VOA
ဗွီအိုအေ (မြန်မာဌာန)
၀၉ ဇွန်၊ ၂၀၂၃
MYANMAR-ROHINGYA
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်ဖို့ လှည့်ဖျားပြီး အတင်းပြန်ပို့ဖို့ ကြိုးစားနေ တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေကြောင်းနဲ့ တကယ်တော့ မြန်မာနိုင်ငံရဲ့ အခြေနေဟာ သူတို့အတွက်ရေရှည် ကောင်းမွန် စိတ်ချရမှု မရှိသလို ဂုဏ်သိက္ခာရှိရှိ သူတို့ ဆန္ဒအလျှောက် ပြန်လို့ရမယ့် အနေထား မရှိဘူးလို့ ပြော ပါတယ်။
ဘင်္ဂလားဒေ့ရှ် အရာရှိတွေကတော့ ကနဦးအုပ်စုအနေနဲ့ ရိုဟင်ဂျာ ၁,၁၄၀ ကို ပြန်ပို့ဖို့ လုပ်နေတာဖြစ်ပြီး ရက် အ တိအကျတော့ မပြောသေးပေမယ့် မကြာခင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီနှစ်ကုန်လောက်မှာတော့ ၆,၀၀၀ လောက်ကို ပို့မှာ ဖြစ်ကြောင်းပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သူတို့အစီစဉ်တွေအတိုင်း မလိုက်နာသူတွေကို ဖမ်းဖို့၊ စာရွက်စာတမ်းတွေ သိမ်း ဆည်းဖို့နဲ့ တခြား လက်တုံ့ပြန်တာတွေ လုပ်မှာဖြစ်ကြောင်း ခြိမ်းခြောက်တဲ့ သတင်းတွေ ထွက်ပေါ်နေသလို ပြန်ဖို့ သဘောတူသူတွေကို ငွေအမြောက်အများ ပေးမယ်လို့ ပြောဆိုမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ရှေ့ပြေးအစီအစဉ်အရ ရိုဟင်ဂျာတွေဟာ သူတို့ရွာတွေကို သူတို့ ပြန်ရမှာ ဖြစ်ပါတယ်။ ပထမမောင်တောက ဒုက္ခ သည်စခန်းမှာ နေထိုင်ရမှာဖြစ်ပြီး အဲဒီနောက်မှာ မြန်မာဘက်က ချထားပေးတဲ့ ရွာသစ် ၁၅ ရွာကို ပြောင်းရွှေ့ ရ မှာဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ သွားလာခွင့်လည်း မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေမျိုးမှာ သူ တို့ိကို ပြန်ပို့မယ်ဆိုရင် သူတို့ဟာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကြုံရနိုင်ခြေရှိတဲ့အတွက် အစီအစဉ်တွေကိုဆိုင်း ငံ့ထားဖို့ပါ တောင်းဆိုထားတာ ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment