BBC
18.10.2026
မောင်တော ဒေသ အခြေအနေ တည်ငြိမ်လာနေပြီလို့ ရခိုင်ပြည်နယ် အစိုးရက ပြောပါတယ်။တပ်မတော် နဲ့ ရဲတပ်ဖွဲ့က နယ်မြေ ရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေပြီး ကျေးရွာ တွေမှာ အပြည့်အဝ လုံခြုံရေး ယူထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
နယ်ခြားစောင့် တပ်စခန်းတွေကို တိုက်ခိုက်ပြီး ယူသွားကြတဲ့ လက်နက်တွေ ကတော့ ပြန်မရ သေးဘူးလို့ သူက ပြောပါတယ်။
အပြန်အလှန် တိုက်ခိုက်မှု တွေ မရှိပေမဲ့ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ရင်းနဲ့ ပစ်ခတ်တာမျိုးတော့ ရှိ နိုင်တယ်လို့ ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် သူက စစ်ဆင်ရေးတွေလုပ်နေလို့ သွားလာခွင့် ပိတ်ဆို့ တားမြစ်ထားတဲ့ ကျေးရွာတွေမှာ စားနပ် ရိက္ခာ ပြတ်လပ်မှု ရှိတာ ဟုတ်မှန်ကြောင်းနဲ့ လိုအပ်တယ်လို့ သတင်းရတဲ့ နေရာတွေကို သိရင် တပ်မတော် စစ်ကြောင်းက ကားတွေနဲ့ ဒေသခံ ရခိုင်တိုင်းရင်းသား ကျေးရွာတွေကိုရော မွတ်ဆလင် ကျေးရွာတွေကိုပါ ရိက္ခာတွေ သွားရောက် ပို့ဆောင်ပေးနေတယ်လို့ ပြောပါတယ်။
စားနပ်ရိက္ခာနဲ့ အခက်အခဲ တွေ့နေတဲ့ ရွာ ၅ဝ လောက် ရှိတယ်လို့ သူက ဆိုပါတယ်။
ပဋိပက္ခ စီမံခန့်ခွဲရေးဆိုင်ရာ စာအုပ်တွေ ရေးသားခဲ့သူ၊ ဒေါ်အောင်ဆန်း စုကြည်အကျယ်ချုပ် ခံထားရချိန်က သူနဲ့ စစ်အစိုးရကြား စေ့စပ် ညှိနှိုင်းရေး တာဝန်ယူခဲ့သူ ဝန်ကြီးဟောင်း ဦးအောင်ကြည်ကတော့ ရခိုင်ပြည် နယ် ပြဿနာဟာ လူမှု အသိုက်အဝန်း နှစ်ခုကြား အဆင်မပြေမှု လို့ မြင်ရကြောင်း ပြောပါတယ်။
ဒီလို အခြေ အနေမျိုးက ရခိုင်ပြည်နယ် အပြင် တခြား နေရာတွေမှာလည်း ရှိနိုင်တယ်၊ ပြဿနာဖြေရှင်းတဲ့ နေရာမှာ ဖြစ်ရတဲ့ အကြောင်းရင်းကို သမိုင်းကြောင်း အထောက်အထားနဲ့ တကွ မှန်မှန်ကန်ကန် စူးစမ်း လေ့လာဖို့ လိုအပ်တယ်လို့ လို့ သူက ပြောပါတယ်။
လက်ရှိ အနေအထားအရေ တရားဥပဒေစိုးမိုးရေးကို တဘက်က လုပ်နေချိန်မှာ ပြစ်မှု ကျူးလွန်သူတွေကို လည်း ထိထိရောက်ရောက် ရှာဖွေ ဖော်ထုတ်ဖို့ သင့်ပြီး အင်အား သုံးစွဲမှုကိုတော့ ချင့်ချိန် သင့်တယ်လို့ လည်း သူက ဆိုပါတယ်။
ရေရှည်မှာ ဒေသလုံခြုံရေး၊ မူလ တိုင်းရင်းသားတွေ အတွက် ကာကွယ်ရေးနဲ့ သူတို့ စီးပွားရေး အတွက် အချိန်ယူ လုပ်ဆောင်သွားရမယ်လို့ လည်း ဦးအောင်ကြည်က ပြောပါတယ်။
Link : Here

No comments:
Post a Comment