" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 23, 2023

ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအရ ကူညီ ကြဖို့ ကုလတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၃ ဩဂုတ်၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးပြောရေး ဆိုခွင့်ရှိသူ Shabia Mantoo (ဇန်နဝါရီ ၁၊ ၂၀၂၃)

၂၀၁၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့စစ်ဆင်ရေးတွေကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂ လား ဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည်တွေထွက်ပြေးခဲ့ကြတာ ဒီတပတ်က (၆) နှစ်ပြည့်ရက် သီ တင်းပတ်ဖြစ်ပြီး ရေရှည်အဖြေအတွက် နိုင်ငံရေးအရရော ဘဏ္ဍာရေးအရပါ ပံ့ပိုးပေးကြဖို့ ကုလသ မဂ္ဂက နိုင်ငံတကာကို အင်္ဂါနေ့ကတိုက်တွန်းလိုက်ပါတယ်။ လက်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီက လိုအပ်ချက်ရဲ့ ၂၈.၉ ရာခိုင်နှုန်းသာရရှိသေးတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးပြောရေး ဆိုခွင့်ရှိသူ Shabia Mantoo (ရှာဘီယာ မန်တူး) က ဆိုပါတယ်။


ရိုဟင်ဂျာဒုက္ခသည်တွေနဲ့လက်ခံထားတဲ့ ဒေသခံ ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝန်း အပါအဝင် လူ ပေါင်း ၁.၄၇သန်းကို ကူညီပေးဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီတွေက အခုနှစ်မှာ ဒေါ်လာ ၈၇၆ သန်းတောင်းခံထားတာပါ။ ဒုက္ခသည်တွေအတွက်တဦးကို (၁၂) ဒေါ်လာအထောက်အ ပံ့ ပေးနေရာက ဇွန်လနောက်ပိုင်းကစလို့တဦးအတွက် တလ (၈) ဒေါ်လာနှုန်းပဲပံ့ပိုးနိုင်တော့တယ်လို့ ကုလသမဂ္ဂကဇူလိုင်လတုန်းကပြောပါတယ်။

ရန်ပုံငွေတွေ ကျဆင်းလာလို့ဒုက္ခသည်တွေစားနပ်ရိက္ခာထောက်ပံ့မှုလျော့ချခဲ့ရပြီး အာဟာရချို့တဲ့မှု မြင့်တက်လာတာ အပြင်ကျောင်းထွက်နှုန်း မြင့်လာတာ၊ ကလေးသူငယ်လက်ထပ်ထိမ်းမြားတာ၊ က

လေးလုပ်သားနဲ့ကျားမအခြေပြုအကြမ်းဖက်မှုတွေအပါအဝင်ကြီးမားတဲ့အကျိုးဆက်တွေနဲ့ပတ်သက် ပြီး စိုးရိမ်ပူပန်မှုတွေမြင့်တက်လာကြောင်း UNHCR က ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ ဟာ လူဥ◌ီးရေ ပြွတ်သိပ်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပြီး ပြင်းထန်တဲ့ရာသီဥတုဒဏ် တွေနဲ့လည်း မကြာခဏ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေအရေးမှာအမုန်းစကားတွေသတင်းမှားတွေနဲ့မဟုတ်မမှန်လုပ်ကြံပြောဆိုမှုတွေကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်တွေကိုဆိုးဆိုးရွားဖြစ်ပေါ်စေနိုင်ကြောင်းလည်း UNHCR ပြောခွင့်ရ မစ္စမန်တူးက ပြောပါတယ်။ ဒီအတွက် UNHCR ဟာဆိုရှယ်မီဒီယာပလက် ဖောင်း တွေနဲ့ချိတ်ဆက်ဆောင်ရွက်နေကြောင်း၊လူတိုင်းမှာ တာဝန်ရှိလို့ လူမှုမီဒီယာကုမ္ပဏီတွေအပါ အဝင် လူ့အဖွဲ့အစည်တခုလုံးရဲ့ချဉ်းကပ်မှုပုံစံ တရပ် အဖြစ် လုပ်ဆောင်သင့်တယ်လို ပြောပါတယ်။

ရိုဟင်ဂျာနေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ UNHCR ရပ်တည်ချက်ကတော့ဒုက္ခသည်တွေ မြန်မာ နိုင် ငံ ကိုပြန်လာနိုင်ဖို့ အခြေအနေကောင်းတွေ ရှိရမယ်လို့ UNHCR သတင်းစာရှင်းလင်းပွဲ ထည့်သွင်း ပြောဆိုပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */