" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, September 13, 2022

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်း စစ်ဆေးမှုယန္တရားအကြီးအကဲ Mr. Nicholas Koumjian ၏ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့်စာတမ်း

United Nation
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်

လေးစားရသည့် ဥက္ကဋ္ဌကြီးနှင့်

ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား…

မြန်မာနိုင်ငံ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား၏ စတုတ္ထနှစ်ပတ်လည် အစီရင်ခံစာကို တင်ပြရခြင်းအ တွက် ဂုဏ်ယူမိပါသည်။ ဤကောင်စီက ကျွန်ုပ်တို့အဖွဲကို မြန်မာနိုင်ငံတွင်း အကြီးလေးဆုံးသော နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းထိန်းသိမ်းရန် ဖွဲ့စည်းခဲ့သည်။ ဝမ်းနည်းစရာက ကျွန်တော် ၏ နောက်ဆုံး အစီရင်ခံမှု နောက်ပိုင်းမှာ ရာဇ၀တ်မှုများ ပိုမိုပြင်းထန်လာမှုကို အစီရင်ခံရမှာ ဖြစ်ပါသည်။ ဥပဒေလိုက်နာရန် အယုံ အကြည်မရှိသူများ၏ တာဝန်ခံမှုကင်းမဲ့စွာ လုပ်ဆောင်မှုများကြောင့် မြန်မာပြည်သူများ ဆက်လက် ဒုက္ခခံစားနေကြရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းစစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာအ များစု နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်မှာ ယခုအခါ ငါးနှစ်ကျော်ကြာ သွားပြီ ဖြစ်သည်။ ဤထွက်ပြေးသူအားလုံးနီးပါးသည် အိမ်နီးချင်းနိုင်ငံများတွင် ဆက်ရှိနေပြီး၊ ဘေးကင်း၍ ဂုဏ်သိက္ခာရှိစွာ အိမ်ပြန်နိုင်ရန် အခြေအနေပေးမည့် နေ့ကို စောင့်မျှော်နေသည်။ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများ၏ အရေးယူခံရမှုကင်းလွတ်နေခြင်းများ အဆုံးသတ်မှသာလျှင်၊ ရိုဟင်ဂျာများ စောင့်မျှော်သည့် ဤအခြေအနေကို ဖန်တီးနိုင်ပါမည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှု အထောက်အထားများ များသထက် များပြား လာနေပါသည်။ ၎င်းတို့တွင် လူ သတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မောင်းထုတ်မှုနှင့် အတင်းအကျပ် လွှဲပြောင်းမှု၊ ဖိနှိပ်မှု၊ ထောင်သွင်းအကျဉ်းချမှုနှင့် အရပ်သားများအပေါ် ပစ်မှတ်ထားမှုများ ပါဝင်သည်။

ယန္တရားသည် လိင်နှင့် ကျားမအခြေပြု အကြမ်းဖက်မှုနှင့် ကလေးများအပေါ် ရာဇ၀တ်မှုကျူးလွန် ခြင်းဆိုင်ရာ အထောက်အထားများ စုဆောင်းခြင်းကို ဦးစားပေးလုပ်ဆောင်သည်။ အမျိုးသမီးများ နှင့် ကလေးများသည် ပဋိ ပက္ခများတွင် အထူးအန္တရာယ်ကြုံရသူများဖြစ်သော်လည်း၊ ၎င်းတို့ပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများသည် ပုံမှန်အားဖြင့် အစီရင်ခံမှုနည်းပါးပြီး၊ တရားစွဲဆိုမှုနည်းပါး ကြောင်း အတွေ့အကြုံများက ပြသနေသည်။ တစ်ခါ တစ်ရံတွင် မိဘများကို ပစ်မှတ်ထားသည့် အနေဖြင့်၊ မြန်မာနိုင်ငံရှိ ကလေးများကို ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် နိုင်ထက်စီး နင်း ဖမ်းဆီးခြင်း ပြုလုပ်သည့် အစီရင်ခံစာများကို စုစည်းရရှိထားသည်။ အမျိုးသမီးများနှင့် အမျို းသားများတွင် လိင်ပိုင်း နှင့် ကျားမအခြေပြုဆိုင်ရာ ရာဇ၀တ်မှုများ တိုးပွားလာသည့် အထောက်အထားများ လည်းရရှိထားသည်။

သေဒဏ်ပေးခြင်းသည် နိုင်ငံတကာရာဇ၀တ်မှုမဟုတ်သော်လည်း မျှတသောတရားစီရင်မှု၏ အခြေခံလိုအပ် ချက်များမပါသော တရားစီရင်မှုဖြင့် သေဒဏ်ချမှတ်ခြင်းသည် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုတစ်ခု ဖြစ်သည်။ ဇူလိုင်လအတွင်း လူလေးဦးကို ကွပ်မျက်ခြင်း တွင် ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်း၊ စွဲချက်များနှင့် သက်သေအထောက်အထား ရနိုင်မှုမရှိ သလောက် ဖြစ်ခြင်းများသည် မျှတသောတရားစီရင်မှုဖြစ်စဥ် မ ဟုတ်ကြောင်း ခိုင်မာစွာ ပြသသည်။

ဥက္ကဋ္ဌကြီးခင်ဗျာ

ယန္တရားသည် မြန်မာနိုင်ငံရှိ မှုခင်းဖြစ်ပွားသည့်နေရာများနှင့် သက်သေများထံ ဝင်ရောက်ခွင့် ငြင်းပယ်ခံရသော ကြောင့် အထောက်အထားများ စုဆောင်းရာတွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင် နေရသည်။ ယနေ့အထိ၊ ကျွန်ုပ်တို့ သည် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်နှင့် နိုင်ငံတကာ ရာဇ၀တ်မှု စွပ်စွဲချက်များနှင့် သက်ဆိုင်သည့် အချက်အလက်များပေးရန် တောင်းဆိုမှု ၁၂ ကြိမ် ပြုလုပ်ထားပြီးဖြစ်သည်။ သို့သော် မည်သည့် တုံ့ပြန်မှုမှ မရရှိသေးပါ။

ဤသို့ စိန်ခေါ်မှုများ ရှိနေသော်လည်း သိသာသော တိုးတက်မှုများလည်း ရှိပါသည်။ ရဲရင့်သော ပုဂ္ဂိုလ်များ၊ NGO များနှင့် အခြားအဖွဲ့အစည်းများသည် ကျွန်ုပ်တို့ထံ တန်ဖိုးရှိသော အထောက်အထားများကို မျှဝေခဲ့ကြသည်။ နိုင်ငံတွင်း ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့်ပတ်သက် ၍ အရေးကြီးသော ကိုယ်တွေ့အချက်အလက်များကို ပေးဆောင်ခဲ့ကြသူများ အပါအဝင် စိစစ်မှု များနှင့် အင်တာဗျူးပေါင်းများစွာကို ကျွန်ုပ်တို့ပြုလုပ်ခဲ့ပါ သည်။ ကျွန်ုပ်တို့ထံသ တင်း အချက် အလက်ပေးသူများ အကာအကွယ်နှင့် အကူအညီ ရရှိရေးသည် ပိုပြီးစိုးရိမ်စရာကောင်းလာသည့် ကိစ္စတစ်ခုဖြစ်သည်။

ယန္တရားသည် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတို့တွင် တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ်များအပါအဝင် တရားရေးအာဏာပိုင်များနှင့် မျှဝေရန် အထောက်အထားနှင့် ခွဲခြမ်းစိတ်ဖြာချက် ဖိုင်တွဲပေါင်း ၆၇ ခုကို ပြင်ဆင်ထားသည်။ ယခုအခါ ကျွန်ုပ်တို့၏ဝန်ထမ်းများတွင် လူမှုကွန်ရက်အရင်းအမြစ်နှင့် ငွေကြေးဆိုင်ရာ စုံစမ်း စစ်ဆေးမှုများတွင် ကျွမ်းကျင်မှု ရှိသူများပါဝင်သောကြောင့် ကျွန်ုပ်တို့၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း မြင့်တက်လာသည်။

ကျွန်ုပ်တို့၏ နှစ်ပတ်လည်အစီရင်ခံစာတွင် သတင်းအရင်းအမြစ်ပေါင်း ၂၀၀ ကျော်မှ အချက် အလက်ပေါင်း သုံးသန်းနီးပါး စုဆောင်းပြီး စီမံဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ၎င်းတို့တွင် အင်တာဗျူးထွက်ဆိုချက်များ၊ စာရွက်စာတမ်းများ၊ ဗီဒီယိုများ၊ ဓာတ်ပုံများ၊ ဂြိုလ်တုပုံရိပ်များနှင့် ဆိုရှယ်မီဒီယာ အချက်အလက်များ ပါ ဝင်ပြီး၊ ယခင်နှစ်က ကျွန်ုပ်တို့ တင်ပြထားသည်ထက် အချက်အလက်နှစ်ဆ ပိုများလာသည်။ ဤအစီရင်ခံစာမူကြမ်းရေးပြီး နောက်တွင်မှ ထိုအရေအတွက်သည် နှစ်ဆကျော် ထပ်တိုးလာသည်။

ယခုတွင် ကျွန်ုပ်တို့သည် စုဆောင်းထားသော အချက်အလက်များ ကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာရန် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။ ဥပမာအားဖြင့်၊ Facebook က နာမည်တု အကောင့်များဖြစ်ခြင်းကြောင့် ၎င်းတို့ ဖြုတ်ချခဲ့သော အကောင့်များမှ သန်းနှင့်ချီသော အချက်အလက်များကို ယန္တရားနှင့် မျှဝေထားပြီး ၎င်းအကောင့်များသည် မြန်မာ စစ်တပ်က ထိန်းချုပ်သည့် အကောင့်များဖြစ်နေပါသည်။ စစ်တပ်ထိန်းချုပ်သည့် ဤအကောင့်များမှ ရိုဟင်ဂျာများအပေါ် အကြောက်တရားနှင့် အမုန်းတရား လှုံ့ဆော်သည့် ပို့စ်များကို ကျွန်ုပ်တို့ အဖွဲ့ ဖော်ထုတ်နိုင်ခဲ့သည်။ ဥပမာအားဖြင့်၊ ရှင်းလင်းစစ်ဆင်ရေးများမစတင်မီ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ကွန်ရက်တစ်ခုထဲမှနေ၍ မတူညီသောစာမျက်နှာဆယ်ခုတွင် ပို့စ်တစ်ခု တင်လာသည်။ ၎င်းတွင် လက်နက်ကိုင်ဆောင်ထားသော ရိုဟင်ဂျာလူအုပ်ကြီးမှ မြန်မာဗုဒ္ဓဘာသာ ဝင်များကို ခြိမ်းခြောက်နေသည်ဆိုသော သတင်းမှားများနှင့် မြန်မာဗုဒ္ဓဘာသာဝင်များကို ဒေါသဖြစ် စေသည့် ဓါးလှီးခံရပြီး ဗိုက်ပွင့်နေသော နွားတစ်ကောင်၏ ဓာတ်ပုံတို့ ပါဝင်သည်။

ဥက္ကဋ္ဌကြီးခင်ဗျာ

ဤကောင်စီ၏ ကူညီမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပြီး၊ မြန်မာနိုင်ငံ၏ အဆိုးရွားဆုံး အကြမ်းဖက်မှုများ အ ဆုံးသတ်ရန် သံဓိဌာန်ချထားသော နိုင်ငံအားလုံးအား ကျွန်ုပ်တို့ လုပ်ငန်းကို ကူညီထောက်ပံ့ရန် တောင်းဆိုပါ သည်။ မြန်မာနိုင်ငံတွင် အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှုများကို ကျူးလွန်သူ များသိထားရမည်မှာ ၎င်းတို့ ၏ အရေး ယူခံရမှု ကင်းလွတ်နေခြင်း အစဥ်အလာကို ရပ်တန့်ရန် ကျွန်ုပ်တို့အတူ စုစည်းဆောင်ရွက်နေကြောင်းနှင့် ဤရာဇ၀တ်မှုများအတွက် တာဝန်ရှိသူများသည် တရားစီရင်မှုကို သေချာပေါက် ရင်ဆိုင်ရမည့် အကြောင်းဖြစ်သည်။

ကျေးဇူးတင်ပါသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */