" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, September 7, 2022

လှေစီးပြေး ရိုဟင်ဂျာ ၅ဝ ကျော် ထိုင်းရေလုပ်သားတွေ ကယ်တင်

VOA
ဗွီအိုအေမြန်မာပိုင်း
၀၇ စက်တင်ဘာလ၂၀၂၂ 

Koh Bulone ပင်လယ်ပြင်ထဲမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ဆယ်ဦးကို ထိုင်းငါးဖမ်းလှေ လုပ်သားတွေက တွေရှိ တာကြောင့် ကယ်ဆယ်ခဲ့ပြီး နောက်ထပ် အဲဒီပင်လယ်ပြင်နဲ့ နီးတဲ့ကျွန်းတကျွန်းပေါ်မှာ ရိုဟင်ဂျာ ၄၁ဦးကို ထပ် တွေ့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်းတောင်ပိုင်း Satun ပြည်နယ်ထဲက ပင်လယ်ပြင်မှာ ဖော့တုံးတွေကို ဖောင်လုပ်ပြီး ရေထဲမျောနေတဲ့ ရိုဟင် ဂျာ ၁၀ ဦးကို ထိုင်းငါးဖမ်းလှေ က ကယ်ဆယ်ခဲ့တာပါ။ သူတိုတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေတဆင့် ဘင်္ဂလားဒေရှ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး အဲဒီကတဆင့် အင်ဒိုနီးရှားနိုင်ငံ ဘက်ကိုသွားဖို့အတွက် လာကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။

ရိုဟင်ဂျာတွေ တွေ့ရှိခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေး ရှင်း က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦး က အခုလိုပြောပါတယ်။

" စထွန်အပိုင်မှာ ရိုဟင်ဂျာတွေကို ငါးဖမ်းသင်္ဘော က တွေ့ လို့ကယ်ထုတ်နိုင်တာ ရိုဟင်ဂျာ ၁၀ ယောက်က ဖော့တုံးလေးတွေ နဲ့ ဖောင်လေးတွေ ဖြစ်သလို လုပ်ထားတဲ့ ဟာလေးတွေနဲ့ ဖောင်လိုဟာလေးတွေနဲ့ တွေ့တာ။ ပင်လယ်ပြင်မှာ မျောနေတာပေါ့ ။ ငါးဖမ်းလှေက တွေ့ပြီး ကယ်ထုတ်တာ ၁၀ယောက်ကို တွေ့ပြီးနောက် ဆက် ရှာတော့ နောက်ထပ် ၄၁ယောက်ကို ကျွန်းမှာတွေ့တယ် ။ ထပ်တွေ့တယ်။ နောက်ထပ် ၄၁ယောက်က ကလေး ၂ယောက် အပါအဝင် ယောက်ကျားက ၃၁ယောက်။ မိန်းမက ၈ယောက် ထပ်ပြီးတွေ့တယ်။ အဲဒီ အုပ်စုနဲ့ ပင် လယ်ထဲက ၁၀ယောက်က အတူတူပဲလားဆိုတာ ထပ်ပြီ းစုံစမ်းစစ်ဆေးနေတယ်။ လောလောဆယ်တော့ ရို ဟင်ဂျာတွေကို ယာယီထိမ်းသိမ်းထားတဲ့ စခန်းမှာပဲ သူတို့ကိုထားတယ်"

ရိုဟင်ဂျာတွေ ဟာ လှေစီးပြေး ဒုက္ခသည်တွေအဖြစ် လာရင်းနဲ့ လမ်းခရီးမှာ လေပြင်းမုန်တိုင်းကျတဲ့အတွက် ပင် လယ်ထဲမှာ မျောပါခဲ့ရတာ ၄ရက်လောက်ရှိပြီ လို့လည်းဆိုပါတယ်။

စထွန်းပြည်နယ် အုပ်ချုပ်ရေးမှူး အာရိုနီဆိုင်းယန် ကတော့ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ် ။

" သူတို့တွေကို ရိုဟင်ဂျာတွေ ကို လိုအပ်တာတွေ အကူညီပေးနေပါတယ် ။ အစားအသောက်နဲ့ ဆေးဝါးတွေ ကျန်းမာရေး စောင့်ရှောက်မူတွေ လုပ်ပေးနေပါတယ်။ သူတို့တွေဟာ လူကုန်ကူးမူတွေ ပတ်သက်မူ့ ရှိမရှိကို စစ်ဆေးရမှာပါ " ဆိုပြီး ထိုင်းဘာသာနဲ့ ပြောသွားခဲ့တာပါ ။

ပင်လယ်ပြင်မှာ တွေ့ရတဲ့လှေစီးပြေး ဒုက္ခသည် ရိုဟင်ဂျာတွေကော၊ ပင်လယ်ပြင်းအနီးကျွန်းမှာ ဖမ်းမိတဲ့ ရိုဟင် ဂျာတွေကိုပါ နောက်ထပ်စစ်ဆေးမူတွေ လုပ်သွားအုန်းမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။ ပြီးခဲ့တဲ့ ဇွန်လက စထွန် ပြည်နယ်ထဲ က ကော့ဒေါင်ကျွန်း ကမ်းခြေမှာလည်း ရိုဟင်ဂျာ ၅၉ဦး ကို လည်း ဖမ်းမိခဲ့ပါတယ်။ 

Link : News

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */