မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်
မတ် ၂၃၊ ၂၀၁၈
မတ် ၂၃၊ ၂၀၁၈
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်းချက်အရ နှစ်နိုင်ငံလုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကုန်းမြေ နယ် နမိတ်တွင် Coordinated Patrol ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှစတင်၍ဆောင်ရွက်ခဲ့ရာ ဖေဖော် ဝါရီလ ၂၆ ရက်ထိ နယ်ခြား မှတ်တိုင် ၄၂ မှ ၅၅ ထိ (၁၄)ကြိမ် လှည့်ကင်းဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦး တို့သည် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် နယ်ခြားမှတ်တိုင် ၃၁ မှစတင်၍ မိမိတို့နိုင်ငံ အသီးသီအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက်ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်ခဲ့ရာ မတ် လ ၂၂ ရက်တွင် နယ် ခြားမှတ်တိုင် ၄၀ အထိ (၁၉)ကြိမ် လှည့်ကင်းဆောင်ရွက်နိုင်ခဲ့သည်။
ရေကြောင်းကင်းလှည့်ခြင်းကိုလည်း နတ်မြစ်ကြောင်းအတိုင်း မတ်လ ၅ ရက်နှင့် မတ်လ ၂၀ ရက်တို့တွင် နှစ်နိုင်ငံညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်နိုင်ခဲ့သည်။
နှစ်ဖက်ညှိနှိုင်း၍ ကင်းလှည့်ခြင်း Coordinated Patrol ကို မတ်လ ၂၂ ရက်မှ ၂၇ ရက် အတွင်း နယ်ခြား မှတ် တိုင် ၄၀ မှ ၄၂ အထိလည်းကောင်း၊ မတ်လ ၂၇ ရက် နောက်ပိုင်းတွင် နယ်ခြား မှတ်တိုင်အမှတ် ၄၂ မှ ၄၅ အထိ လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment