" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 18, 2020

လူမျိုး ဘာသာကွဲသူတွေ ကိုယ်စားလှယ်လောင်းမရွေးတဲ့ စွပ်စွဲချက် NLD ပါတီငြင်းဆို


VOA
ဗွီအိုအေ (မြန်မာဌာန)
17 ဇွန်၊ 2020
မေခ
 ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ NLD ပါတီ ရုံး။ (ဇူလိုင် ၂၄၊ ၂၀၁၉)

အာဏာရပါတီအနေနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ ရွေးချယ်တာမှာ လူမျိုးဘာသာကွဲတွေအပေါ် နေ ရာပေးတာမရှိဘူးဆိုတာနဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရက ငြင်းဆိုတာကို တင်ပြပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာရပါတီ အနေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေရွေးချယ်တာမှာ လူမျိုးဘာသာကွဲတွေအပေါ် နေရာပေးတာ မရှိခဲ့တာတွေနဲ့ ပတ်သတ်လို့ အထူးသဖြင့် အစ္စလာမ်ဘာသာ ဝင်တွေကို ကိုယ်စားလှယ်အဖြစ် မရွေးချယ်ဖို့ ဆောင်ရွက်ခဲ့တာတွေအပေါ်မှာ ဝေဖန်ချက်တွေ ရှိခဲ့ပါတယ်။

အခု ၂၀၂၀ ရွေးကောက်ပွဲအတွက်ဆိုရင်လည်း သံဖြူဇရပ်မြို့နယ် ကိုယ်စားလှယ်ရွေးတာမှာ အစ္စလာမ်ဘာ သာဝင် တဦးရဲ့ ကိုယ်စားလှယ်လျှောက်လွှာကို မြို့နယ်က လက်မခံခဲ့ဘူးလို့ ကာယံရှင်က မွတ်ဆလင်မီဒီ ယာ တခုကို ပြောထားပါတယ်။
 
ါပေမဲ့လည်း အာဏာရပါတီအနေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ ရွေး ချယ်တာမှာ လူမျိုးဘာသာကွဲတွေအပေါ် နေရာပေးတာမရှိတာမျိုး၊ ချန်လှပ် ထား တာမျိုးကို အရင်ကကော၊ အခုလက်ရှိမှာပါ မရှိသလို ခွဲခြားမှုကို အားမပေးဘူး လို့ ဗဟိုကော် မတီဝင် ဦးညဏ်ဝင်းက ဗွီအိုအေကို ခုလိုပြောပါတယ်။

"ကျနော်တို့ပါတီမှာ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ ပတ်သတ်လို့ လုပ်ငန်းစဉ်မှာကော၊ မူဝါဒမှာပါဘာသာ ခြား လက်မခံရတဲ့ အချက်လုံးဝလုံးဝမရှိဘူး။ တနေ့ကပတ်သတ်လို့ သံဖြူဇရပ်မှာဖြစ်တဲ့ ကိစ္စကို လည်း ကျနော်မသိပါဘူး။ ကျနော့်ဆီလည်း သတင်းမရခဲ့ပါဘူး။"

ပါတီဘက်ကနေ လူရွေးချယ်တာမှာ အဆင့် ၃ ဆင့်နဲ့ ရွေးချယ်တာဖြစ်ပြီး သတ်မှတ်ချက်စည်းကမ်းတွေ ရှိပေမဲ့ ဒီသတ်မှတ်ချက်စည်းကမ်းတွေမှာ လူမျိုးဘာသာကွဲမို့ ကန့်သတ်တာမျိုးမပါဘူးလို့ ဗဟိုကော်မတီဝင် ပါတီပြန်ကြားရေး မုံရွာအောင်ရှင်က ဗွီအိုအေကိုခုလိုပြောပါတယ်။

"ဒါကတော့ ဒေသရွေးချယ်မှုပိုင်းနဲ့ ဆိုင်ပါတယ်။ ကျနော်သိသလောက်က ရွေးချယ်မှုပိုင်းမှာ အဆင့် ၃ ဆင့်ဖြတ်ကျော်ရမှာပါ။ ပထမအဆင့်က မြို့နယ်ပေါ့၊ ဒုတိယအဆင့်က တိုင်း ပြည်နယ်ပေါ့။ တတိယအ ဆင့် ကတော့ ဗဟိုပေါ့။ အဲ ၃ ခု ဖြတ်ကျော်ပြီးမှ ဒါကအတည်ပြုမှာဖြစ်ပါတယ်။"

