Friday, June 21, 2024

ဘင်္ဂလားဒေ့ရှ် မိုးသည်း မြေပြိုမှု ရိုဟင်ဂျာတွေအပါအဝင် အနည်းဆုံး ၁၀ ဦးသေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၀ ဇွန်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ပြိုကျသွားတဲ့ မြေနေရာကို တာလပတ်စနဲ့ အုပ်ထားတာတွေ့ရစဉ် (ဇွန် ၁၉၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ မနေ့ ဇွန်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၈ ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။​ ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်တဲ့ Cox’s Bazar အနီးဝန်းကျင်က နေရာ ၄ ခုမှာ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက မြေပြိုမှုတွေဖြစ်ခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ ဘင်္ဂလားဒေ့ရှ်အကြီးအကဲ Mohammad Shamsud Douza က ပြောပါတယ်။ သေဆုံးသူတွေထဲ က လေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။​

၂၀၁၇ ခုနှစ်အတွင်း မြန်မာ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် နှစ်နိုင်ငံနယ်စပ် Cox’s Bazar ဒေသကို ရိုဟင်ဂျာ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးလာခဲ့ကြတာမှာ အခုဆိုရင် စခန်းတွေအတွင်းမှာရှိနေတဲ့ ဒုက္ခသည်အရေအတွက်ဟာ တသန်းဝန်းကျင်လောက် ရှိတယ်လို့ ဆိုပါတယ်။​ ဒီဒေသမှာ နောက်ထပ် ရက်အနည်းငယ် မိုးသည်းထန်စွာ ရွာသွန်းဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးဇလ ဌာနက ခန့်မှန်းထားပါတယ်။​
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း မြေပြိုကျမှုကို လာရောက်ကြည့်ရှုနေသူများ (ဇွန် ၁၉၊ ၂၀၂၄)

ဒုက္ခသည်အများစုဟာ ယာယီတဲထိုးပြီး နေကြရတာကြောင့် အခုလို ရာသီဥတုဆိုးရွားမှုက သူတို့အ တွက် အန္တ ရာယ် ပိုများစေတယ်လို့ ဆိုပါတယ်။​ ပြီးခဲ့တဲ့လအတွင်း နိုင်ငံ အရှေ့မြောက်ပိုင်းကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကနေ ပြန်နာလန်ထူဖို့ ကြိုးစားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အခုတခါထပ်ပြီး မိုးသည်း မြေပြိုမှုတွေနဲ့ ထပ်မံ ရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။​

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */