BBC
၂ မတ် ၂၀၂၅,
ဖေဖော်ဝါရီ ၂၈ ရက်၊အမေရိကန်နိုင်ငံ၊နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်အစည်းအဝေးမှာ တွေ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အ မြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း
ရိုဟင်ဂျာအရေး ဖြေရှင်းမူမှာ ရေရှည်တည်တံ့တဲ့ အဖြေရရှိရေးအတွက် ပြဿနာရဲ့ ဇစ်မြစ်ဖြစ်တဲ့ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကို ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ ဆန္ဒအလျောက်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး သင့်လျော်တဲ့ အခြေ အနေတစ်ရပ် ဖန်တီးပေးရေးကလည်း အထူးလိုအပ်တယ်လို့ သူက ထောက်ပြပြောဆိုပါတယ်။
အမေရိကန်နိုင်ငံ၊နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင် ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ အခြားသော လူနည်းစုများဆိုင်ရာ အဆင့်မြင့် နိုင်ငံတကာကွန်းဖရင့် ကျင်းပ ပြုလုပ်ရေး Modality အဆိုမူကြမ်းကို ပထမအကြိမ် အလွတ်သဘော ဆွေးနွေးတဲ့ အစည်း အဝေးမှာ ဦးကျော်မိုးထွန်း ကပြောခဲ့တာဖြစ်ပါတယ်။
"မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒ၊အကျိုးစီးပွားတွေနဲ့အညီ ပိုကောင်းမွန်တဲ့ အဆိုမူကြမ်းဖြစ်လာမယ်လို့ မျှော် လင့်ပါတယ်။ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးအတွက် သင့်တော်တဲ့အခြေအနေတစ်ရပ် ဖန်တီးပေးဖို့က အထူးလိုအပ်ပါတယ်" လို့ ဦးကျော်မိုးထွန်းက ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေ အကြောက်တရားနဲ့ နေထိုင်နေရပြီး ရခိုင်ပြည်နယ်က နေထိုင်သူအပါအဝင် ပြည်သူအားလုံးလုံခြုံမှုမရှိကြဘူးလို့ အစည်း အဝေးမှာ သံအမတ်ကြီးက တင်ပြခဲ့ပါတယ်။
နိုင်ငံရေးအရ အဖြေရရှိအောင် ဆောင်ရွက်ဖို့မှာ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ အပြုသဘောဆောင်တဲ့ အကူအညီတွေလိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။
Link : Here
No comments:
Post a Comment