" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 1, 2023

နိုင်ငံခြားသား သုံ့ပန်းများကို ဟားမတ်စ် လွှတ်ပေးမည်၊ ဖမ်းဆီးခံသူများကို ကာကွယ်ရန် ကုလ ပြော

DVB
November 1, 2023

ဟားမတ်စ်အဖွဲ့က လာမယ့်ရက်တွေမှာ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသုံ့ပန်းတွေကို လွှတ်ပေးမယ်လို့ ညှိ နှိုင်းဖျန်ဖြေသူတွေကို ပြောထားကြောင်း ဟားမတ်စ် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အယ်လ်ကာဆမ် တပ် မဟာရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူ အူဘိုက်ဒါက အောက်တိုဘာ ၃၁ ရက်က အဖွဲ့ရဲ့ တယ်လီ ဂရမ် အ ကောင့် ဗီဒီယိုတခုမှာ ပြောကြားခဲ့ပါတယ်။

“သူတို့ကို ဂါဇာမှာဆက်ထားမယ်၊ မထားဘူး ဆိုတာကို အစောပိုင်းမှာ ကျနော်တို့ ကြေညာထားတဲ့ ရပ် တည်ချက်နဲ့အညီ လာမယ့်ရက်တွေမှာ နိုင်ငံခြားသား သုံ့ပန်းအနည်းငယ်ကို ပြန်လွှတ်ပေးသွားမှာ ဖြစ် တယ်” လို့ အဘူ အူဘိုက်ဒါက ပြောသွားတာပါ။

တပ်မဟာရဲ့ ပြောရေးဆိုခွင့်ရှိသူက သုံ့ပန်းအရေအတွက် ဒါမှမဟုတ် သူတို့တွေ ဘယ်နိုင်ငံသား တွေ ဖြစ်တယ် ဆိုတဲ့အကြောင်း အသေးစိပ်ကိုတော့ ပြောကြားခြင်းမရှိပါဘူး။

အစ္စရေးက လွတ်မြောက်လာတဲ့ ဓားစာခံဟာ ဟားမတ်စ်လက်ထဲမှာ မရှိဘူးလို့လည်း အဘူ အူဘိုက်ဒါ က ငြင်းဆိုခဲ့ပြီး ဓားစာခံအများအပြားကို ဂါဇာကမ်း‌ေမြာင်ရှိ လူပုဂ္ဂိုလ်တွေနဲ့ တခြားအုပ်စုတွေကဖမ်း ဆီးထားတာဖြစ်ကြောင်းလည်း သူကပြောပါတယ်။

ဒါ့အပြင် ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးစစ်တပ်နဲ့ တိုက်ပွဲမျက်နှာစာ ၃ ခုမှာ ထိပ်တိုက်တွေ့ခဲ့ပြီး အစ္စရေး စစ်သား အများအပြားကို သေကျေ၊ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တဲ့အပြင် စစ်သုံးယာဉ် ၂၂ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဖွဲ့ရဲ့ရေတပ်ကလည်း ဒီတိုက်ပွဲမှာ အာဆစ်ဖ်လို့ခေါ်တဲ့ ရေအောက်ဒုံးကျည်ကိုလည်း ပထမဆုံး အ ကြိမ်အဖြစ် အသုံးပြုခဲ့ကြောင်း အဘူ အူဘိုက်ဒါက ပြောကြားခဲ့ပါတယ်။ ရိုက်တာစ်ကတော့ အဲဒီပြော ဆိုချက်တွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကတော့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုသတင်းတွေကို မသိရှိကြောင်း ပြော ကြားခဲ့ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တို့ကြား ပဋိပက္ခမှာ ဖမ်းမိတဲ့ အရပ်သားတွေကို အ ကာအကွယ်ပေးဖို့ အောက်တိုဘာ ၃၁ ရက်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ယိုဂူတာ ရက်စ် က မေတ္တာရပ်ခံခဲ့ပါတယ်။

သက်ဆိုင်သူအားလုံးက အချိုးကျ လိုက်လျောညီထွေ လုပ်ဆောင်နိုင်စွမ်းနဲ့ ကြိုတင်ကာကွယ်မှုတွေ လိုတယ်လို့လည်း သူက အလေးပေး ပြောကြားခဲ့ပါတယ်။

“နှစ်ဖက်စလုံးက အရပ်သားတွေကို အကာအကွယ်ပေးဖို့ အရေးကြီးဆုံးဖြစ်ပြီး အချိန်တိုင်း လေးစားမှု ရှိရမယ်” လို့ ဂူတာရက်စ်က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေဟာ လျစ်လျူရှုလို့မရတဲ့ ရှင်းလင်းတဲ့ စည်း မျဉ်းတွေကို ပြဋ္ဌာန်းထားတယ်၊ ဒါဟာ စိတ်ကြိုက်ရွေးလို့ရတဲ့ အစားအသောက်စာရင်းတခု မ ဟုတ်တဲ့အပြင် ရွေးချယ်ကျင့်သုံးလို့လည်း မရနိုင်ဘူးလို့ သူက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */