ကြာသပတေးနေ့ဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မကြာခင်လတွေအတွင်း ကမ်းခြေတွေကနေ ခိုးဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက် တိုးလာနေခဲ့ပါတယ်။
ရိုဟင်ဂျာ မွတ်စလင်တွေကို ပိုပြီးပံ့ပိုးပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ သူတို့ဟာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါတယ်။

ရိုဟင်ဂျာ အများအပြားဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။ စခန်းတွင်း အခြေအနေတွေက ပိုပိုပြီး လုံခြုံမှုမရှိတော့ပေမဲ့ မြန်မာစစ်တပ်နဲ့ လူမျိုးစုလက် နက်ကိုင်တွေအကြား တိုက်ခိုက်မှုတွေကြောင့် သူတို့အနေနဲ့ မြန်မာနိုင်ငံကို မပြန်နိုင်ကြပါဘူး။
အဲဒီလို နောက်ခံအနေအထားတွေကြောင့် ပိတ်မိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မှောင်ခိုသမားတွေ ရဲ့ စက်လှေတွေနဲ့ အင်ဒိုနီးရှားနိုင်ငံကို ထွက်ပြေးနေကြပါတယ်။
မေလအထိ ၆ လတာကာလအတွင်း အင်ဒိုနီးရှားနိုင်ငံကို ဒုက္ခသည် ၂,၀၂၆ ဦး ရောက်ရှိခဲ့တယ်လို့ ကုလ သမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အာချေးပြည်နယ်က ဒုက္ခသည် စခန်းတစ်ခုမှာ ရိုဟင်ဂျာဒုက္ခသည် ၂၅၀ လောက် ခိုလှုံနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ကိုယ်စားလှယ် Ann Maymann က လိုအပ်ချက်တွေက ကြီးမားတာကြောင့် UNHCR အနေနဲ့ အထောက်အပံ့တွေကို အမြဲရှာဖွေနေတယ်လို့ NHK ကို ပြောကြားခဲ့ပါတယ်။

No comments:
Post a Comment