By မောင်မောင်စိုး
20 June 2020
ရခိုင်ပြည်နယ် စစ်ဆင်ရေးတွင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ အသုံးပြု၍ စစ်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာသယ်ယူပို့ဆောင်ခြင်းများကို တွေ့ရသည် / ဧရာဝတီ
တပ်မတော်နှင့် ရခိုင်ပြည်နယ်
တပ်မတော်သည် ရခိုင်ပြည်နယ်တွင် ဦးစွာရင်ဆိုင်ရသည့်ပြဿနာမှာ ရိုဟင်ဂျာဟု မိမိကိုယ်မိမိခေါ်ဆိုသောရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီမွတ်ဆလင် ပြသနာဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမွတ်ဆလင်များအား နအဖ တပ်မ တော် အစိုးရ လက်ထက်က ဝှိုက်ကဒ် White card များ ထုတ်ပေးထားခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခွင့် ပေးထားစဉ်က ဘင်္ဂါလီများနှင့် တပ်မတော်၊ ပြည်ခိုင်ဖြိုး ပါတီတို့ အကြား ဆက်ဆံရေးကောင်း မွန်ခဲ့သည်။