" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 10, 2023

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး စစ်ကောင်စီနဲ့ ကုလဆွေးနွေး

BBC
၁၀ နိုဝင်ဘာ ၂၀၂၃ 

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က လက်ထောက်မဟာမင်းကြီး မစ္စတာရာအုမာဇု နဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ နေပြည်တော်မှာတွေ့ဆုံပြီး ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကိုပြန်လည်ခေါ်ဆောင်ရေး ဆွေးနွေးကြတာကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဌာ နရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူတွေကို မြန်မာနိုင်ငံက ပြန်လည် စိစစ် လက်ခံရေးလုပ်ငန်းစဉ်၊ UNHCR နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းတွေကိုဆွေးနွေးတယ်လို့ ‌ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၃၁ ရက်ကတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောနိုင်ဦးဆောင်တဲ့ စစ် ကောင်စီကိုယ်စား လှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့မှာ ရိုဟင်ဂျာဒုက္ခသည် ၁၅၀ လောက်ကို ခေါ် ယူစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ အဲဒီမှာရှိနေသူတွေက ဘီဘီစီကိုပြောထားပါတယ်။ အဲဒီဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့စာရင်းပေးသွင်းထားသူတွေဖြစ်သလို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံအစိုးရတို့အကြား တိုက်ဆိုင်စစ် ဆေးထားပြီးသူတွေလည်း ဖြစ်တယ်လို့သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာရှိ‌နေတဲ့ ရိုဟင်ဂျာမိသားစုဝင်တစ်ဦးကတော့ သူတို့ နေရပ်ပြန်မလာတာက မူလနေရာမှာ နေထိုင်ခွင့်ရဖို့၊ ပိုင်ဆိုင်မှုတွေပြန်ရဖို့၊ နိုင်ငံသားဖြစ်ခွင့်ရဖို့နဲ့ စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ပုဒ်မ တွေကို ဖျက်သိမ်းပေးဖို့ စတဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီက လက်မခံတဲ့အတွက်ကြောင့် ပြန်ဖို့ကြန့်ကြာ နေတာလို့ပြောပါတယ်။

စစ်ကောင်စီနဲ့ တစ်ဖက်နိုင်ငံအစိုးရတို့ ပူးပေါင်းပြီး ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ဆောင်ဖို့မလုပ်ဆောင်နိုင်ကြ ပေမယ့် ဘူးသီးတောင်နဲ့ မောင်းတောမြို့နယ်တွေမှာတော့ ရိုဟင်ဂျာတွေ နေ့စဉ်လိုလို တရားမဝင် ဝင်ရောက်မှု တွေရှိနေပြီး မကြာခဏဖမ်းဆီးခံနေရတာပဲဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */