Wednesday, September 1, 2021

မောင်တောက အဖမ်းခံရတဲ့ ရိုဟင်ဂျာအုပ်ချုပ်ရေးမှူး နှစ်ရက် အတွင်း သေဆုံး

RFA
လွတ်လပ်တဲ့အာရှအသံ
2021-09-01

ရခိုင်ပြည်နယ်၊ မောင်တောမြို့က ဈေးကြီးကို မြင်တွေ့ရစဉ်
Photo: RFA
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာက ရိုဟင်ဂျာအုပ်ချုပ်ရေးမှူး ဦးရူဘီအာလောမ်ကို သြ ဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့ မနေ့က မောင်တောမြို့နယ် ဆေးရုံကို ရုပ်အလောင်းလာပို့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကိုပြောပါတယ်။

"သူ့ကို သြဂုတ်လ ၂၉ ရက်နေ့က စရဖက ဖမ်းဆီးသွားတာလို့ ကျနော်တို့ သိရတယ်၊ ပြီးရင် မနေ့က မနက် ပိုင်းမှာ သူ့အလောင်းကို လာပို့တယ်၊ ညနေပိုင်းမှာ သင်္ဂြိုဟ်လိုက်တယ်၊ ဒီလောက်ပဲ ကျနော်တို့ သိရပါတယ်" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

မောင်တောဆေးရုံကနေ အဲဒီအုပ်ချုပ်ရေးမှူးရဲ့ အလောင်းကို သင်္ဂြိုဟ်ပေးဖို့ အကူအညီ လာတောင်းတဲ့ အ တွက် မနေ့က ညနေ ၅ နာရီလောက် မွတ်စလင်သင်္ချိုင်းမှာ သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ မောင်တော ဂရု ဏာ ကွန်ရက် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုရွှေထူးခိုင်က RFA ကိုပြောပါတယ်။

"ဆေးရုံက ကျနော်တို့ကို တစ်ခေါက်လောက်ကူညီပေးပါလား ပြောတယ်၊ ကျနော်တို့တာဝန်က ကူညီပေးဖို့ တာဝန်လေ၊ ဘယ်လိုတွေဖြစ်လဲဆိုတာကိုတော့ ကျနော်တို့လည်း မေးလို့မရဘူးလေ၊ ဒါကြောင့် ဆေးရုံကပဲ ရင်ခွဲစစ်ဆေးပြီးရင် သူတို့မွတ်စလင်သင်္ချိုင်းကို လိုက်ပို့ပေးလိုက်တယ်၊ သင်္ဂြိုဟ်ပေးလိုက်တယ်" လို့ ကိုရွှေ ထူးခိုင်က ဆိုပါတယ်။

ဦးရူဘီအာလောမ်ကို ဘာကြောင့်ဖမ်းဆီးသွားတာလဲဆိုတာနဲ့ ဘယ်လိုသေဆုံးလဲဆိုတာကို တိတိကျကျ မ သိရပေမယ့် RFA က ရရှိထားတဲ့ သေဆုံးမှု ဆေးစာမှာတော့ ရုပ်အလောင်းရဲ့ ကျောပြင်၊ လက်နဲ့ခြေတွေမှာ ညိုမဲဒဏ်ရာတွေ တွေ့ရပြီး နှလုံးသွေးကြောပိတ်ကာ နှလုံးပုပ်သေဆုံးတယ်လို့ ပါရှိပါတယ်။

ဦးရူဘီအာလောမ် သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး ကို RFA ကဆက်သွယ်မေးမြန်းရာမှာ မသိရှိရသေးကြောင်းသာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */