" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, June 16, 2020

ကပ်ဘေးကာလအလွန် ရိုဟင်ဂျာဒုက္ခသည်ပြန်လည် လက်ခံရေး ဆောင်ရွက်မည်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများကျော်လွင်ဦး၊ သက်စုအောင်
2020-06-16

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် နိုင်ပြီ ဆိုရင် ပြန်လည်ဆောင်ရွက်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ပြောနေပေမယ့် ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက်လက် တွေ့ဆောင်ရွက်နေတာမရှိဘူးလို့ ဒုက္ခသည်တွေ၊ လူ့အခွင့်ရေး လှုပ်ရှားသူတွေက ဝေဖန်နေကြ ပါတယ်။

ဘင်္ဂလားဒေ့ရ်ှရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံနိုင်ရေးကို နှစ်နိုင်ငံ အစိုးရအစီစဉ်နဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရင် ပြန်လည်ဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ရဲ့ ဒုတိယ ဥက္ကဋ္ဌ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ရှိရင်တော့ ကျနော်တို့မှာ နှစ်နိုင်ငံသဘောတူစာချုပ်ရှိပြီးသားဖြစ် ပါ တယ်၊ နှစ်နိုင်ငံသဘောတူစာချုပ်အတိုင်း ဆောင်ရွက်နေပါတယ်၊ ကျနော်တို့နိုင်ငံက အသင့်ဖြစ်အောင် ဆောင်ရွက်တယ်၊ တဖက်နိုင်ငံကလည်း ပူးပေါင်းဆောင်ရွက်ရမယ်၊ သို့သော်လည်းဒီကိစ္စတွေမှာ အင်မတန် ခက်ခဲစွာနဲ့ ဆောင်ရွက်နေကြတာတွေရှိတယ်၊ ညှိနှိုင်းဆောင်ရွက်မှုတွေ အမျိုးမျိုးပြုလုပ်တယ်၊ အခုလည်း ဆက်လက် ကြိုး စားဆောင်ရွက်နေတယ်၊ ဘယ်အချိန်ဘယ်ကာလလို့ မပြောနိုင်ပေမယ့် ကျနော်တို့မှာ အမြဲ တမ်းအဆင့်သင့်ဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့ ဒီလုပ်ငန်းတွေကို ကိုဗစ်ကာလမှာ ကာကွယ် ထိန်း ချုပ် ကုသရေးလုပ်ငန်းစဉ်ကို အဟန့်အတား မဖြစ်ပေါ်စေတဲ့ အချိန်ကြမှသာ ဆောင်ရွက်မှာဖြစ်ပါတယ်"

ကမ္ဘာအနှံ့မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာပြီးနောက် ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းကစပြီး နေရပ်ပြန်လာကြတဲ့ ဒုက္ခသည်တွေလက်ခံရေး အစီအစဉ်ကို မြန်မာအစိုးရက ယာယီရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ မြန်မာအစိုးရက ၂၀၁၈ ခုနှစ် နှစ်စကတည်းက ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရှိသေးပါဘူး။

နေရပ်ပြန်လာသူတွေ ကိုယ်နေရပ်ကိုပြန်နေခွင့်ရဖို့၊ နိုင်ငံသားအခွင့်ရေးရဖို့ စတဲ့တောင်းဆိုတာတွေကို အစိုးရက ဘာမှမလုပ်ပေးတာကြောင့် နေရပ်ပြန်ရေးဟာ မဖြစ်နိုင်ဘူးလို့ ဘင်္ဂဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ အခြေစိုက်တဲ့ ရိုဟင်ဂျာ လူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင်က ပြောပါတယ်။

"လောလောဆယ် ခုအခြေအနေက ပြန်လာနိုင်လောက်အောင် အခြေအနေမဟုတ်ဘူး၊ ပြန်လာဖို့ အဓိကဆောင် ရွက်ရမှာတွေက ကိုယ်ရပ်ကိုယ်ရွာကိုပြန်နိုင်ရေး၊ နိုင်ငံသားကိစ္စတွေ လုံခြုံရေးကိစ္စတွေ အစစအရာရာ ရှိပါတယ်၊ ကျနော်တို့တောင်းဆိုထားတဲ့အတိုင်း ဖြစ်မလာရင် ပြန်လာဖို့အခက်အခဲရှိနိုင်တယ်"

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သဘောထားတွေ မေးမြန်းတာ တွေဆုံဆွေးနွေးတာတွေမရှိ ဘဲ ဘာတွေဆောင်ရွက်ထားလည်းဆိုတာ ပွင့်လင်းမြင်သာစွာ ချပြတာမရှိဘူးလို့ ဒုက္ခသည်တွေက ပြောပါ တယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့် ဒုက္ခသည်တွေ နေထိုင်နိုင်ဖို့အတွက် မောင်တောခရိုင် လှဖိုးခေါင်စခန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းထားတဲ့ ဖြုတ်လို့တပ်လို့ရတဲ့ အိမ် အလုံးရေ ၁၁၀၀ ရောက်ရှိထား ပြီးလက် ရှိမှာ အိမ်အလုံး ၁၉၀ တပ်ဆင်ပြီး နေထိုင်နိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန အဆောက်အဦးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်က ပြောပါတယ်။

တရုတ်က တပ်လို့ဖြုတ်လို့ရတဲ့ နေအိမ် အလုံး တစ်သောင်းကျော် လှူဒါန်းပေးသွားဖို့ရှိပြီး လက်ရှိရောက်ရှိ ထား တဲ့ ထဲက မတပ်ဆင်ရသေးတဲ့ အိမ်အလုံးရေ ၉၁၀ ကိုလည်း တပ်ဆင်နေရာချတာတွေဆက်ပြီးဆောင် ရွက်မှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်က ပြောပါတယ်။

အိမ်တစ်လုံးရဲ့ အကျယ်က ၁၀ ပေ ၊ ပေ ၂၀ ရှိကာ မိသားစုတစ်စု နေထိုင်လို့ရပြီး လိုအပ်တဲ့ ရေတွင်းတွေ သန့်စင်ခန်းတွေပါ ဆောင်ရွက်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပြန်လည်လက်ခံရေး ဆောင်ရွက်တာ သုံးနှစ်ရှိပြီဖြစ်ပေမယ့် ဒုက္ခသည်တွေ သဘောထားမေးမြန်းတာ မရှိတာကြောင့် ပြန်လက်ခံဖို့ မြန်မာအစိုးရမှာ ဆန္ဒမရှိဘူးလို့ ကုတုပါလောင် အမှတ်(၇) ဒုက္ခသည်စခန်းက ဦးအောင်မြိုင်က ပြောပါတယ်။

"ခေါ်ဖို့ဆန္ဒရှိရင် ကျနော်တို့နဲ့တွေ့ဆုံပါ ညှိနှိုင်းပါ၊ စခန်းအလိုက်ကွင်းဆင်းပြီးတော့ ကိုယ့်လူတွေ ဘယ်လိုရှိ တယ်ဆိုတာ မေးရမှာ၊ ဘာလုပ်ပေးရမလဲဆိုတာ မေးရမှာ၊ သူတို့ကလာလို့ရှိရင်လည်း သူတို့ဆောင်ရွက် ထား ရှိတာတွေကို ရှင်းလင်းဖို့လာတာ၊ သဘောထားတွေ ကောက်ယူဖို့လာတာမဟုတ်ဘူး"

ရခိုင်ဒုက္ခသည်စခန်းတွေနဲ့ ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ ရိုဟင်ဂျာတွေမှာတောင် နိုင်ငံသားအခွင့် အ ရေး တွေမရတာကြောင့် ဘင်္ဂလားဒေ့ရ်ှမှာရှိတဲ့ လူတွေပြန်လာရေးဟာ ခက်ခဲအုန်းမယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးမယ်ဆိုရင် ဘင်္ဂလားဒေ့ရ်ှမှာ ရှိတဲ့ ရိုဟင်ဂျာတွေဟာ ခေါ်စရာမလိုဘဲ ပြန်လာကြမှာလို့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်လည်းဖြစ် ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မွတ်စ္စလင်တွေဟာ အခွင့်ရေးတွေဆုံးရှုံးနေပြီး သူတို့ကို အရင် လုပ်ပေးသင့်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။

"အဓိကတော့ သူတို့လူသားအဖြစ်ရပ်တည်ရေး သူတို့ဘယ်သူလဲဆိုတာပေါ့ ဒီနိုင်ငံမှာနေ ဒီနိုင်ငံမှာပဲမွေး ဘိုးဘွားဘီဘင်နေခဲ့ပြီးတော့မှ သူတို့ဟာ ခုထက်ထိ ဘယ်နိုင်ငံသားမှန်းမသိသေးတဲ့ NVC ကိုင်ရမယ် ဆို တာ အင်မတန်ဆိုးရွားတဲ့ကိစ္စတစ်ခုပါ၊ NVC ဆိုတာ ဘယ်နိုင်ငံသားမှန်းမသိသေးဘူး မြန်မာမြေပေါ်ရောက် နေတဲ့သူတွေ ကိုင်ရမယ့်ကိစ္စပါ၊ သူတို့က မိဘဘိုးဘွားကတည်းက ဒီနေရမှာနေလာကြတာလေ၊ စာရွက် စာ တမ်းတွေကလည်း လဝကရုံးတွေမှာရှိတယ်၊ အဲလိုလွယ်လွယ်ကူကူ လုပ်လို့ရတာလေးတွေ အရင် လုပ် ပေး တာပေါ့ဗျာ"

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို နှစ်နိုင်ငံသဘောတူစာချုပ်အတိုင်း ဆောင်ရွက်နေကြောင်း နဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားသူဟုတ်၊ မဟုတ်စိစစ်ပြီး ပြန်လည်လက်ခံနိုင်မယ့်စာရင်းကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ပြန်လည်ပေးပို့ထားတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို နှစ်နိုင်ငံသဘောတူ စာချုပ်အတိုင်း ဆောင်ရွက်နေကြောင်းနဲ့ ထွက်ပြေးသွားတဲ့ လူ တွေထဲက ပြန်ဖို့ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က စာရင်းပိုထားပြီး ဒီလူတွေကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် ပြန် စိစစ်ပြီး ပြန်ပို့ထားတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေပြန်လည်လက်ခံရေးမှာ လက်တွေ့ဆောင်ရွက်တာမရှိဘဲ နိုင်ငံတကာ ဖိအားလျောကျရုံသာ ဆောင်ရွက်နေတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်း မွန်းက ပြောပါတယ်။

"လူတသန်းလောက်ကို ပြန်ခေါ်နိုင်တဲ့ အရည်အချင်းမရှိဘူး၊ ကောင်းမွန်တဲ့အစီအမံတွေ လုပ်ထားတာမရှိ ဘူး၊ သူတို့ကပြန်ခေါ်ချင်တယ်ဆိုတာဘဲ ပြောနေပြီးတော့ နိုင်ငံတကာရဲ့ဖိအားတွေ လျော့သွားအောင် လုပ် တာ၊ ဒီလူတွေငါတို့ပြန်ခေါ်မှာပဲ၊ ဒီလူတွေပြန်ခေါ်ဖို့စီစဉ်ထားတယ်ဆိုတာ လုပ်ပြချင်းအားဖြင့် နိုင်ငံတကာ ကနေ အစိုးရနဲ့စစ်တပ်အပေါ် ကျနေတဲ့ဖိအားတွေလျော့သွားဖို့ ရည်မှန်းထားတာ၊ တကယ်တမ်း ပြန်ခေါ် နိုင်တဲ့ အရည်အချင်းရှိလားဆိုတော့ မရှိဘူး"

မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင် ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင် ၇ သိန်းကျော်ရှိပြီး အဲအထဲက နည်းလမ်းအမျိုးမျိုးနဲ့ မောင်တောဒေ သကို ပြန်ဝင်လာကြတာတွေက အခုဆိုရင် ၇၀၀ ဝန်းကျင်လောက်ထိရှိတယ်လို့ မောင်တောခရိုင် အုပ်ချုပ် ရေးမှူးက ပြောထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */