လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-07-08
ဧရာဝတီတိုင်းမှာ ၂၀၂၁ ဇွန်လ ၂၁ ရက်နေ့က ဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို ဘိုကလေးမြို့မှာ ယာယီထိန်းသိမ်းထားစဉ် Photo: Citizen Journalist
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က အထောက်ထားမဲ့ ဝင်ရောက်လာလို့ဆိုပြီး ဘိုကလေး သစ်တောကြိုဝိုင်းအနီးမှာ ဖမ်းဆီးခံလိုက်ရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၂၀ ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ဘိုကလေးမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ်စီ အမိန့်ချလိုက်တယ်လို့ လိုက်ပါ ကူညီပေး ခဲ့သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
မလေးရှားကို သွားဖို့ဆိုပြီး ပွဲစားကြေး တစ်ယောက်ကို သိန်း ၇၀ ပေးပြီး လှေနဲ့ ထွက်လာကြရာမှာ ဘိုကေ လးဘက်ကို အရောက်မှာ ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘိုကလေးမြို့ ဒေသခံ တစ် ယောက်က ပြောပါတယ်။
“ကလေးသူငယ်ဥပဒေအရဆိုပြီး အမျိုးသားတွေကို ငှက်အော်စမ်းလူငယ်ထိန်းသိမ်းရေးကို ပို့လိုက်တယ်။ အမျိုး သမီးတွေကိုတော့ တွံတေးက အမျိုးသမီး စောင့်ရှောက်ရေး ဂေဟာကို ပို့လိုက်တယ်။ မလေးရှားမှာ စေ့စပ် ထားတဲ့သူတွေရှိတော့ လက်ထပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာကြတာ။ လဝက က တရားလိုလုပ်ပြီးအထောက် ထားမဲ့ လာရောက်တယ်ဆိုပြီး တရားစွဲတာပေါ့၊ အသက်ပြည့်ပြီးတဲ့ အမျိုးသားတစ်ယောက် ကိုတော့ ထောင် ပို့လိုက်တယ်၊ လျှော့ရက်မရှိပါဘူး”
ဖမ်းဆီးထောင်ချခံရတဲ့ ရိုဟင်ဂျာတွေဟာ အမျိုးသား ခုနစ်ယောက်နဲ့ အမျိုးသမီး ၁၃ ယောက်ဖြစ်ပါတယ်။ အများစုက အသက် ၁၈ နှစ်အောက် အရွယ်တွေဖြစ်ကြပြီး အမျိုးသားတစ်ယောက်ပဲ အသက် ၁၈ နှစ်ထက် ဖြစ်တယ်လို့ဆိုပါတယ်။
သူတို့ဟာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ စစ်တွေမြို့နယ်တွေက လာရောက်ကြတဲ့သူတွေလို့ ဆိုပါတယ်။
အခုနှစ် ဖေဖော်ဝါရီလလောက်ကလည်း ဘိုကလေးဘက်မှာ ရိုဟင်ဂျာ ၂၅ ယောက် အခုလိုပဲ ဖမ်းဆီး ခံလိုက် ရပြီး ထောင်ဒဏ် တစ်နှစ် အမိန့်ချလိုက်တယ်လို့ လိုက်ပါကူညီပေးသူတွေက ပြောပါတယ်။
Link: Here

No comments:
Post a Comment