" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, June 9, 2023

ရိုဟင်ဂျာတွေပြန်ပို့ရေးစီမံချက် ချက်ချင်းဆိုင်းငံ့ဖို့ ကုလ အထူး ကိုယ်စားလှယ်ပြော

RFA
RFA Burmese
2023.06.08

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။AFP

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည်ပြန်ပို့မဲ့ ရှေ့ပြေးစီမံချက်ကို ချက်ခြင်းဆိုင်းငံ့ထားဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews) က ဘင်္ဂလားဒေ့ရှ်အစိုးရကို ဇွန်လ ၈ ရက်နေ့က ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ဒုက္ခသည်တွေပြန်ပို့ရေးကိစ္စမှာ သတင်းအချက်အလက်တွေကို အမှန်အတိုင်း အသိပေးမပြောဘဲ သတင်းမှားတွေနဲ့ ခြိမ်းခြောက် ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေ ကြားသိနေရတယ်လို့ ကုလအထူးကိုယ်စားလှယ်က ပြောဆိုကြောင်းလည်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂလူ့ အခွင့် အရေးရုံးက ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချစွာနဲ့ လိုအပ်ချက်တွေ ပြည့်စုံမှသာ မြန်မာပြည်ကို ပြန်သင့်တယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်ရှိမှာ မြန်မာနိုင်ငံ တစ်ဝန်းက အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်ချေမှုန်းနေတဲ့ စစ်တပ်ကို ဦးဆောင်နေတဲ့ အ ပြင် ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်မှုအပါအဝင် တခြား အခြေခံလူ့အခွင့်အရေးတွေကိုလည်း ငြင်းဆိုနေတယ်လို့ Tom Andrews က ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို… မြန်မာပြည်ပြန်ရင် ထောက်ပံ့ငွေအများအပြား ရရှိမယ်ဆိုပြီး ပြောဆိုနေတယ်လို့ လည်း သတင်းတွေကြားရကြောင်း၊ မူလ ရရှိနေတဲ့ နေ့စဉ်ထောက်ပံ့ကြေးကိုတောင် လတ်တလောလျှော့ချခံနေရ တဲ့ ရိုဟင်ဂျာတွေကို မြန်မာပြည်ပြန်ရင် အဲဒီလို ငွေအများအပြား ဘယ်သူကပေးမှာလဲဆိုတာလည်း ရှင်းရှင်းလင်း လင်း မသိရကြောင်း သူကပြောပါတယ်။ 

ဒီရှေ့ပြေးစီမံချက်အရ မြန်မာပြည်ပြန်ပို့မယ့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ ၂ဝ၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု မဖြစ် ပွားခင်ကာလက သူတို့မူလနေထိုင်ခဲ့တဲ့ ကျေးရွာတွေမှာ ပြန်လည်အခြေချခွင့် ရမှာမဟုတ်ဘဲ ရခိုင်ပြည်နယ်မောင် တောမြို့နယ်မှာရှိတဲ့ လက်ခံရေးဌာနတွေနဲ့ ခိုလှုံရေးစခန်းတွေမှာ ယာယီ နေထိုင်ကြရမှာဖြစ်ပြီး အဲဒီနောက်မှာ အ သစ်ဆောက်ထားတဲ့ ကျေးရွာ ၁၅ ရွာကို သွားရောက်နေထိုင်ကြရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်စွာ သွားလာခွင့်တွေလည်း ရရှိမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

အခုလို အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ရာရောက်မယ့်အပြင် အနာဂတ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကျူးလွန်ခံရမယ့် အန္တရာယ်လည်း ရှိတဲ့အတွက် ဒီစီမံချက်ကို ချက်ချင်းဆိုင်းငံ့ထားရမယ်လို့ လူအခွင့် အရေးအထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */