Friday, February 14, 2025

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုထုတ်တဲ့ဝရမ်း ကုလ နဲ့ အင်တာပိုလ် ကို ပို့မယ်

BBC
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅  

မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ(BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်

စစ်ခေါင်းဆောင်အပါအဝင် တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ထုတ်လိုက်တဲ့ ဖမ်းဝရမ်းကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ နိုင်ငံတချို့ကို ပို့သွားမယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ(BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က ဘီဘီစီကို ပြောပါတယ်။

‘’အာဆီယံဥက္ကဋ္ဌ မလေးရှားကိုပို့မယ်။ ဥရောပသမဂ္ဂ(EU)ကိုပို့ပေးမယ်။ပြီးရင် အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC ကိုပို့မယ်။ ပြီးတော့ အမေရိကန်နဲ့ ကုလသမဂ္ဂကိုပို့မယ်။ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ကိုပို့မယ်’’ လို့ သူကပြောပါတယ်။

မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ(BROUK)ဟာ မြန်မာစစ်တပ်အရာရှိတွေကို ဖမ်းဝရမ်းထုတ်ဖို့ အာဂျင် တီးနားတရားရုံးကို လျှောက်ထားခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ဝရမ်းထုတ်ခံထားရတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ပြည်ပနိုင်ငံတွေကို အသွားအလာလုံးဝ လုပ်လို့မရဘဲ ဘယ်နိုင်ငံရောက်နေနေ ဖမ်းလို့ရအောင် ရည်ရွယ်ပြီး အခုလိုပို့ဆောင်တာလို့ ဦးထွန်းခင်က ဘီဘီစီကို ပြောပါတယ်။



Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */