" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, June 16, 2020

ဂမ်ဘီယာ;နဲ့ မြန်မာကိစ္စ လေ့လာသူတွေ အမြင်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများခင်မောင်စိုး
2020-06-16


မြန်မာအစိုးရကို ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲထားတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ ရှေ့နေအဖွဲ့က ဖေ့စ်ဘွတ်လူမှုစာမျက်နှာမှာ မြန်မာတပ်မတော်နဲ့ စစ်တပ်က ရေးသားခဲ့တဲ့ အချက်အ လက်တွေကို ထုတ်ပြန်ပေးရေးအတွက် ဖေ့စ်ဘွတ်ကုမ္ပဏီကို တောင်းခံပေးဖို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ ခရိုင်တရားရုံးမှာ ဇွန်လ ၈ ရက်နေ့က တင်ပြလျှောက်ထားခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံဘက်က အကျိုးဆောင်ရှေ့နေတွေက ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးမှာ အခုလို လျှောက်ထား ခဲ့တာကို ဖေ့စ်ဘွတ်ကုမ္ပဏီက သိရှိကြောင်း ပြောကြားခဲ့ပါတယ်။

ခရိုင်တရားရုံးကတော့ တစုံတရာ ဆုံးဖြတ်ကြေညာခြင်း မရှိသေးပါဘူး။ ရန်ကုန်မြို့မှာရှိတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးစင်တာက ဥပဒေအကြံပေးအရာရှိ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် က တော့ အခုလို ဂမ်ဘီယာနိုင်ငံကိုယ်စား ရှေ့နေတွေက တောင်းခံထားတဲ့ မြန်မာ့တပ်မတော် အရာရှိတွေ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တဲ့အချက်အလက်တွေထဲမှာ vသတ်ဖြတ်မှုအတွက် ခိုင်လုံတဲ့ အထောက်အထား တွေ တွေ့ရှိမယ်လို့ သူမထင်ပါဘူး။ ဒါပေမယ့် အမှုတခုအတွက် အချက်အလက်များများ တင်နိုင်လေ ကောင်းလေလေဆိုတဲ့ သဘောနဲ့ ဆောင် ရွက်တာလို့ပဲ ယူဆပါတယ်လို့ RFA ကို ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် ကတော့ တပ်မတော်အရာ ရှိတွေရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တဲ့အချက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အရေးကြီးတယ်လို့ ယူဆတဲ့အတွက် ဂမ်ဘီယာဘက်က အခုလိုတောင်းခံတာဖြစ်တယ်လို့ ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ဒါဟာ ပြည်တွင်းရေးဝင်စွက်မှုဖြစ်တယ်၊ တပ်မတော်ဟာ နိုင်ငံ တခုမှာ လုံခြုံရေးကိုတာဝန်ယူရတယ်၊ ပုဂ္ဂိုလ် တဦးချင်းပေါ်မှာ ခိုင်လုံတဲ့ တရားစွဲနိုင်ပေမယ့် အဲဒီအချက်အ လက်တွေကို သက်သေခံအဖြစ်သုံးပြုဖို့အတွက် နိုင်ငံတကာဥပဒေက အဲလောက်ထိခွင့်ပြုလိမ့်မယ်လို့ သူ မထင်ပါဘူးလို့ RFA ကို ပြောပါတယ်။

ဒေါက်တာအင်ဒရူးကလည်း အခုလို ဂမ်ဘီယာဘက်က လုပ်ဆောင်ချက်ဟာ မြန်မာအစိုးရကို သိက္ခာကျ ဆင်းအောင် လုပ်ဆောင်ချက်ဖြစ်ပြီး ဒီအမှုဟာ မြန်မာနိုင်ငံအပေါ် ထိထိရောက်ရောက် အရေးယူ ဆောင် ရွက်နိုင်ခြင်းမရှိဘဲ အဆုံးသတ်သွားလိမ့်မယ်လို့ ပြောပါတယ်။ ဂမ်ဘီယာရှေ့နေတွေက ဝါရှင်တန် ခရိုင် တရားရုံးမှာ လျှောက်ထားခဲ့တာနဲ့ စပ်လျဉ်းပြီး မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ တစုံတရာ ထုတ် ပြန်ပြောဆိုတာ မရှိသေးပါဘူး။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */