကို တိုက်ခိုက်ရဲသည့် အကြမ်းဖက် စစ်တပ် သူရဲဘောကြောင်ဟု AA စစ်ဦးစီး ချုပ် မှတ်ချက်ပြု  

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ယင်းမာပင် ပြည်သူ များ ချီတက် ဆန္ဒပြ  

ပြည်ကြီးတံခွန် သပိတ် အင်အားစု ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်  

ဂျပန်နိုင်ငံတွင် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ဦးဆောင်ကာ PDF ရန်ပုံငွေရရှိရေး ဘောလုံးပြိုင်များ ကျင်း ပ  

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချင်းတွင်းမြစ် အ နောက် ဘက်ကမ်း သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ (ရုပ်/သံ)  

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချင်းတွင်းမြစ် အ နောက် ဘက်ကမ်း သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ ( သတင်း )  

ယင်းမာပင် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ  

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဆက်လက်ထားရှိရေး လက်ပံတောင်းတောင် ပြည် သူများ ချီတက် ဆန္ဒပြ (ရုပ်/သံ)  

ရွှေနွယ်သွေး သပိတ်စစ်ကြောင်းနှင့် ဗကသ ကျောင်းသားများ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ  

စနစ်ပြောင်းဖို့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးများ" ( စကားဝိုင်း )  

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဆက်လက်ထားရှိရေး လက်ပံတောင်းတောင် ပြည် သူများ ချီတက် ဆန္ဒပြ  

ဝမ်းတွင်းတွင် PDF ကို ထောင်ဖမ်းမည်ဆိုသော ပျူစောထီး ပစ်သတ်ခံရပြီးသေဆုံး၊ ရွှေဘို၊ ပေါင်းတည်နှင့် သာ ယာ၀တီတို့တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး  

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် ဦးကျော်မိုးထွန်းကို ဆက်လက် ခန့်ထားရေး ပုလဲ ပင်မသပိတ် အင်အား စု များ ဆန္ဒပြ တောင်းဆို (ရုပ်/သံ)  

ကလေးမြို့ ပင်မသပိတ် အင်အားစုများ "Accept NUG & Our ambassador, Reject Dictator" စာတန်း ကိုင် ဆောင်ကာ ဆန္ဒပြ  

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်  

မြိုင်၊ ကန်နီ ပျူစောထီးရွာကို ဝင်တိုက်ခဲ့သော PDF တပ်ဖွဲ့များကို ပြည်သူများက အောင်သပြေပန်းများဖြင့် ကြို ဆို (ရုပ်/သံ)  

ရန်ကုန်တွင် စစ်အာဏာရှင်ကို တော်လှန်မည့် "ပြည်သူ့စစ် စတင်ဖို့ ပြည်သူအားလုံးပါဝင်စို့" စာတန်း ချိတ် ဆွဲ  

တောင်ကိုရီးယာနိုင်ငံ ဆူဝမ်မြို့တွင် ဦးကျော်မိုးထွန်းကို ကုလဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ထားရှိရေး ဆန္ဒပြ  

တစ်နိုင်ငံလျှပ်စစ်မီးများ မှန်အောင်မပေးနိုင်သော်လည်း လျှပ်စစ်သုံးကား ၅၀ စီး တပြိုင်နက်တည်း အား သွင်း နေရာ ၅ ခု ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ဆောက်မည်၊ ဗိုလ်ချုပ်ဆွေမျိုးသားသမီး ကောင်း စားရေး ပရောဂျက်ဖန်တီး၍ ပြည်သူ့ဘဏ္ဍာ ဖြုန်းတီးမှုဟု ရှုမြင်  

စစ်အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ စစ်အာဏာရှင် ဆန့်ကျင် ရေး လှုပ်ရှားမှု ပြုလုပ်  

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေဆိုးဝါးနေ၊ တစ်နေ့လုံး၊ တစ်ည လုံး မီးမရဘဲ ပြတ်တောက်သည်အထိ ဖြစ်လာ  

"ဆရာစံခွန်အားနဲ့ သာယာဝတီနယ်သားတို့ ကမယ့်ပွဲ" ကံစမ်းမဲလက်မှတ် ဖောက်ပွဲ  

နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ချုပ်ဒေါ်မြင့်မြင့်သန်းနှင့် ဌာနအရာရှိများ ကိုဗစ်ရောဂါ ကူး စက်ခံနေရပြီး ကြိတ်ကုနေ  

ထားဝယ်၊ သရက်ငုတ်ရွာအနီး စစ်ကောင်စီရှေ့ပြေးအဖွဲ့ အပေါ်စီးမှ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါ အဝင် ၈ ဦးသေဆုံး (ရုပ်/သံ) 

ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုမှ "ညီရင်ထွက်ခဲ့ PDF ဆီသို့" စာတန်း ချိတ်ဆွဲ  

တောင်ကိုရီးယားနိုင်ငံ၊အူဆန်းမြို့တွင် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကိုရီးယား- မြန်မာပူး ပေါင်းဆန္ ဒပြပွဲပြုလုပ် (ရုပ်/သံ)  

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် ဦးကျော်မိုးထွန်းကို ဆက်လက် ခန့်ထားရေး ပုလဲ ပင်မသပိတ် အင်အားစုများ ဆန္ဒပြ တောင်းဆို  

စစ်ကောင်စီကို အသိအမှတ်မပြုရန်နှင့် သံအမတ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် UN ကို လောင်းလုံး ပြည်သူများ ဆန္ဒပြ  

စစ်တွေတွင် ဆိုင်ကယ်စီးလာသော ရိုဟင်ဂျာ လူငယ် အသက် ၂၀ အရွယ် ဇမီရ်ဟူစိန်ကို စစ်တပ်နှင့်ရဲက ပစ် သတ်  

ရန်ကုန်ရှိ UN ရုံးရှေ့တွင် 'UN Prove Your Existence for Justice' စာသား ချိတ်ဆွဲကာ တောင်းဆိုဆန္ဒပြ  

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းနှင့် စခန်းများကို KNDF တပ်ရင်း ၁၅ က တိုက်ခိုက်၍ စစ်သား ၅ ဦးထက်မနည်း ထိခိုက်မှုရှိ (ရုပ်/သံ)  

၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက် အတည်ပြုရေး အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ်စကိုမှ တောင်းဆို ဆန္ဒပြပွဲ တိုက် ရိုက် ထုတ်လွှင့်ခြင်း  

တောင်ကိုရီးယား၊ အူဆန်းမြို့တွင် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကိုရီးယား- မြန်မာပူးပေါင်း ဆန္ဒပြ ပွဲ ပြုလုပ်  

စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ  

စစ်အာဏာရှင် ချေမှုန်းရေး ဖားကန့်တွင် စာတန်းချိတ်ဆွဲပြီး ပြောက်ကျားဆိုင်ကယ်သပိတ်ဖြင့် ဆန္ဒပြ(ရုပ်/သံ)  

စစ်အာဏာရှင် ချေမှုန်းရေး ဖားကန့်တွင် စာတန်းချိတ်ဆွဲပြီး ပြောက်ကျားဆိုင်ကယ်သပိတ်ဖြင့် ဆန္ဒပြ( သတင်း) 

အကြမ်းဖက်မင်းအောင်လှိုင် လိုက်ပါသော MAI Airbus A-319-112 လေယာဉ် နေပြည်တော်မှ ရုရှားသို့ ထွက်ခွာ၊ တရုတ်နိုင်ငံ လေပိုင်နက် လမ်း ကြောင်း ကို အသုံးပြု  

Khit Thit သတင်းဌာန စက်တင်ဘာ ၄ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်  

ရန်ကုန်၊ အင်းစိန် CID ရဲရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ရွှေဘိုတွင် စစ်တပ် ယာဥ်တန်းတို့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံ

ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာလိုသည့် မွတ်ဆလင် ၁၉ ဦး ဂွမြို့နယ်တွင် ဖမ်းဆီးခံရ

DMG
၂၀၂၂ စက်တင်္ဘာလ ၄ ရက်
ဂွမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံရသည့် မွတ်ဆလင်များအားတွေ့ရစဉ်။(ဓာတ်ပုံ- ရခိုင်နေ့စဉ်)

ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီး တောတွင်းတွင် စက်တင်ဘာလ ၂ ရက်နေ့၊ ညနေ ၁၁ နာရီအချိန်ခန့်က မွတ်ဆလင် ၁၉ ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့နယ်ရဲစခန်းမှသိရသည်။

ဖမ်းဆီးခံရသည့်မွတ်ဆလင်များမှာ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမြို့နယ်များမှဖြစ်ကြပြီး ရန်ကုန်သွားရောက်ကြမည့်သူများဟု ဂွမြို့နယ်ရဲစခန်းမှ ရဲအုပ် ဇော်ဇော်ဦးက ပြောသည်။

စစ်တွေမှာ မွတ်ဆလင်လူငယ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

 B B C 

ဘီဘီစီမြန်မာပိုင်း
၂၀၂၂ စက်တင်္ဘာလ ၉ ရက်

စစ်တွေ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဓါးပိုင်ကျေးရွာကမွတ်ဆလင် လူငယ်တစ်ဦး ဟာ ဒီကနေ့ စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ရဲကင်းဘက်ပစ်ခတ်လိုက်တာကြောင့် သေနတ်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေပြော ပါ တယ်။

သေဆုံးတဲ့လူငယ်ဟာ ဓါးပိုင်ကျေးရွာ အကွက်၄ က အသက် ၂၀ အရွယ် မောင်ဇော်မီရ်ဟူစောန်ဆိုသူဖြစ်ပြီး ဘုမေကျေးရွာကို ဆိုင်ကယ်နဲ့သွားစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒေသခံတွေအပြော အရ ခေါ်ယူစစ်ဆေးချိန် ပစ်ခတ်ခံရတာလို့ပြောကြသလို ဘုမေကျေးရွာမှာရှိတဲ့ အမှတ် ၃၆ ရဲတပ်ရင်းက ဖြစ် တယ်လို့ပြောကြပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */