Feb 29, 2020
ဘူးသီးတောင်
ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ညနေ ၇ နာရီခန့်က ပန်ဇိကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အိဒရီမ် (၄၂နှစ်)ကို အမည်မသိလူလေးဦးခန့်က မျက်နှာနှင့်လည်ပင်းတို့ကို ဓားဖြင့်ခုတ်ခဲ့သဖြင့် သေဆုံးသွားခြင်းဟု ညီဖြစ်သူ မာမတ်အိစ္စပ်က DMG သို့ပြောသည်။
“ကျနော့်အကိုအိမ်မှာက အမျိုးသမီး ၂ ဦးပဲရှိတယ်။ ည ၇ နာရီလောက်မှာ လူစိမ်း ၄ ဦး အိမ်ထဲဝင်လာပြီး ကျနော့်အကိုကို အိမ်ပြင်ကိုခေါ်ထုတ်ပြီး သတ်လိုက်ကြတာ။ လူစိမ်းတွေက ဘယ်သူဖြစ်တယ် ဘယ်လိုလူ မျိုးလဲ ဆိုတာ မသိလိုက်ပါဘူး” ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ လာရောက်သတ်ဖြတ်သွားသူများမှာ ARSA အဖွဲ့ဝင်များဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်အုပ် ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။
ယင်းအမှုနှင့်ပတ်သက်ပြီး တောင်ပဇာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း မိသားစုဝင်များထံက သိရ သည်။
၂၀၁၇ ခုနှစ်က မောင်တောဒေသရှိ ရဲကင်းစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင် ငံသို့ ထွက်ပြေးတိမ်းရှောင်သွားရသည်ဟု နိုင်ငံတကာက ပြောဆိုထားသည်။
ယင်းဖြစ်စဉ်အတွင်း ပန်ဇိကျေးရွာမှ မွတ်ဆလင်အများအပြားလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး သွားပြီး တစ်ချို့ဒေသခံများမှာ ARSA အဖွဲ့၏ သတ်ဖြတ်မှုခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
Link : Here
No comments:
Post a Comment