Monday, February 24, 2025

ရိုဟင်ဂျာအကျပ်အတည်းဖြေရှင်းဖို့ ကုလက သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေ

RFA
2025.02.24 

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရစဥ်။The Financial Express Photo

ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ကပြောကြားပါတယ်။

အထူးသံတမန်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့ စိတ်ပါဝင်စားသူတိုင်းနဲ့ စကားပြောနေပါတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ Md Touhid Hossain နဲ့ ဖေဖော်ဝါရီ ၂၃ ရက် မနေ့ကတွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ကုလသမဂ္ဂ အဆက်အသွယ် ရှိ မရှိ မေးမြန်းချက်ကို ဖြေကြားခဲ့တာလို့ Financial Express သတင်းက ဖော်ပြပါတယ်။

ဒီဆောင်ရွက်ချက်တွေထဲမှာ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာနဲ့ မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်လာရေး ပါဝင်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်လို့လည်း မစ္စဂျူလီဘိရှော့က ဖြေကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်က ကူညီပံ့ပိုးထားတာကို ကုလ သမဂ္ဂက ကောင်းစွာ သိရှိနားလည်ကြောင်းနဲ့ ဒီအကျပ်အတည်းကိုအဖြေရှာဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆက်နွယ်သောသတင်းများ  
 
 
Link : H

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */