ဇွန် ၁၆
ပင်လယ်ပြင်ထဲ သောင်တင်ပြီး ခိုကိုးရာမဲ့ဖြစ်နေသည့် ရာနှင့်ချီသော ရိုဟင်ဂျာများ ကမ်းတက်နိုင်ရေး အ တွက် လူကုန်ကူးသူများက ၎င်းတို့မိသားစုများထံကနေ ငွေကြေးတောင်းခံမှုများရှိနေကြောင်း၊ ငွေရရှိပြီး မှ သာ အဆိုပါရိုဟင်ဂျာများကို အရှေ့တောင်အာရှကမ်းစပ်များပြင်ပရှိ လှေများပေါ်ကနေ လွှတ်ပေးမည်ဟု အ ဆိုပါလူကုန်ကူးသူများက ပြောကြောင်း ဆွေမျိုးများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်ကမ့်စခန်းများနှင့် နေအိမ်တွင် နှိပ်စက်ခံရမှုဘေးကနေ ထွက်ပြေးလာကြသော မြန်မာ နိုင်ငံမှ မွတ်ဆလင်လူနည်းစု အဖွဲ့ဝင်များဖြစ်သည့် ရိုဟင်ဂျာ ရာနှင့်ချီတို့သည် ပြီးခဲ့သည့်ကာလ အ တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် နိုင်ငံများက ယင်းတို့၏ နယ်စပ်များကို ပိတ်လိုက်ပြီး နောက် ပင်လယ်ပြင်တွင် လနှင့်ချီကြာ သောင်တင်နေခဲ့ကြသည်ဟု သိရသည်။
လူသုံးဦးက ရိုက်တာသတင်းဌာနကို ပြောပြခဲ့ရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ပိုင်း ၎င်းတို့၏ ဆွေမျိုး တချို့ သည် အရှေ့တောင်အာရှကမ်းစပ်များအလွန် ပင်လယ်ထဲတွင် ရောက်နေခဲ့ကြောင်း၊ ကမ်းတက်နိုင် မည့် နေရာတစ်နေရာကို ရှာနေခဲ့ကြောင်း၊ ထိုကဲ့သို့ ပင်လယ်ပြင်ထဲ လှေများဖြင့် သောင်တင်နေသူသည့် ၎င်းတို့၏ ဆွေမျိုးများ လွတ်လမ်းရနိုင်ရန်အတွက် လူကုန်ကူးသူများက ငွေကြေးတောင်းခံမှုများ လုပ်ခဲ့ ကြောင်း ပြောပြခဲ့သည်။
“သူတို့ ပထမပြောတဲ့ အပေးအယူသဘောတူညီချက်ကတော့ ပင်လယ်ထဲ ရောက်နေသူတွေကို မလေးရှား ကမ်းခြေ ကို ရောက်အောင် လုပ်ပေးမယ်၊ အဲဒီအခါကျမှ ငွေယူမယ်လို့ ပြောပါတယ်၊ ဒါပေမယ့် ခုကျတော့ ငွေကို ချက်ချင်း တောင်းနေပါတယ်” ဟု မိုဟာမက် အေယက်စ် ဆိုသူက ပြောသည်။ အသက် ၁၆ နှစ်အ ရွယ် ၎င်း၏ ညီဖြစ်သူသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုကနေ ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်။
ယင်းနောက်ပိုင်း ၎င်းတို့ မိသားစုအနေဖြင့် ညီဖြစ်သူထံမှ သတင်းမကြားရတော့ဟု အေယက်စ်က ပြော သည်။
အလားတူ မူရှာ ဆိုသူ အမျိုးသားတစ်ဦးကလည်း ၎င်း၏ ညီမနှစ်ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဘင်္ဂ လားဒေ့ရှ် ကမ့်စခန်းများကနေ ထွက်ခွာပြီး ပင်လယ်ပြင်ထဲ သောင်တင်နေခဲ့သည်ဟု ပြောသည်။ လူကုန်ကူး သူများအတွက် အလုပ်လုပ်ပေးနေသည့် ပွဲစားများက ပင်လယ်ထဲ ရောက်နေသော ညီမနှစ်ဦးကို မလေးရှား သို့ ပို့ဆောင်ပေးမည်ဟု ဆိုကာ မိုဘိုင်းဘဏ်ဝန်ဆောင်မှုစနစ်ဖြင့် ရင်းဂစ် ၁၂,၀၀၀ လွှဲပေးရန် ၎င်းတို့မိသား စုကို တောင်းခဲ့သည်ဟု မူရှာက ပြောသည်။
တောင်းသည့် ငွေကြေးကို ပေးခဲ့သော်လည်း လက်ရှိအချိန်တွင် ဆယ်ကျော်သက် မိန်းကလေးနှစ်ဦး၏ ကံကြမ္မာ ဘယ်သို့ဘယ်ပုံ ရှိမည်ကို မသိရကြောင်း မူရှာက ပြောသည်။
ပြီးခဲ့သည့်နှစ်များအတွင်း နိုဝင်ဘာနှင့် ဧပြီလအတွင်း၌ ရိုဟင်ဂျာများသည် လှေများဖြင့် ထွက်ခွာပြီး မလေး ရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများသို့ ဦးတည်လာရောက်နေခဲ့ကြသည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းများ ပေါ်ပေါက်လာချိန် ထိုကဲ့သို့ လှေစီးသူများသည် ပင်လယ်ထဲ သောင်တင် နေခဲ့ကြရသည်။
ပြီးခဲ့သည့် ဧပြီလကလည်း ပင်လယ်ထဲ ထွက်ခွာရင်း အစာရေဆာ ပြတ်သွား၍ ဘင်္ဂလားဒေ့ရှ်ဘက် ပြန် လှည့် လာခဲ့သည့် လှေတစ်စင်းပေါ်တွင် လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့သည်ဟု အသက်ရှင်လွတ်မြောက် လာသူများက ရိုက်တာကို ပြောသည်။
ပြီးခဲ့သည့်အပတ်ကလည်း ပျက်စီးနေသော လှေတစ်စင်းဖြင့် ကမ်းခြေနားကပ်လာသော ရိုဟင်ဂျာ၂၆၉ ဦး ကို ထိန်းသိမ်းခဲ့ရကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်ခဲ့သေးသည်။
Link : Here
No comments:
Post a Comment