လူရွေးချယ်မှု အဆင့်ကို အခုလိုပြောပြပေမဲ့လည်း သတ်မှတ်စည်းကမ်းတွေနဲ့ ပတ်သတ်လို့တော့ အသေး  စိတ်မပြောခဲ့ပါဘူး။ ပါတီအနေနဲ့ ဘယ်တော့မှ လူမျိုးဘာသာ ကွဲမို့ ကန့်သတ်တာမျိုးတွေကို လုပ်မှာ မဟုတ်  ဘူးလို့ ဆိုပါတယ်။ မြို့နယ်ရွေးချယ်မှုတွေမှာ အုပ်စုလိုက် ရွေးချယ်မှုနဲ့ ပြသနာကြုံရတာတွေ ရှိပေမဲ့ ဗဟို အဆင့်ရွေးချယ်တာမှာ သေချာ စနစ်တကျပြန်လည်စိစစ်ရွေးချယ်တာဖြစ်သလို ဒီမှာ ဂိုဏ်းကနကွဲ ရွေးချယ် တာမျိုး မရှိဘူးလို့ မုံရွာအောင်ရှင်က ဆိုပါတယ်။



  SEE ALSO:
  NLD ရွေးကောက်ပွဲ ပြင်ဆင်မှုနဲ့ အလားအလာ

လက်ရှိသံဖြူဇရပ်ပြဿနာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာသံဖြူဇရပ် မြို့ နယ် ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စာဒလှယ် ဦးညဏ်ဟိန်းကို ဆက်သွယ်မေးမြန်းတာ မှာ
တော့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာ မှန်ပေမဲ့ စွပ်စွဲသူ ရဲ့ ဂုဏ်သိကာကို ငဲ့လို့ ဘာကိုမှ ထပ်မံဖြေရှင်းတာတွေ မလုပ် တာဖြစ်တယ်လို့ ဆိုပါတယ်။ သတ်မှတ်စည်းကမ်းမညီလို့ မရွေးချယ်တာသာဖြစ်ပြီး လူမျိုးဘာသာကွဲမို့ ရွေး ချယ်မခံရတာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်က လုံးဝမှားယွင်းတယ်လို့ ဆိုပါတယ်။

"အကုန်နားလည်အောင်ပြောမယ်။ သံဖြူဇရပ်မှာ လူမျိုးကြားဘာသာကွဲ နှိမ်တယ်ပြောတယ်။ သူကအဲဒီ ဘက်ကို ဦးတည်လိုက်တာ။ ဒါကိုအစ္စလာမ်မီဒီယာရော၊ ဂျပန်ကကောင်ကရော ဒါကိုဖွတာ၊ အကောင်းဆုံး ကတော့ လာ လည်လိုက်ပါ။ လာလေ့လာကြပါ။ အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်လို့ မြို့လူထုကဘယ် လိုသဘောထားလဲ။ ကျနော်တို့ ဘယ်လို သဘောရှိလဲ လူမျိုးခြားသတ်မှတ်ခွဲခြားဆက်ဆံတာရှိလား လာလေ့လာပါ။ ပြောစရာလည်း မရှိဘူး။ ဘာမှဖြစ်နေတာ မရှိလို့ဘာမှပြောစရာမလိုဘူး။"

လက်ရှိမှာတော့ အာဏာရပါတီအနေနဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ် လောင်း အမည်စာရင်း တင်သွင်းတာကို တနေ့က အပြီးသတ်ခဲ့ကြပါတယ်။ ရွေးချယ်တာမှာ မညီမျှ ဘူးဆိုတဲ့ အသံတွေနဲ့ ဝေဖန်မှုတွေ ထွက်နေတာတွေ ရှိပါတယ်။ ဒီတင်ပြလိုက်တဲ့ စာရင်းထဲက ဘယ်သူ တွေကို ရွေးချယ်သွားမလဲဆိုတာကတော့ အဆင့်ဆင့်စိစစ်ရမှာဖြစ်ပြီး၊ ရွေးကောက်ပွဲဝင်မယ့် ပါတီကိုယ်စား လှယ်စာရင်းကို ဇွန်လကုန်မှသာ ဗဟိုကော်မတီက သိရမယ်လို့ ပါတီဘက်က ဆိုပါတယ်ရှင်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */