" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလ. Show all posts
Showing posts with label ကုလ. Show all posts

Tuesday, March 5, 2024

ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးမှု စစ်ကောင်စီကန့်ကွက်

RFA
RFA Burmese
2024.03.05 

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲ တက်ရောက်လာသော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk။ AFP

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ရဲ့ ပြောကြားချက်နဲ့ အပြန်အလှန်ဆွေးနွေးမှုတွေကို ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံ ခြားရေးဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Friday, November 10, 2023

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး စစ်ကောင်စီနဲ့ ကုလဆွေးနွေး

BBC
၁၀ နိုဝင်ဘာ ၂၀၂၃ 

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က လက်ထောက်မဟာမင်းကြီး မစ္စတာရာအုမာဇု နဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ နေပြည်တော်မှာတွေ့ဆုံပြီး ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကိုပြန်လည်ခေါ်ဆောင်ရေး ဆွေးနွေးကြတာကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဌာ နရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Wednesday, November 1, 2023

နိုင်ငံခြားသား သုံ့ပန်းများကို ဟားမတ်စ် လွှတ်ပေးမည်၊ ဖမ်းဆီးခံသူများကို ကာကွယ်ရန် ကုလ ပြော

DVB
November 1, 2023

ဟားမတ်စ်အဖွဲ့က လာမယ့်ရက်တွေမှာ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသုံ့ပန်းတွေကို လွှတ်ပေးမယ်လို့ ညှိ နှိုင်းဖျန်ဖြေသူတွေကို ပြောထားကြောင်း ဟားမတ်စ် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အယ်လ်ကာဆမ် တပ် မဟာရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူ အူဘိုက်ဒါက အောက်တိုဘာ ၃၁ ရက်က အဖွဲ့ရဲ့ တယ်လီ ဂရမ် အ ကောင့် ဗီဒီယိုတခုမှာ ပြောကြားခဲ့ပါတယ်။

Wednesday, September 13, 2023

ရိုဟင်ဂျာများအပေါ် စစ်တပ်ကကျူးလွန်သည့် လိင်ပိုင်းဆိုင် ရာ ရာဇဝတ်မှုများသည် အထူးထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ် နေကြောင်း IIMM အကြီးအကဲပြောဆို

Myabnar Pressphoto Agency
MPA

Sep 13, 2023

ရိုဟင်ဂျာများအပေါ် စစ်တပ်ကကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများသည် အထူးထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်နေကြောင်း IIMM အကြီးအကဲပြောဆို

ရိုဟင်ဂျာများအပေါ် စစ်တပ်ကကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများသည် အထူးထိတ်လန့် တုန် လှုပ်ဖွယ် ဖြစ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီး အ ကဲ Mr. Nicholas Koumjianမှ ပြောဆိုသည်။

ရိုဟင်ဂျာများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အစီရင်ခံစာသုံးခု အပြီးသတ်ဆောင်ရွက် နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjianမှ ပြော ဆိုခဲ့သည်။

Monday, August 28, 2023

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ တုံ့ပြန်ချက်များအပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ တုံ့ပြန် ချက်များအပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

ရခိုင်ပြည်နယ်တွင် ၂၅-၈-၂၀၁၇ ရက်တွင် ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ အဖွဲ့အစည်းအချို့နှင့် နိုင်ငံအချို့က နှစ်ပတ်လည်အထိမ်း အမှတ်အဖြစ် ကြေညာချက်များထုတ်ပြန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တွေ့ရှိရသည်။ ယင်း ကြေညာချက်များ၌ ပါရှိသည့် အချက်အလက်များသည် မှန်ကုန်မှု မရှိ၊ တိကျမှု မရှိကြောင်း တွေ့ရပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း၊ ဘက်လိုက် မှုရှိခြင်း၊ တစ်ဖက်သတ်ဆန်ခြင်း တွေ့ရ သည်။

ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး ဆက်လက်ပံ့ပိုးမယ်လို့ ကုလ ပြော

AYEYARWADDY TIMES
August 27, 2023 

ရိုဟင်ဂျာဒုက္ခသည်တွေ စေတနာ့အလျောက် ဘေးအန္တရာယ်ကင်းကင်း ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင် ရေး အခြေအနေတွေ ဖန်တီးပေးဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ ကုလသမဂ္ဂကပြောကြားလိုက်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတစ်သန်း အပါအဝင် ပြည်တွင်း၊ပြည်ပမှာ ရိုဟင်ဂျာပြည်သူတွေ စစ် ဘေးရှောင်နေရဆဲဖြစ်ပါတယ်” လို့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှ ထွက်ပြေးရတာ၆နှစ်ပြည့်နှစ်ပတ် လည်နေ့ အ ခမ်းအနား ထုတ်ပြန်ချက်တစ်ခုမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြော ရေး ဆိုခွင့်ရှိသူ ဖလော်ရင် စီယာဆိုတိုနီနိုက ပြောပါတယ်။

Wednesday, August 23, 2023

ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအရ ကူညီ ကြဖို့ ကုလတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၃ ဩဂုတ်၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးပြောရေး ဆိုခွင့်ရှိသူ Shabia Mantoo (ဇန်နဝါရီ ၁၊ ၂၀၂၃)

၂၀၁၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့စစ်ဆင်ရေးတွေကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂ လား ဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည်တွေထွက်ပြေးခဲ့ကြတာ ဒီတပတ်က (၆) နှစ်ပြည့်ရက် သီ တင်းပတ်ဖြစ်ပြီး ရေရှည်အဖြေအတွက် နိုင်ငံရေးအရရော ဘဏ္ဍာရေးအရပါ ပံ့ပိုးပေးကြဖို့ ကုလသ မဂ္ဂက နိုင်ငံတကာကို အင်္ဂါနေ့ကတိုက်တွန်းလိုက်ပါတယ်။ လက်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီက လိုအပ်ချက်ရဲ့ ၂၈.၉ ရာခိုင်နှုန်းသာရရှိသေးတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးပြောရေး ဆိုခွင့်ရှိသူ Shabia Mantoo (ရှာဘီယာ မန်တူး) က ဆိုပါတယ်။

Tuesday, June 13, 2023

မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာအဖွဲ့တွေ ကူညီခွင့် စစ်ကောင်စီပိတ်ပင်ထားဆဲ

RFA
RFA Burmese
2023.06.13

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်တွေ၊ လုပ်ကိုင်စားသောက်ခင်းတွေ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့တွေရဲ့ လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး သွားလာခွင့်ကို ဇွန်လ ၁၃ ရက်နေ့ ဒီကနေ့အထိ စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်တယ်လို့ အဖွဲ့အစည်းတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီကနေ ပြီးခဲ့တဲ့ ဇွန်လ၇ရက်နေ့ ကစလို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ထိုးပြီး သွားလာခွင့် ပိတ်ပင်လိုက်တာပါ။

ဒီကနေ့အထိ စစ်ကောင်စီကနေ ကူညီခွင့်မရသေးတာကြောင့် အခြေအနေကို စောင့်ဆိုင်းနေရတယ်လို့ အမည်မ ဖော်လိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ကို ပြီးခဲ့တဲ့သောကြာနေ့က ခရီးသွားလာခွင့်ကို ရပ်ဆိုင်းတယ်ဆိုပြီးတော့ အကြောင်းကြားစာ ရောက် တယ်ပေါ့နော်။ အဲဒီစာကို ပြန်လည်ရုပ်သိမ်းကြောင်း၊ ခွင့်ပြုကြောင်းပေါ့နော် စာကအခုအထိ ရောက် မလာသေးဘူး။ ကျွန်တော်တို့ ကူညီလို့မရသေးဘူးလို့ပြောရမှာပေါ့။ အခြေအနေကို စောင့်နေရတုန်းပေ့ါ”

ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာအဖွဲ့ အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ မုန်တိုင်းဘေးကြောင့် ထိခိုက်ပျက် စီးသွားတဲ့ ဒေသတွေကို အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်စစ်ကောင်စီထံကူညီထောက် ပံ့ ခွင့် တင်ပြ တောင်းဆိုခဲ့ပေမယ့် အခုအထိ ခွင့်မပြုသေးတာလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်တိုင်းရင်းသားနဲ့ ရိုဟင်ဂျာ စုစုပေါင်း ၁၄၆ ဦးသေဆုံးခဲ့ပြီး စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံစတဲ့ မြို့ နယ်တွေမှာ နေအိမ်တွေ အများအပြား ပျက်စီးသွားတာကြောင့် လူဦးရေ ၁၂ သိန်းလောက် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။

ထိခိုက်ပျက်စီးမှုကြီးမားတဲ့အတွက် နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီသာမရရင် ပြန်လည် တည်ဆောက်ဖို့အဆင် မပြေနိုင်ဘူးလို့ အမည်မဖော်လိုတဲ့ ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါ တယ်။

“ဒီလိုသဘာဝဘေးဒဏ်တွေဖြစ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီမှုမရရင် အဲဒီပြည်နယ်၊ အဲဒီတိုင်း၊ အဲဒီ နိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အခုဆိုရင် ရခိုင်မှာကြီးမားတဲ့ မုန်တိုင်း ဖြစ်ခဲ့တယ်။ နိုင်ငံတကာ အဖွဲ့တွေရဲ့ အကူအညီမရရင် နဂိုအတိုင်းပြန်ဖြစ်ဖို့က မဖြစ်နိုင်တော့ဘူး။ အချိန်တွေ အ များကြီးယူရမယ့်အခြေအနေရှိတယ်”

လက်ရှိမှာတော့ မုန်တိုင်းကြောင့် အိမ်အနည်းအကျဉ်းသာ ပြန်လည်ပြုပြင်နိုင်ကြပြီး အများစုကတော့ နေအိမ် ပြန် မဆောက်နိုင်တော့ဘဲ တာပေါ်လင်တွေနဲ့ ဖြစ်သလို မိုးကာပြီး နေထိုင်နေကြရတယ်လို့လည်းဆိုပါတယ်။

ဒီလိုအခြေအနေမှာ နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီမရတာဟာ ပြည်သူတွေအတွက် အများကြီး ဒုက္ခရောက် စေတယ်လို့ ဒေသတွင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“အခုက နိုင်ငံတကာအဖွဲ့အစည်းတွေက အချက်အလက်တွေစာရင်းတွေ ကောက်တဲ့ အခြေအနေမှာပဲရှိ သေး တယ်။ ပစ္စည်းတွေပေးတာတွေ သိပ်မရှိသေးဘူး။ အဲဒီအချိန်မှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ်ကောင်စီ က ပိတ်ပင်လိုက်တော့ တချို့ပေးမယ့် ပစ္စည်းတွေ ဂိုဒေါင်ထဲမှာ ထည့်ထားရတဲ့ အခြေအနေရှိတယ်။ ပစ္စည်း တွေ က လိုအပ်တဲ့ နေရာမရောက်ဘဲ ကြားထဲမှာရှိနေတဲ့ အခြေအနေရှိတယ်။ ဒါဟာ ပြည်သူလူထုအတွက် အ များကြီး ဒုက္ခရောက်စေတယ်။ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့ အခုလိုအချိန်မှာ မုန်တိုင်းကြောင့် ပျက်စီးခဲ့ တဲ့ ၁၀ ရာခိုင်နှုန်းလောက်တောင် ကျွန်တော်တို့ မလုပ်နိုင်သေးဘူး”

အလားတူပဲ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားခဲ့တဲ့ စစ်တွေမြို့နယ်ထဲက ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာတွေ၊ ဒုက္ခသည်စခန်းတွေမှာလည်း ဘာအကူအညီ၊ အထောက်အပံ့မှ မရကြသေးဘူးလို့ ရိုဟင်ဂျာတွေက RFA ကိုပြော ပါတယ်။

ရခိုင်ပြည်နယ်အတွင်း UNOCHA မှ ကူညီထောက်ပံ့ပေးမှုများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: UNOCHA Myanmar) 

ရိုဟင်ဂျာတွေဟာ အမိုးအကာတွေနဲ့ စားနှပ်ရိက္ခာတွေခက်ခဲနေပြီး သူတို့ဟာ နိုင်ငံတကာ အဖွဲ့တွေရဲ့ အကူအညီ ကို စောင့်မျှော်နေကြတယ်လို့ စစ်တွေမြို့နယ် ဒါးပိုင်ရွာက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ဘာအကူအညီမှ မရကြသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ စောင့်မျှော် နေ ကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းကရော၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းကရော ပြီးတော့ အစိုးရကရောပေါ့။ အဆောက်အအုံတွေကို ဘယ်လို ပြန်ဆောက်ပေးကြမလဲဆိုတာ စောင့်မျှော်နေကြတယ်။ နေရေးထိုင်ရေးက ပိုပြီး အခက်အခဲဖြစ်နေတယ်။ မိုးရာသီလည်း ရောက်ပြီဆိုတော့ မိုးတွေခံပြီးနေရတယ်။ ကြာလာရင် ကျန်းမာ ရေးတွေ ထိခိုက်လာနိုင်တဲ့ အခြေအနေ ရှိတယ်”

လက်ရှိမှာတော့ ရိုဟင်ဂျာတွေဟာ ပျက်စီးသွားတဲ့ နေအိမ်ရာတွေပေါ်မှာ တာပေါ်လင်တွေနဲ့ ဖြစ်သလို တဲအိမ် ထိုး ပြီး နေကြရသလို ဘာသာရေး အဆောက်အအုံတွေနဲ့ နီးစပ်ရာတွေမှာ စုပြုံ နေထိုင်နေကြရတယ်လို့လည်း ဆိုပါ တယ်။

ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီက အခုလို ပိတ်ပင်တာ ကြောင့် ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်ဆံရေးတင်းမာလာနိုင်တဲ့အတွက် ငြိမ်းချမ်းရေး အလှမ်းဝေးသွားနိုင်တယ် လို့ ထောက်ပြပါတယ်။

“ကျွန်တော်တို့ကတော့ ဖွင့်ပေးစေချင်တာပေါ့။ သူတို့ ပိတ်ပင်ထားခြင်းအားဖြင့် နိုင်ငံတကာရဲ့ ပြောဆိုဝေဖန် အပြစ်တင်တာကိုပဲ ခံရမယ့် အခြေအနေရှိတယ်။ သူတို့အတွက် နိုင်ငံရေးအရ အမြတ်ရစရာမရှိဘူး။ ပြီးတော့ အေအေနဲ့လည်း ကတိကိုချိုးဖောက်တဲ့အတွက် ပိုပြီးဆက်ဆံရေးတွေ အဆင်မပြေဖြစ်လာနိုင်တယ်။ ဆက်ဆံ ရေးတွေ တင်းမာလာတဲ့အတွက် ငြိမ်းချမ်းရေးကလည်း အလှမ်းဝေးသွားနိုင်တယ်”

ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း(INGO)တွေ အနေနဲ့ မုန်တိုင်းသင့် ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို စစ်ကောင်စီကနေတစ်ဆင့် လှူဒါန်းရမယ်လို့ ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီရဲ့ ပြည်ထောင်စုဒုဝန်ကြီး စိုးကြည်လက်မှတ်နဲ့ ထုတ်ပြန်ထားပါတယ်။
"နေရေးထိုင်ရေးက ပိုပြီး အခက်အခဲဖြစ်နေတယ်။ မိုးရာသီလည်း ရောက်ပြီဆိုတော့ မိုးတွေခံပြီးနေရတယ်။"
အကူအညီတွေကို လွတ်လွတ်လပ်လပ်ပေးခွင့်မပြုဘဲ စစ်ကောင်စီကနေတစ်ဆင့် လှူဒါန်းခိုင်းတာနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက် သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေကြားပါဘူး။

NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကူညီလို့ မရအောင် စစ်ကောင် စီကလုပ်ဆောင်တာလို့ ထောက်ပြပါတယ်။

“နိုင်ငံတကာအလှူရှင်တွေအနေနဲ့ လှူတဲ့အခါမှာ အစိုးရကို တိုက်ရိုက်ပေးပိုင်ခွင့် မရှိဘူးဆိုတာရှိတယ်။ ဒါကို လုံး၀ ပိတ်ပင်တားဆီးလိုက်သလိုပဲဖြစ်တယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ ပေးလို့မရအောင် ဆောင်ရွက်ထား တာ ဖြစ်တယ်။ အလှူရှင် နိုင်ငံတွေလည်း လှူလို့မရအောင် ဆောင်ရွက်ထားတာဖြစ်တယ်။ အလှူရှင် နိုင်ငံ တွေက စကစနဲ့ပေါင်းမှ၊ စကစရဲ့ လူကယ်ပြန်နဲ့ပေါင်းမှ လှူလို့ရမယ်ဆိုပြီး ပိတ်ပင် တားဆီးခြင်းတွေကို နိုင်ငံ တကာအနေနဲ့လည်း အသံထွက်ဖို့လိုပါပြီ”

ရခိုင်မှာ မုန်တိုင်းကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ အများအပြားထိခိုက် ပျက်စီးခဲ့ပြီး ဒေသခံ လူပေါင်း ၁ သန်း ၆ သိန်း အတွက် ကုလသမဂ္ဂအနေနဲ့ အမိုးအကာတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ကူညီဖို့ ပြင်ဆင်ထားပေ မယ့် စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်တာကြောင့် တစ်သိန်းတစ်သောင်းကိုသာ ထောက်ပံ့နိုင်ခဲ့တယ်လို့ UN က ထုတ်ပြန်ထားပါတယ်။

Link : Here

Friday, June 9, 2023

ရိုဟင်ဂျာတွေပြန်ပို့ရေးစီမံချက် ချက်ချင်းဆိုင်းငံ့ဖို့ ကုလ အထူး ကိုယ်စားလှယ်ပြော

RFA
RFA Burmese
2023.06.08

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။AFP

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည်ပြန်ပို့မဲ့ ရှေ့ပြေးစီမံချက်ကို ချက်ခြင်းဆိုင်းငံ့ထားဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews) က ဘင်္ဂလားဒေ့ရှ်အစိုးရကို ဇွန်လ ၈ ရက်နေ့က ပြောလိုက်ပါတယ်။

ရိုဟင်ဂျာ ဌာနေပြန်ရေး ရှေ့ပြေးအစီစဉ် ရပ်ဆိုင်းဖို့ ဘင်္ဂ လားဒေ့ရှ်ကို ကုလတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၉ ဇွန်၊ ၂၀၂၃

MYANMAR-ROHINGYA
 
ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့မယ့် ရှေ့ပြေးစီမံကိန်းကို ချက်ချင်း ရပ် ဆိုင်းထားဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၈ ရက် ကြာသပတေးနေ့ မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
                                                                               

Tuesday, June 6, 2023

ရိုဟင်ဂျာများ ကိုယ်ပိုင်သက်မွေးဝမ်းကျောင်းနိုင်ရေး ကုလ ဒုမဟာမင်းကြီးတောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၆ ဇွန်၊ ၂၀၂၃

ကုတုပလောင်ဒုက္ခသည်စခန်းမှ အုတ်သယ်နေတဲ့ရိုဟင်ဂျာများ၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၂

Friday, May 26, 2023

မုန်တိုင်းသင့်ပြည်သူတွေကို အကူအညီပေးရေးလမ်းဖွင့် ပေးဖို့ စစ်ကောင်စီကို ကုလတောင်းဆို

RFA
RFA Burmese
2023.05.25
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

မြန်မာနိုင်ငံက မိုခါဆိုင်ကလုန်း မုန်တိုင်းသင့်ဒေသတွေကို အကူအညီတွေ သေသေချာချာ ရောက်ရှိစေဖို့အ တွက် ကူညီပေးရေးလမ်းကြောင်းတွေကို ဖွင့်ပေးဖို့ ကုလသမဂ္ဂက မေလ ၂၄ ရက်နေ့က စစ်ကောင်စီကို တိုက် တွန်း တောင်းဆိုလိုက်ပါတယ်။

Wednesday, May 24, 2023

မြန်မာတွင် မုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းထား

ဧရာဝတီ
AFP
24 May 2023 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုင်ကလုန်းမိုခါဒဏ် ခံထားရစဉ် / ဧရာဝတီ

မိုခါမုန်တိုင်းကြောင့် ထိခိုက်သူ ၁ ဒသမ ၆ သန်းအတွက် မိုးရာသီမတိုင်မီ အမိုးအကာ၊ ဆေးကုသရန် အဆောက် အအုံ၊ အစားအစာနှင့် သန့်ရှင်းသောရေ ထောက်ပံ့ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်း လို အပ် ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာရုံးက မေလ ၂၃ ရက်နေ့တွင် မေတ္တာရပ်ခံ လိုက်သည်။

Friday, May 19, 2023

မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ

ဧရာဝတီ
18 May 2023

၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပေးသည့်ဆန်ကို တန်းစီစောင့်ဆိုင်းနေကြသူများ / AFP

ဆိုင်ကလုန်းဒဏ်ကြောင့် ပျက်စီးသွားသည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ဒေသခံများသည် ဗုဒ္ဓဟူး နေ့တွင် ဆန်နှင့်သောက်ရေအတွက် တန်းစီနေစဉ် ကုလသမဂ္ဂသည် မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံရသော ဒေသ များသို့ သွားရောက်ခွင့်ရရန် နိုင်ငံတကာက ပစ်ပယ်ထားသည့် စစ်ကောင်စီနှင့် ညှိနှိုင်းနေရသည်။

ဆိုင်ကလုန်းမိုခါသည် တနင်္ဂနွေနေ့တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ တနာရီလျှင် ၁၉၅ ကီလိုမီတာ (မိုင် ၁၂၀) နှုန်း ဖြင့် ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသောကြောင့် အဆောက်အအုံများ ပြိုကျပြီး လမ်းများသည် မြစ်များသဖွယ်ဖြစ်သွားခဲ့သည်။

Tuesday, March 21, 2023

ရိုဟင်ဂျာများကို လူသတ်ကွင်းဆီပြန်မပို့ရန် အဖွဲ့ ၂၀၀ ကျော်တောင်းဆို၊ စစ်ကောင်စီ၏ စီမံချက်ကို ကုလအေဂျင်စီ များက လျှို့ဝှက်ကူညီနေ

DVB
21 March, 2023

လူမျိုးတုံးသတ်ဖြတ်မှုကနေ အသက်ရှင်ကျန်ရစ်တဲ့ ရိုဟင်ဂျာတွေကို လူသတ်ကွင်းတွေဆီ ပြန်ပို့ခြင်းကနေ တား ဆီးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချူပ်အနေနဲ့ ချက်ချင်း ကြားဝင် ဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

Monday, March 20, 2023

"R2Pရှောင်လွှဲနိုင်အောင် ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့အ တွက်ကုလသမဂ္ဂကို ဒူးထောက်လိုက်တဲ့ စစ်အာဏာရှင်များ"

ကြားသိသမျှ
၂၀၂၃ မတ်လ ၁၉ ရက်။ 

 ” R2P ရှောင်လွှဲနိုင်အောင် ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့အတွက် ကုလသမဂ္ဂကို ဒူးထောက်လိုက်တဲ့ စစ်အာဏာရှင်များ ”


ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့အတွက် မြန်မာစစ်တပ်က အဖွဲ့တစ်ဖွဲ့ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်ရှိနေပါတယ် ။ ဘင်္ဂလားဒေရှ့်နိုင်ငံကို မြန်မာစစ်တပ်က တာဝန်ရှိသူတွေ တရားဝင် သွားလာနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ အေဂျင်စီတစ်ခုက အာမခံ ကူညီပေးခဲ့ပါတယ် ။ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်အချို့ဦးဆောင်တဲ့ လူဝင် မှု့ကြီးပ်ြရေး အဖွဲ့ဝင် ၁၇ ဦးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နယ်စပ်မြို့ကို ဖြတ်ကျော်ပြီး ရိုဟင်ဂျာစခန်းကို ရောက်လာ ခဲ့ပါတယ် ။

Wednesday, March 8, 2023

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ ၈၇၆ သန်း လိုအပ် နေတယ်လို့ ကုလပြော‌

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ မတ်၊ ၂၀၂၃

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၈၇၆ သန်း လိုအပ်နေတယ် လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ရန်ပုံငွေပြတ်လပ်လာလို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီလကနေစပြီး စားနပ်ရိက္ခာအကူအညီတွေ ရပ်တန့်လိုက်တဲ့ အချိန်မှာ ကုလက အခု လို တောင်းဆိုလိုက်တာပါ။

Sunday, February 19, 2023

ရိုဟင်ဂျာ ဒုက္ခသည်များအား ရိက္ခာခွဲတမ်း လျှော့ချခြင်းက “ကြီးမားသော အကျိုးဆက်” ဖြစ်လာနိုင်ဟု ကုလသမဂ္ဂ သတိပေး

မဇ္ဈိမ
17 February 2023


ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရိုဟင်ဂျာဒုက္ခသည်များအရေး တုံ့ပြန်မှု ရန်ပုံငွေသို့ ရက် ရက် ရောရော လှူဒါန်းကြပါရန် လူ့အခွင့်အရေးကောင်စီက ခန့်အပ်သော ပညာရှင်များက ကမ္ဘာတစ်လွှားရှိ အလှူရှင်များကို တိုက်တွန်းထားသည်။

“စီစဉ်ထားတဲ့ ရိက္ခာခွဲတမ်း လျှော့ချမှုဟာ ရိုဟင်ဂျာတွေအတွက် အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေးနေတဲ့ လုပ်ငန်းစဉ်တွေမှာ ရန်ပုံငွေ ထောက်ပံ့ဖို့ နိုင်ငံတကာအသိုင်းအဝန်းက ပျက်ကွက်နေမှုရဲ့ ဆိုးဝါးတဲ့ အကျိုးဆက်ပါပဲ”ဟု အထူးကိုယ်စားလှယ်နှစ်ဦးက ထုတ်ပြန်ချက်တွင် ဆိုသည်။ “ရာမဇန်ဥပုသ်ရက် မတိုင်မီ သီတင်းပတ်အနည်းငယ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ခွဲတမ်းကို လျှော့ချတော့မှာ ဖြစ်တယ်၊ ဒါဟာ လက်သင့် ခံလို့ကို မရဘူး”ဟု ယင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

Tuesday, December 27, 2022

အင်ဒိုနီးရှားရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ ကုလ တိုက်တွန်း

RFA
လွတ်လပ်တဲ့အာရှအသံ
2021-12-27

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ထပ်မံရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။Reuters 


ပင်လယ်ပြင်မှာ သီတင်းပတ်အတော်ကြာ မျောနေပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိသွားတဲ့ ရိုဟင်ဂျာဒုက္ခ သည် ၅ဝဝ နီးပါးရှိပြီး သူတို့ကို လိုအပ်တဲ့အကူအညီတွေပေးကြဖို့ ဒေသတွင်းနိုင်ငံတွေကို ကုလသမဂ္ဂက တိုက် တွန်းလိုက်ပါတယ်။

ဒုက္ခသည် ၅ဝဝ နီးပါးဟာ ပြီးခဲ့တဲ့သီတင်းခြောက်ပတ်အတွင်း အင်ဒိုနီးရှားကို ရောက်သွားကြတဲ့ အရေအတွက် ဖြစ်ပါတယ်။ မျောပါနေစဉ်အတွင်း အကူအညီတောင်းခံခဲ့ပေမယ့် အကူအညီမရရှိခဲ့ဘူးလို့ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

Monday, December 26, 2022

လှေစီးပြေး ရိုဟင်ဂျာ ၅၈ဦး အင်ဒိုကယ်ဆယ်

VOA
ဗွီအိုအေမြန်မာပိုင်း
2022-12-26
MYANMAR-ROHINGYA/INDONESIA

အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း အာချေးပြည်နယ်ထဲက ကမ်းခြေတခုမှာ အစာရေစာပြတ်လပ်ပြီးအားနည်းနေ တဲ့ ရိုဟင်ဂျာဆယ်ဂဏန်းလောက်ကို တနင်းနွေနေ့က တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါ တယ်။ သူတို့ဟာ ပင်လယ်ထဲ ရက်သတင်းပတ်အတန်ကြာခဲ့ပြီးနောက်၊ အာချေးကမ်းခြေကိုရောက်လာ တာလို့ ဆိုပါတယ်။ အမျိုးသား ၅၈ဦးပါ ဒီအစုဟာ အာချေးပြည်နယ် Ladong တံငါရွာက Indrapatra ကမ်းခြေကို တ နင်း နွေနေ့အစောပိုင်းက ရောက်ရှိလာကြတာလို့ ဒေသရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ သူတို့ထဲက သုံး ဦးက အခြေအနေအတော်ဆိုးနေပြီး၊ အများစုကတော့ ရေဓါတ်ခမ်းခြောက်တဲ့ဝေဒနာခံစားနေရတယ်လို့ ဆရာ ဝန်တဦးက အေပီသတင်းဌာနကို ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */