Tuesday, June 16, 2020

မြန်မာ့အရေး ဆုံးဖြတ်ချက် လူ့အခွင့်အရေးကောင်စီ အတည်ပြုဖို့ရှိ

VOA 
ဗွီအိုအေ (မြန်မာဌာန )
မခွာညို
16 ဇွန်၊ 2020
 ၄၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ ကို ကျင်းပနေ

၄၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံက ဒီသတင်းပတ်အကုန်မှာ မြန်မာ့အရေး ဆုံးဖြတ်ချက် အတည်ပြုဖို့ရှိနေပါတယ်။ဇွန်လ ၁၅ ရက်နေ့ တနင်္လာနေ့မှာ ညီလာခံကို ကန့်သတ်ချက်တွေ နဲ့ပြန်လည်စတင်ကျင်းပနေပါပြီ။ မတ်လထဲမှာ ကျင်းပရမယ့် အစည်းအဝေးတွေကို ကိုဗစ်-၁၉ကပ်ရော ဂါ ကြောင့် ရွှေ့ဆိုင်းခဲ့ပြီးမှ ပြန်လည်ကျင်းပတာပါ။ ပုံမှန်လို ကျင်းပရတာ မဟုတ်တဲ့ အစည်းအဝေးတွေမှာဘယ် လိုအကြောင်းတွေကို ဆွေး နွေး ဆုံးဖြတ်ကြဖို့ရှိသလဲဆိုတာ ကုလသမဂ္ဂ ဌာနချုပ်ရှိရာ ဂျနီဗာမြို့ကနေ Lisa Schlein ပေးပို့ထားတဲ့သတင်းလွှာကို အခြေခံပြီး မခွာညို ပြောပြပေးမှာပါ။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ကာလအတွင်း ကျင်းပမယ့် အစည်းအဝေးတွေမှာ ကိုယ်တိုင် တက်ရောက် သူတွေအနေနဲ့ ကျန်းမာရေးအန္တရာယ် မဖြစ်စေရအောင် လူချင်း ခပ်ခွါခွါနေကြရမယ့် စည်းကမ်းကိုတော့ တိ တိကျကျ လိုက်နာကြရမှာဖြစ်ကြောင်း ကုလဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ အစည်းအဝေးကိုလူကိုယ် တိုင် တက်ကြမယ့် ကိုယ်စားလှယ်အဖွဲ့တွေမှာ လူဦးရေကို လျှော့ချထားမှာဖြစ်ပြီး ရာနဲ့ချီတဲ့ အစိုးရ မဟုတ် တဲ့ အဖွဲ့အစည်းတွေနဲ့ အလွတ်သဘောတွေ့ဆုံမှုတွေကိုလည်း ကုလသမဂ္ဂအဆောက်အဦးအတွင်းမှာ လုပ် ကြရမှာမဟုတ်ပါဘူး။

အစီရင်ခံစာ တင်သွင်းတာတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း လူကိုယ်တိုင်ဖြစ် စေ၊ ဗွီဒီယိုကောလ် တွေကဖြစ်စေ ပါဝင်ဆွေးနွေးသွားကြမှာပါ။ ကွန်ဂို ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ မာလီ၊ ယူက ရိန်း၊ လစ်ဗျား၊ အာဖဂန်နစ္စတန် နဲ့ ဗဟိုအာဖရိက နိုင်ငံတွေအပါအဝင် နိုင်ငံတွေနဲ့ပတ်သက်လို့ ဆွေးနွေး သုံးသပ်ကြမှာဖြစ်ပါတယ်။

သီတင်းတပတ်ကြာ အစည်းအဝေးအတွင်း အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာတော့အမေ ရိကန်ပြည်ထောင်စုအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးချိန်အတွင်း သေဆုံးသွားတဲ့ အာဖရိကန်-အမေရိကန်ဖြစ်သူ ဂျော့ချ်-ဖလွိုက်ရဲ့ကိစ္စကတော့ အရေးပေါ်အခြေအ နေ အဖြစ်နဲ့ ဆွေးနွေးကြမှာပါ။ လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့ရဲ့ ဂျနီဗာမြို့က ညွှန်ကြားရေးမှူး John Fisher က အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒါကိုကြို တင်တွက်ဆထားမှာ ဖြစ်ကြောင်း ပြောပါတယ်။ နိုင်ငံတချို့က သူတို့ရဲ့ ကိုယ်ပိုင်အစီအစဉ်တွေကို ရှေ့တိုး ဆောင်ရွက်ဖို့ ဒီလို ဆွေး နွေးမှုတွေကို အသုံးချကြတာမျိုးဖြစ်ကြောင်း သူက ပြောပါတယ်။

“အခု လက်ရှိအနေအထားအရ ကမ္ဘာတဝန်းမှာရော အမေရိကန်ပြည်ထောင်စုထဲမှာပါ ပရမ်းပတာတွြေ ဖစ် နေတာကို တရုတ်က အခွင့် ကောင်း ယူပြီး ဟောင်ကောင်ရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို ဖိနှိပ် ချိုးနှိမ် ပစ်မှာမျိုးကို ကျနော်တို့က အလွန်ကို စိုးရိမ် ပူပန်နေ ပါတယ်။ နောက်ပြီး စောစောက ပြောခဲ့သလိုပါပဲ ကမ္ဘာ့ နိုင်ငံတွေအနေနဲ့ ဒီလို အခြေအနေအတွင်း ဟောင်ကောင်အပေါ်မှာ ပိုပြီး တော့ အလေးထား အာရုံစိုက်ပေး ကြ ဖို့ တိုက်တွန်းပါတယ်။ ဒီအချိန်ဟာ တရုတ်နိုင်ငံက နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကို စောင့်ကြည့်နေ တယ် ဆိုတာကို ကျနော်တို့ သိနေပါတယ်။ တကယ်လို့ နိုင်ငံတကာဘက်က တုံ့ပြန်သံတွေ မကြားရဘူး ဆိုရင် တော့ နောက်ထပ် နှိမ်နင်းမှုတွေ ထပ်လုပ်ဖို့ ပိုပြီး ရဲတင်းလာလိမ့်မယ်လို့ ထင်ပါတယ်။” လို့ သူက ပြောပါ တယ်။

လွန်ခဲ့တဲ့တနှစ်ကတော့ ဥပဒေမဲ့ကွက်မျက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Agnes Callemard က သူ့ရဲ့ အစီ ရင်ခံစာမှာ ဆော်ဒီအစိုးရရဲ့ ထောက်လှမ်းရေးလက်ချက်လို့ အခိုင်အမာ ဖော်ပြထားတဲ့ ဝါရှင်တန်ပို့စ်က ဆောင်းပါးရှင် ဂျမဲလ် ခါရှိုဂီ အသတ်ခံရမှုနဲ့ ပတ်သက်လို့ တင်ပြသွားခဲ့ပါတယ်။ ကုလလူ့အခွင့်အရေးကောင် စီအတွင်း ပုံမှန်တင်သွင်းနေကြ အစီရင်ခံစာမျိုးမဟုတ်ဘဲ ခါရှိုဂီရဲ့အမှုကိစ္စကို တင်သွင်းချိန်က အာရုံစိုက်ခံ ရမှု မျိုး အသစ်တဖန် ပြန်လုပ်ပေးရမှာဖြစ်တယ်လို့ Fisher က ယူဆထားပါတယ်။

“ခါရှိုဂီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဝိုင်းဝန်းပြောဆိုလာကြတဲ့အခါ လူ့အခွင့်အရေးရှေ့နေအမျိုးသမီးအတော် များများကို အကျဉ်းထောင် တွေကနေ လွှတ်ပေးခဲ့ကြပါတယ်။ ညှင်းပမ်းနှိပ်စက်မှုတွေ ရှိနေတုန်းပါပဲ။ သူတို့ဟာ အခုထိ ရာဇဝတ်ကြောင ်းအရ တရားစွဲခံထားရတာတွေကို ရင်ဆိုင်နေရတုန်းပါပဲ။ သူတို့အနေနဲ့ သေဒဏ်၊ ကြိမ်ဒဏ်၊ သဘောထားကွဲလွဲမှုတွေ အပေါ်မှာ ဖိနှပ်ချိုးနှိမ်ခံရတာနဲ့ နောက်ထပ် ဖမ်းဆီးချုပ် နှောင် ခံရမှုတွေကလည်း ဆက်ပြီးရှိနေတုန်းပါပဲ။” လို့ Fisher က ဆက်ပြောပါတယ်။

ဒီသီတင်းပတ်အကုန်ကျရင် ကုလလူ့အခွင့်အရေးကောင်စီဟာ ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာတဲ့ ဆုံး ဖြတ်ချက်ပေါင်း ၄၀ ကျော်ကို အတည်ပြုတာ၊ အပြီးသတ် ဆုံးဖြတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီ ထဲ မှာ လစ်ဗျား၊ အီရန်၊ နီကာရာဂွါ၊ တောင်ဆူဒန်နဲ့ မြန်မာနိုင်ငံတို့လို တိုင်းပြည်တွေက လူ့အခွင့် အရေး အခြေ အနေ တိုးတက်လာမှုတွေနဲ့ပတ်သက်တဲ့ ထောက်ခံချက် တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */