" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Wednesday, June 26, 2024

၁၉၆၄ ၏ ဂန္ဓဝင်မြောက် ဖြစ်ရပ်များ

Famous Myanmar Muslim

လွတ်လပ်ရေးခရီးတထောက် ( ဗိုလ်ဗလ-ရဲဘော်သုံးကျိပ် ) ပထမတွဲ

ရမ္မာဝတီမြို့ဝန် ၁၇၆၂- ၁၈၂၂ ( ဆရာကြီးဦးနု )

ကျောင်းသုံးမြန်မာရာဇဝင် ( ဦးဘသန်း )

ဆီးနိတ် အမေရိကန် အထက်လွှတ်တော်

ရန်ကုန်တက္ကသိုလ်သမိုင်း (၁၉၂၀ - ၁၉၉၅ )

မောင်တောက စားနပ်ရိက္ခာဂိုဒေါင်ရုံ မီးရှို့၊ဖောက်ထွင်းခံရမှုကို WFP ရှုတ်ချ

BBC
2024.06.25 

မြန်မာက ငွေကြေးချို့တဲ့နွမ်းပါးတဲ့ ဒေသခံတွေကို WFP ဆန်ထောက်ပံ့ပေးနေတဲ့မြင်ကွင်း (ပုံဟောင်း)

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ စားနပ်ရိက္ခာဂိုဒေါင်ရုံ ဇွန် ၂၂ ရက်က ဖောက်ထွင်း၊ မီးရှို့ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ WFP က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

Tuesday, June 25, 2024

မောင်တောက ရိုဟင်ဂျာတစ်သောင်းကျော် အကူအညီလိုအပ်

RFA
RFA Burmese
2024.06.25

မောင်တောမြို့တွင် အုန်းသီးရည်ကို တွန်းလှည်းနှင့်လှည့်ရောင်းနေသည့် ရိုဟင်ဂျာလူငယ်တချို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ RFA

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ဘေးဒုက္ခသည် ရိုဟင်ဂျာတစ်သောင်းကျော်အတွက် အစားအစာနဲ့ ဆေးဝါးကုသဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

Sunday, June 23, 2024

Cox's Bazzar က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီတိုး

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၂ ဇွန်၊ ၂၀၂၄ 

ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ ဗုဒ္ဓဟူးနေ့က ရေကြီးမြေပြိုမှုဒဏ် ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၈,၀၀၀ လောက်အတွက် အထောက်အကူပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး UNHCR က လုပ်ဆောင်နေကြောင်း ကုလ အတွင်းရေးမှုးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Farhan Haq က သောကြာနေ့ ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Saturday, June 22, 2024

ရိုဟင်ဂျာတွေကို ထပ်မံလက်ခံမှာမဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တာဝန်ခံပြော

RFA
RFA Burmese
2024.06.22 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ်။ AFP

မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ နောက်ထပ် ရိုဟင်ဂျာတွေကို လက်ခံတော့မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်နာ Mizanur Rahman က ဇွန်လ ၂၂ ရက်နေ့က ပြောလိုက်ပါတယ်။

အထင်သေးခံဘဝကနေ ရခိုင်ပြည်ကို သိမ်းပိုက်တော့မည့် AA

WESTERN NEWS
May 13, 2024
ဇော်ထွန်း (မြောက်ဦး)_ရေးသားသည်။

အာရက္ခအမျိုးသားရေးဝါဒ (Arakha Nationalism)၊ ဒီမိုကရေစီ (Democracy) နှင့် မာရက်တိုကရေစီ (Meritocracy) တို့ကို နိုင်ငံရေးယုံကြည်ချက်များအဖြစ် ပိုမိုနှစ်ခြိုက်သော အာရက္ခတပ်တော်သည် “ဝထက် မနိမ့်သော ကွန်ဖက်ဒရိတ်အဆင့်အတန်းကို ရလိုသည်” ဟူ၍ တရားဝင်ထုတ်ဖော်ပြောဆိုကာ တော်လှန်ရေး ဆင်နွှဲလျက်ရှိနေသည်။ ရက္ခိုင်တပ်မတော်မှ ရက္ခိုင့်တပ်တော်၊ အာရက္ခတပ်တော် (Arakan Army-AA) စသဖြင့် ပြောင်းလဲလာခဲ့ပြီး ကျဉ်းမြောင်းသည့် အမျိုးသားရေးအမြင်များမှသည် အားလုံးပါဝင်သော (သို့မဟုတ်) နိုင်ငံနှင့်ထိုက်တန်သော အမျိုးသားရေးအမြင်များသို့ တစ်စစကူးပြောင်းလျက် ဘုံအမျိုးသားလုံခြုံရေးတပ်နှင့် ဘုံအမျိုး သားအမှတ်သညာများကို တည်ဆောက်လျက်ရှိနေသည်ဟု နားလည်ရသည်။  

ဘင်္ဂလားဒေ့ရှ်ကိုထိလာရင် လက်တုံ့ပြန်မယ်လို့ ပြည်ထဲရေးဝန်ကြီး သတိပေး

RFA
RFA Burmese
2024.06.21 

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန် ခန်း ကာမဲလ်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ Bangla Tribune

ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို မတိုက်ကြဖို့ မြန်မာစစ်တပ်ကိုရော ရက္ခိုင့်တပ်တော် AA ကိုပါ သတိပေးထားပြီး၊ ဖြစ်လာမယ်ဆိုရင် လက်တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန် ခန်းကာ မဲလ် (Asaduzzaman Khan Kamal) က မနေ့ကပြောတဲ့အကြောင်း ဒါကာထရီဗြွန်းသတင်းမှာ ဖော်ပြထားပါတယ်။

စစ်ဘေးသင့် ပြည်သူများနှင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူရို ၁၅ သန်း EU ထပ်တိုး ထောက်ပံ့

Khit Thit Media
ရန်ကုန်၊ ဇွန် ၂၁

ဥရောပသမဂ္ဂ EU သည် စစ်ဘေးသင့် ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ဘေးသင့် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ယူရို ၁၅ သန်း ထပ်တိုးကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

Friday, June 21, 2024

ဘင်္ဂလားဒေ့ရှ် မိုးသည်း မြေပြိုမှု ရိုဟင်ဂျာတွေအပါအဝင် အနည်းဆုံး ၁၀ ဦးသေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၀ ဇွန်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ပြိုကျသွားတဲ့ မြေနေရာကို တာလပတ်စနဲ့ အုပ်ထားတာတွေ့ရစဉ် (ဇွန် ၁၉၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ မနေ့ ဇွန်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၈ ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။​ ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်တဲ့ Cox’s Bazar အနီးဝန်းကျင်က နေရာ ၄ ခုမှာ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက မြေပြိုမှုတွေဖြစ်ခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ ဘင်္ဂလားဒေ့ရှ်အကြီးအကဲ Mohammad Shamsud Douza က ပြောပါတယ်။ သေဆုံးသူတွေထဲ က လေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။​

အင်ဒိုနီးရှားမှာ ရိုဟင်ဂျာဒုက္ခသည်ဦးရေ တိုးလာနေ

NHK World
June 20' 2024

ကြာသပတေးနေ့ဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မကြာခင်လတွေအတွင်း ကမ်းခြေတွေကနေ ခိုးဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက် တိုးလာနေခဲ့ပါတယ်။

ရိုဟင်ဂျာ မွတ်စလင်တွေကို ပိုပြီးပံ့ပိုးပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ သူတို့ဟာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါတယ်။

Thursday, June 20, 2024

ရိုဟင်ဂျာတွေ အမြန်ဆုံး နေရပ်ပြန်ခေါ်ဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ ပြော

RFA
RFA Burmese
2024.06.19 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP Photo

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေကို အမြန်ဆုံး နေရပ်ပြန်ခေါ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာအရေးပြေလည်ဖို့ တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့လိုအပ်

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၀ ဇွန်၊ ၂၀၂၄ 

ဗွီအိုအေနဲ့ သီးသန့် ဆက်သွယ်မေးမြန်းမှုအတွင်းတွေ့ရတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် တတိုင်းပြည်လုံး ရင် ဆိုင်နေရတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု အကျပ်အတည်းတွေကို အရင် ဖြေရှင်းပြီး၊ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လိုတဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ဗွီအိုအေနဲ့ သီးသန့် ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။ 

ရခိုင်မှာ လုံခြုံစွာနေနိုင်မယ့်နယ်မြေ သတ်မှတ်ပေးဖို့ ရိုဟင်ဂျာတွေ တောင်းဆို

RFA
RFA Burmese
2024.06.20 

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင်ရှိသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာနေနိုင်မယ့် နယ်မြေသတ်မှတ်ပေးဖို့ အပါအဝင် အချက် လေးချက်ကို ရိုဟင်ဂျာလူငယ်အဖွဲ့ ခြောက်ဖွဲ့က ဇွန်လ ၂၀ ရက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ယူရို ၁၅ သန်း EU ထပ်တိုးကူညီ

RFA
RFA Burmese
2024.06.20 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် အကူအညီတွေ လိုအပ်နေတဲ့ ဒုက္ခသည်တွေနဲ့ နိုင်ငံပြင်ပ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ယူရို ၁၅ သန်း ထပ်မံ ကူညီထောက်ပံ့ပေးသွားမယ်လို့ ဥရောပသမဂ္ဂ (EU) က ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။