Sunday, August 15, 2021

ရခိုင်သို့ ဗမာပြည်မဘက်က ကားဖြင့်ဝင်လာသူ မူဆလင် အမျိုးသမီးတစ်ဦးအပါအဝင် (၈)ဦး အမ်းဂိတ်တွင် ဖမ်းဆီး ခံရ

နိရဉ္စရာ၊  
သျှင်မင်းဇံ
သြဂုတ် ၁၃/၂၀၂၁ 

ရခိုင်သို့ ပြည်မဘက်က ကားဖြင့် ဝင်ရောက်လာသည့် အထောက်အထားမဲ့ ဝင်လာသူ မူဆလင်အမျိုးသမီး တစ်ဦးနှင့် အမျိုးသားခုနှစ် ဦးတို့ကို အမ်းမြို့ ၊ ပဲပဒုံးပူပေါင်းစစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့ များ၌ အသီးသီးဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူများအထဲမှ ပထမ၄ ဦးမှာ သြဂုတ်လ ၈ ရက်နေ့ ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့မှာ မင်းပြားမြို့နယ်၊ ဟာ ရပိုင်ကျေးရွာက အဒူဂေါ်ဖူး (၂၃နှစ်) ၊ မာမွတ်တော်ကီ (၂၅နှစ်)၊ အဒူရာမန်(၃၈နှစ်) သုံးဦးနှင့် နောက်တစ်ဦးမှာ မြောက်ဦးမြို့နယ် ရှမ်းတောင်ကျေးရွာက မိုဟာမွတ်ဆာ (၂၆) တို့ ဖြစ်ကြသည်ဟု သိရသည်။
 
နောက်ထပ် ၄ဦးမှာ သြဂုတ်လ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ကြရပြီး ၎င်းတို့မှာ ကျောက်တော်မြို့နယ် ပိုက်သည် ရွာ က ဟူလင်မာမောက် အသက် (၃၈နှစ်)၊ မာဖရှိစ်မီ အသက် (၃၂နှစ်)၊ အမီရာဟာရာထူး အသက် (၃၃နှစ်) နှင့် စစ်တွေမြို့က မဇာဟီတူဆောင် အသက် (၁၉နှစ်) တို့ဖြစ်သည်။
 
၎င်းစစ်ဆေးဂိတ်၌ တာဝန်ကျနေသည့် အရာရှိတစ်ဦးက " ပဲပဒုံး ပူပေါင်း စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာ ဘင်္ဂလီ ၈ ဦးပါ။ ပြည်မကတော့ မဟုတ်ဘူး။ ရခိုင်ကလို့ သိရပါတယ်။ သူတို့က ပြည်မဘက်မှာ အလုပ်လုပ် နေကြ တာပါ"ဟု ပြောသည်။
 
ယခင်က ရခိုင်ဘက်က ဗမာပြည်မဘက်သို့ ထွက်ခွာသူ မူဆလင်များကိုသာ ဖမ်းမိပြီး ယခုတစ်ကြိမ်တွင် ဗမာ ပြည်မဘက်က ရခိုင်သို့ ဝင်လာသူများကို ဖမ်းမိခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အားအမ်းမြို့မရဲစခန်းတွင် ထိန်းသိမ်း ထားကြောင်း ၎င်းကဆိုသည်။
 
၎င်းတို့မှာ မန္တလေးမှ စစ်တွေသို့ မောင်းနှင်းလာသည့် နန်းတော်ဝင် Express ကားဖြင့် စီးနှင်း လိုက်ပါလာသူ များဖြစ်ပြီး ကချင်ပြည်နယ် ၊ ဖားကန့်မြို့တွင် ကျောက်ရှာအလုပ် (၃) နှစ်ခန့် လုပ်ကိုင်နေရာမှ အဆင်မပြေ သည်အတွက် ရခိုင်သို့ ပြန်လာရာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
 
ယင်းကိစ္စနှင့် ပတ်သက်၍ အမ်းမြို့ ရဲစခန်းက ၎င်းတို့ကို ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေ ထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)/ ၆(၃) အရ လဝကမှူး ဦးထွန်းလွင်က အမ်းမြို့နယ် တရား ရုံးတွင် ဦးတိုက်လျှောက်ထားကြောင်း သိရသည်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */