လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
စိုးသိမ်း
2021-01-19
မြန်မာဌာန | သတင်းများ
စိုးသိမ်း
2021-01-19
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းနဲ့ ဘိုကလေးမြို့နယ်အစပ် ဧရာဝတီမြစ်ထဲမှာ လှေနဲ့အတူ ဖမ်းဆီးရမိတဲ့ ရိုဟင် ဂျာတွေကို ၂၀၂၀ သြဂုတ် ၂၇ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ရှင်သန်ခြင်းပရဟိတလူမူကူညီရေးအသင်းဘုံရှည်ကုန်း
၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်အတွင်း ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းထဲ ဝင်လာတဲ့ အ ထောက်အထားမဲ့ ရိုဟင်ဂျာ စုစုပေါင်း ၃၀၇ ဦးရှိတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ စာရင်းအရ သိရပါတယ်။ဓါတ်ပုံ - ရှင်သန်ခြင်းပရဟိတလူမူကူညီရေးအသင်းဘုံရှည်ကုန်း
သုံးနှစ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့အထဲက တချို့ကို အမှုဖွင့်ပြီး တချို့ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ ဧရာဝတီတိုင်း ဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ထွန်းရွှေ က RFA ကို ပြောပါတယ်။
“သုံးနှစ်အတွင်းမှာ တချို့ကိုလည်း လဝက အက်နဲ့ တရားစွဲတယ်။ တချို့ကိုလည်း နေရပ်ကို ပြန်ပို့တယ်။ သူတို့ ကို သယ်ဆောင်လာတဲ့သူတွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၇ နဲ့ အရေးယူပါတယ်”
၂၀၂၀ ခုနှစ်မှာ ရိုဟင်ဂျာ အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၆၉ ဦး၊ စုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဝ တီတိုင်းရဲတပ်ဖွဲ့ ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ ရိုဟင်ဂျာ အမျိုးသား ၄၅ ဦးနဲ့ အမျိုးသမီး ၁၀၃ ဦး၊ စုစုပေါင်း ၁၄၈ ဦး၊ ၂၀၁၈ ခုနှစ် မှာ တော့ အမျိုးသား ၃၅ ဦးနဲ့ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၅၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေ ပင်လယ်ပြင်မှာ ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာ ခုနစ်ဦးကို နေရပ်ပြန်ပို့ခဲ့ပါတယ်။ သူတို့ကို သယ်ဆောင်လာသူ ငါးဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၃၆၇ နဲ့ အမှုဖွင့်တရားစွဲထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ ဟာ အပြင်းအထန်နာကျင်စေတာ၊ ကျွန်ပြုတာ၊ တစ်ဦးတစ်ယောက်ကို ခိုး ယူ တာ၊ သွေးဆောင်ခေါ်ယူတာတွေအတွက် အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ ဒီပုဒ်မအရ ပြစ်မှုထင်ရှား မယ်ဆိုရင် အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်တဲ့အပြင် ငွေဒဏ်လည်း ကျခံရနိုင်ပါတယ်။

Link : Here
No comments:
Post a Comment