Saturday, September 28, 2019

ရခိုင်က မွတ်စလင် အယောက် ၃၀ကျော်ကို ဧရာဝတီတိုင်း မှာတွေ့

B B C
ဘီဘီစီ မြန်မာပိုင်း
28 September 2019

ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့အဝင်မှာတွေ့ရတဲ့ မွတ်စလင် အယောက် ၃၀ ဟာ ရခိုင်ပြည်နယ် ဘက်က နေ လာတဲ့သူတွေဖြစ်တယ်လို့ သိရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက ဘီဘီစီကိုပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းကက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငရုပ်ကောင်းမြို့နယ် ငရုပ်ကောင်းတောင်ကားလမ်း မြို့အဝင်ဂိတ်မှာ ယာဉ်တစ်စီးတည်းပေါ်မှာလိုက်ပါလာတဲ့ ကားပေါ်မှာ အမျိုးသား ၉ ယောက်၊ အမျိုးသမီးအယောက် ၂၀ နဲ့ ၅ နှစ် အရွယ် ကလေးတစ်ဦး စုစုပေါင်း မွတ်စလင် အယောက် ၃၀ ဟာ အထောက်အထားမပြနိုင်တဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့ တာဖြစ်ပါ တယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ အတူတူလာသူဟာ အယောက် ၄၀ ရှိတယ်လို့ သိရတဲ့အတွက် ကျန်တဲ့သူ တွေကိုလည်း ပိတ်ဆို့ ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

မနေ့ကပဲ နောက်ထပ် ၅ ဦးကို ရှာတွေ့ထားပြီးလို့လည်း ငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်း အောင်က ဘီဘီစီကို ပြောပါတယ်။

‘ ‘ သစ်ယောင်းအုပ်စုမှာ ရှိတဲ့ မိချောင်းခေါင်း ဆိုတဲ့ကျွန်းဆွယ်မှာ လူတစ်ယောက် အားပြတ်နေတာ တွေ့လို့ အရှေ့ က လူတွေမိလို့ အခြေအနေမကောင်းဘူးဆိုပြီး ပင်လယ်ထဲပြန်လှည့်တဲ့ သူတွေပေါ့။ အဲမှာ တစ်ယောက်က လဲကျနေတာကို တွေ့လို့ လိုက်ရှာရင်း ၅ ယောက်ကိုတွေ့တယ်။’’လို့ ဦးသန်းအောင်က ပြောပြပါတယ်။

လက်ရှိမှာ အဆိုပါလူစုကို ခေါ်ဆောင်လာခဲ့တဲ့ ယာဉ်မောင်းတွေကို ရာဇသတ်ကြီးပုဒ်မ ၃၆၇/၁၁၄ နဲ့ အမှု ဖွင့်ထားပြီလို့လည်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ရခိုင်
ဓာတ်ပုံ - ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး





No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */